• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည်

by ဧရာဝတီ
23 July 2012
in စီးပွားရေး
A A
မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည်

ယနေ့ မြန်မာစတော့ဈေးကွက် မြင်ကွင်း (ဓာတ်ပုံ- Reuters)

5.8k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာ ကျောရိုးစနစ်တခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှပ်နှံသွားမည်ဟု ရိုက်တာသတင်းတရပ်၌ ဖော်ပြထားသည်။

ယင်းအစီအစဉ်သည် နည်းပညာ အခြေခံအဆောက်အအုံပိုင်းတွင် ချွတ်ခြုံကျလှသည့် မြန်မာနိုင်ငံအား အပြိုင်အဆိုင် အနေအထားသို့ ရောက်စေလိမ့်မည်ဟု အဆိုပါသတင်းက ဆိုသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
730
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

မြန်မာနိုင်ငံတွင် ကွန်ပျူတာကွန်ရက် တည်ဆောက်ရန်အတွက် အစီအစဉ်များ ရေးဆွဲရန် DSG အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် ကုန်ကျမှုများအတွက်လည်း ဂျပန်အစိုးရထံမှ အကူအညီ ရယူလျှက်ရှိကြောင်း DSG ၏ အမှုဆောင်အရာရှိတဦးက ပြောသည်။

DSG သည် မြန်မာအစိုးရနှင့် ရေရှည် အချိတ်အဆက်များရှိခဲ့ပြီး မြန်မာပြည်တွင် စတော့အိတ်ချိန်းတခု ကူညီထူထောင်ပေးရန် ရွေးချယ်ထားသော ကော်ပိုရေးရှင်းလည်း ဖြစ်သည်။

ရိုက်တာနှင့် တွေ့ဆုံမေးမြန်းတခုတွင် ဒိုင်ဝါ သုတေသန အင်စတီကျု (Daiwa Institute of Research) ဥက္ကဋ္ဌ တာကာရှီ ဖူကိုင် (Takashi Fukai) က ပါနာဆိုးနစ် (Panasonic)၊ တိုရှီဘာ (Toshiba)၊ ဟိတချိ (Hitachi)၊ NEC နှင့် KDDI ကော်ပိုရေးရှင်းများကလည်း ဤစီမံကိန်းတွင် ပူးပေါင်းပါဝင်၍ နည်းပညာနှင့် ဝန်ဆောင်မှုများပေးရန် စိတ်ဝင်စားမှုပြခဲ့သည်ဟု ဆိုသည်။

“ဂျပန်တွေချည်းလုပ်မယ့် အစီအစဉ်ပေါ့” ဟု တာကာရှီ ဖူကိုင်က ဆိုသည်။ သို့ရာတွင် ယင်းစီမံကိန်းတွင် DSG နှင့် ပူးပေါင်း ဆောင်ရွက်ရန် အလားအလားရှိသည့် အဆိုပါ ကော်ပိုရေးရှင်းများကမူ ၎င်းတို့ အစီအစဉ်များနှင့်ပတ်သက်၍ တစုံ တရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုကြသည်။

DSG ၏ အစီအစဉ်အရ မြန်မာနိုင်ငံရှိ အစိုးရဝန်ကြီးဌာနများ အပါအဝင် ကျောင်းများ၊ ဆေးရုံများအားလုံးသည် Cloud Computing System အောက်တွင် အပြန်အလှန် အချိတ်အဆက် ရှိသွားကြမည်ဖြစ်သည်။ လျှပ်စစ်စွမ်းအားနှင့် ကွန်ရက်အင်ဂျင်နီယာများ လုံလောက်မှုမရှိသော မြန်မာနိုင်ငံတွင် ဤစနစ်သည် ပုံမှန်လုပ်ရိုးလုပ်စဉ် ဆာဗာအခြေပြုစနစ်ထက် ပို၍ အကုန်အကျ သက်သာပြီး ဆက်သွယ်ရာတွင် ပိုမိုလျင်မြန်သော ရွေးချယ်စရာ အခြားနည်းလမ်းတခုဖြစ်သည်။

ယန်း ၃၀ ဘီလီယံ (ဒေါ်လာ ၃၈၄ မီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသော ကွန်ပျူတာစနစ်အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဗဟိုဘဏ်ဌာနခွဲများတွင် စတင်တည်ဆောက်သွားမည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းတခု ထူထောင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုကျို စတော့အိတ်ချိန်း (Tokyo Stock Exchange – TSE) တို့ ပြီးခဲ့သည့် မေလကုန်၌ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သဖြင့် ဤ ဒေါ်လာ သန်း ၃၈၀ ရင်းနှီး မြှုပ်နှံမှုကြောင့် DSG အနေနှင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အဓိက ဆက်သွယ်ရာလမ်းကြောင်း ဖြစ်လာရေးတွင် ပို၍  အထောက်အကူဖြစ်စေလိမ့်မည်။ ယင်း စတော့အိတ်ချိန်းစီမံချက်တွင် DSG နှင့် TSE တို့သည် အကျိုးတူစီးပွားဖက်များ ဖြစ်ကြသည်။

ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency) က ငွေကြေးထောက်ပံ့သည့် ဘဏ်တွင်းလုပ်ငန်းအခြေချစနစ် (Intrabank Settlement System) ဆိုင်ရာ လေ့လာမှုတခုကိုလည်း ဖုဂျစ်စု (Fujitsu) နှင့် NTT Data ကုမ္ပဏီများက စတင်ဆောင်ရွက်လျှက်ရှိသည်။

DSG က အကျိုးတူအဖြစ် ဖက်စပ်ဆောင်ရွက်လျှက်ရှိသော သေးငယ်သည့် စတော့ဈေးကွက်အား လုပ်ငန်းအပြည့်အဝ ပီပီပြင်ပြင်ဆောင်ရွက်နိုင်သည့် အချက်အချာတခုအဖြစ် အသစ်ပြန်လည်ပြု ပြင်ရန် ယန်း ၂ ဘီလီယံခန့် ကုန်ကျလိမ့်မည်ဟု တာကာရှီ ဖူကိုင်က ပြောသည်။

စတော့ဈေးကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား မြန်မာနိုင်ငံသို့ ဆွဲခေါ်ရာတွင် အထောက်အကူ ဖြစ်စေမည့်အပြင် ယင်း စတော့ဈေးကွက်အား ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ထူထောင် လည်ပတ်နိုင်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ထို့ပြင် ယင်းစတော့ဈေးကွက်တွင် ပါဝင်ရန် သဘာဝဓာတ်ငွေ့ကုမ္ပဏီတခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီတခုနှင့် စိုက်ပျိုးရေးလုပ်ငန်း တခုအပါအဝင် မြန်မာ ကုမ္ပဏီ ၂၀ ကျော်အား DSG က ချဉ်းကပ်ခဲ့ပြီးဖြစ်ကြောင်းလည်း တာကာရှီ ဖူကိုင်က ပြောသည်။

ဗီယက်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ် ၂၀၂၀ တွင် ယင်းစတော့ဈေးကွက်၌ ကုမ္ပဏီ ၁၈၀ မှ ၃၀၀ အထိ ရောင်းဝယ်ကြလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ဆက်ပြောသည်။ အကယ်၍ ယင်းစတော့ဈေးကွက်တွင် စာရင်းသွင်းထားသော ကုမ္ပဏီ အရေအတွက် ၃၀၀ ရှိပါက အမြတ်ငွေ ယန်း ၁ ဘီလီယံခန့် ရလိမ့်မည်ဟု ၎င်းက ဆိုသည်။

DSG အနေနှင့်  မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အတွက် ဆော့ဖ်ဝ်ကုမ္ပဏီဖြစ်ပြီး မြန်မာ  ကွန်ပျူတာ အသင်းချုပ် (Myanmar Computer Federation) ဥက္ကဋ္ဌ ဦးသိန်းဦး ပိုင် ACE Data Systems ကုမ္ပဏီနှင့် လာမည့်အောက်တိုဘာလမှစ၍ ဖက်စပ်ကုမ္ပဏီတခု ထူထောင်သွားရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

Your Thoughts …
Tags: Investment
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

by ထက်နိုင်ဇော်
30 July 2013
2.7k

“စီမံကိန်း အကြောင်းပြ သိမ်းထားတဲ့မြေ ဘယ်လောက် များလဲဆိုရင် လူသေရင်မြှုပ်ဖို့ သင်္ချိုင်းကိုတောင် သွားဖို့ လမ်းမရှိတော့ပါဘူး” ဟု ၄င်းဒေသ အခြေအနေကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော် အမတ် ဦးရှုမောင်က...

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

by ခင်ဦးသာ
31 January 2015
2.8k

ဒေသခံ ပြည်သူများ၏ လယ်ယာ မြေများ၊ နွားစာကျက် မြေများ၊ မြေလွတ် မြေရိုင်းများ အတွက် လျော်ကြေး ငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

by ဂျူးဂျူးလှိုင်
3 October 2012
13.9k

“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်”

ဆိုလာ ယဉ်ကျေးမှုနှင့် ဗီဒီယိုကြိုက်သူများ

by ကြယ်ပြာ
17 January 2013
5.6k

အခုဆို ဘာဓာတ်တိုင် ဓာတ်ကြိုးမှ မလိုဘဲနဲ့ကို အဘွားတို့တောတွေမှာ ညဘက်တွေ မီးထွန်းနိုင်ပြီ။ တီဗီကြည့်နိုင်ပြီ

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

by မေစစ်ပိုင်
26 July 2013
2.4k

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု သမ္မတရုံး ပြန်ထောင်စု ဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံ ရှင်းလင်းပွဲ၌ ပြောဆို လိုက်သည်။

တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

တောင်ကိုရီးယား လုပ်ငန်းရှင်များ၏ ကိုယ်ထိလက်ရောက်မှု တိုင်ကြားမည်

by ကြယ်ပြာ
2 October 2012
10.1k

ကိုယ်ထိ လက်ရောက် ရိုက်နှက်ရာမှ ရင်သား ကင်ဆာ ဝေဒနာ ခံစားနေရသည့် အမျိုးသမီးမှာ အတွင်းဒဏ်ရာ ရသွားခဲ့ပြီး မစမ်းသူဇာမှာ ခြေချောင်း တချို့ ကျိုးကျေ သွားခဲ့ကြောင်း သိရသည်။

Next Post
မန်းတောင်ခြေ ဘိုးဘွားရိပ်သာ (ရုပ်/သံ)

မန်းတောင်ခြေ ဘိုးဘွားရိပ်သာ (ရုပ်/သံ)

စရဖ နှိပ်စက်သဖြင့် ဦးဘရန်ရှောင် စိတ်မူမမှန်တော့ဟု ဆို

စရဖ နှိပ်စက်သဖြင့် ဦးဘရန်ရှောင် စိတ်မူမမှန်တော့ဟု ဆို

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate