• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့သွင်းကုန် တားမြစ်မှု ဆီးနိတ်ကော်မတီက သက်တမ်းတိုးလို

by ဧရာဝတီ
19 July 2012
in စီးပွားရေး
A A
မြန်မာ့သွင်းကုန် တားမြစ်မှု ဆီးနိတ်ကော်မတီက သက်တမ်းတိုးလို

သွင်းကုန် တားမြစ်မှု ဥပဒေ အသက် မဝင်ခင် ၂၀၀၂ ခုနှစ်အထိ အမေရိကန်သို့ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၃၅၆.၄ သန်း တန်ဖိုး ရှိ အဝတ်အထည်နှင့် ကုန်ပစ္စည်းများ တင်သွင်းခဲ့သည် (ဓာတ်ပုံ - Reuters)

2.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းခြင်းကို တားမြစ်သည့် အရေးယူမှု နောက်ထပ် သက်တမ်း ၃ နှစ် ထပ်တိုးရန် ဆန္ဒမဲပေးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက် ဆက်လက် ဖိအားပေးသည့်အနေဖြင့် ဥပဒေအရ ဆက်လက်ထားရှိသော သဘောဖြစ်ကြောင်း အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
781
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

မြန်မာ့သွင်းကုန်များ ကန့်သတ်မှုကို ၂၀၀၃ ခုနှစ်က ပထမဆုံးအကြိမ် ဥပဒေပြု ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုလကုန်တွင် အဆိုပါ ဥပဒေသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ယခုကဲ့သို့ သက်တမ်းတိုးရန် လုပ်ဆောင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အပြုသဘော ခြေလှမ်းများ လှမ်းလာသည့်အတွက် အသိအမှတ်ပြုသည့်အနေဖြင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုတချို့ကို ဖယ်ရှားရန် သို့မဟုတ် ယာယီ ဆိုင်းငံ့ထားရန် အိမ်ဖြူတော်၏ လုပ်ပိုင်ခွင့်ဖြင့် ချမှတ်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ယင်းသွင်းကုန် တားမြစ်မှုအပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်း၊ ပတ္တမြား အစရှိသည့် ရတနာ ပစ္စည်းတို့ကို တခြား တိုင်းပြည်များမှ တဆင့် တင်သွင်းလာခြင်းတို့ကိုပါ ၂၀၀၈ ခုနှစ်က ထပ်မံ တိုးချဲ့ ပိတ်ပင်အရေးယူခဲ့သည်။

အမေရိကန် အထက်နှင့် အောက်လွှတ်တော် ၂ ရပ်စလုံးက ဥပဒေ ဆက်လက် အသက်ဝင် နေစေရေးအတွက် တားမြစ် ဥပဒေ သက်တမ်းမကုန်မီ ယခုလအတွင်း အဆိုကြမ်းကို အတည်ပြုပေး နိုင်မည်ဟု ယခု သွင်းကုန် တားမြစ်မှုကို ထောက်ခံသူများက မျှော်လင့်နေကြသည်။

သွင်းကုန် တားမြစ်မှု ဥပဒေ အသက် မဝင်ခင် ၂၀၀၂ ခုနှစ်အထိ အမေရိကန်သို့ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၃၅၆.၄ သန်း တန်ဖိုး ရှိ အဝတ်အထည်နှင့် ကုန်ပစ္စည်းများ တင်သွင်းခဲ့၊ ၂၀၀၃ ခုနှစ်တွင် မြန်မာမှ အမေရိကန်သို့ သွင်းကုန် တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂၇၅.၇ သန်းအထိ ကျဆင်းသွားခဲ့ပြီး ထိုနှစ်မှ အစပြု၍ ယခုတိုင် သွင်းကုန် မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်နှင့် ဝန်ဆောင်မှုများ လုပ်ပေးနိုင်ရန်အတွက် သမ္မတ အိုဘားမား အစိုးရက လွန်ခဲ့သည့် ရက်သတ္တပတ်က တချို့သော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို  ဖြေလျှော့ပေးခဲ့သည်။

လွန်ခဲ့သည့် သတင်းပတ်ကလည်း ကမ္ဘောဒီးယားနိုင်ငံ Siem Reap တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က ရာစု နှစ်ဝက်ခန့် စစ်တပ်က အုပ်ချုပ်လာခဲ့သော မြန်မာနိုင်ငံကို ပိုမိုပွင့်လင်းလာစေရေး ပြုပြင် ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းအားပေးခဲ့သည်။

မကြာသေးမီက နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက အမေရိကန် ပြည်ထောင်စုမှ စီးပွားရေးဒဏ်ခတ်မှု သက်တမ်း နောက်ထပ် ၃ နှစ် တိုးတော့မည်ကို စိုးရိမ်သည့်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းသော စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပေးရေး အရေးပေါ် အဆိုတင်သွင်းမှုကို လက်ခံဆွေးနွေးခဲ့သေးသည်။

သူရ ဦးရွှေမန်းက ဆွေးနွေးရာတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုသည် အဓိက အဟန့်အတားဖြစ်နေကြောင်း၊ ထိုပိတ်ဆို့မှုကြောင့် ငွေကြေး စီးဆင်းလွှဲပြောင်းရေးနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ မြန်မာနိုင်ငံတွင်သို့ လာရောက်ရန် အဟန့်အတား ဖြစ်နေကြောင်းပြောဆိုခဲ့သည်။

ထိုနေ့ လွှတ်တော်ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ အဖက်ဖက်က ဆင်းရဲ နိမ့်ကျနေရသည့် အကြောင်းအရင်းမှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုကြောင့်ဟု ပြောဆိုခဲ့ကြသည်။

ဝေဖန်ထောက်ပြသူများကမူ မြန်မာနိုင်ငံ အဖက်ဖက်မှ ဆင်းရဲနိမ့်ကျရခြင်းမှာ မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ အဂတိ လိုက်စားမှု ကြီးမားခြင်းတို့ကြောင့်ဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ပြီး တခြားနိုင်ငံများက အရေးယူခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နိုင်ငံရေး ဖိနှိပ်မှုများနှင့် အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ယခင် စစ်အစိုးရ အဆက်ဆက်က မတရား ပြုကျင့်မှုများကြောင့်ဖြစ်ကြောင်း ပြောဆိုကြသည်။

Your Thoughts …
Tags: Sanction
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.5k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်မှု ထိရောက်နိုင်ပါဦးမလား

by အဲရစ်ကာ ကင်နက်ဇ် နှင့် မက်သယူး ပန်နင်တန်
23 May 2013
3.8k

လူ့အခွင့်အရေး ဆောင်ရွက်သူများကမူ အိုဘားမားအစိုးရသည် ပြုပြင်ပြောင်းလဲရေးသမား ဦးသိန်းစိန်၏ အစိုးရအပေါ် လိုက်လျောမှုများက အလျင်စလိုနိုင်လွန်းသည်ဟု စွပ်စွဲကြသည်။

Next Post
ကချင် ငြိမ်းချမ်းရေး နှောင့်နှေးရခြင်း တရုတ်နှင့် မဆိုင်ဟုဆို

ကချင် ငြိမ်းချမ်းရေး နှောင့်နှေးရခြင်း တရုတ်နှင့် မဆိုင်ဟုဆို

Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate