• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကမ္ဘာ့ဘဏ် ထောက်ပံ့ကြေး ပြန်စပေး

by လင်းသန့်
1 August 2012
in စီးပွားရေး
A A
ကမ္ဘာ့ဘဏ် ထောက်ပံ့ကြေး ပြန်စပေး

ဖွံ့ဖြိုးရေး အစီအစဉ်များဖြစ်သော ကျောင်း၊ လမ်း၊ သောက်သုံး ရေနှင့် အခြား စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်းကို ပေးရန် လျာထားကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည် (ဓာတ်ပုံ- Reuters)

2.9k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ပြုပြင်ပြောင်းလဲရေးကို အားပေးသည့်အနေဖြင့် ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group) က မြန်မာနိုင်ငံတွင် ရုံးခန်းသစ်တခုကို ဖွင့်လှစ်ပြီး ထောက်ပံ့ငွေများ ပြန်လည်ပေးရန် ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာထုတ်ပြန်သည်။

ဖွံ့ဖြိုး ရေး အစီအစဉ်များဖြစ်သော ကျောင်း၊ လမ်း၊ သောက်သုံး ရေနှင့် အခြား စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၈၅ သန်းကို ပေးရန် လျာထားကြောင်း ကမ္ဘာ့ဘဏ်၏ ကြေညာချက်ကဆိုသည်။ ထောက်ပံ့ငွေသည် နယ်စပ်ရှိ ပဋိပက္ခဖြစ်နေသော ဒေသရှိ စီမံကိန်းများမှသည် နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးအစီအစဉ်များထိ အထောက်အပံ့ဖြစ်မည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
1.4k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
722
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
596

ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank Group ) ဆိုသည်မှာ ယေဘုယျအားဖြင့် ဆင်းရဲသည့်နိုင်ငံများကို ကြွေးမြီများ ချေး ငှားပေးနေသည့် နိုင်ငံတကာအဖွဲ့ ၅ ခုပေါင်းထားသည့် အဖွဲ့ဖြစ်သည်။ ယင်းမှာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေး နိုင်ငံတကာ ဘဏ် – International Bank for Reconstruction and Development (IBRD)၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း- International Development Association (IDA)၊ နိုင်ငံတကာ ဘဏ္ဍာငွေကြေး ကော်ပိုရေးရှင်း- International Finance Corporation (IFC)၊ နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှု အာမခံ အေဂျင်စီ- Multilateral Investment Guarantee Agency ( MIGA) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းပေးရေး နိုင်ငံတကာဌာန- International Centre for Settlement of Investment Disputes ( ICSID) တို့ ဖြစ်သည်။

ရုံးခန်းသစ်ဖွင့်လှစ်ရန် မြန်မာပြည်လာရောက်ခဲ့သော ကမ္ဘာ့ဘဏ်အဖွဲ့ ဒု-ဥက္ကဌ မစ္စ ပါမီလာကော့စ်က ထောက်ပံ့ကြေး ပြန်ပေးခြင်းနှင့် ပတ်သက်၍ “မြန်မာဟာ ဒေသတွင်းမှာ အဆင်းရဲ့ဆုံး နိုင်ငံတွေထဲမှာပါဝင်နေတယ်။ ပြည်သူတွေရဲ့ လိုအပ်မှုတွေက အရမ်းမြင့်မား တယ်။ ဒါကြောင့် ကမ္ဘာ့ဘဏ်ကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ပံ့အားပေးဖို့ တွဲဖက်လုပ်ကိုင် သူတွေနဲ့ အကောင်အထည်ဖော်နေပါတယ်။ ဒါမှလည်း ပြည်သူ့ဘဝတွေ တိုးတက်လာမှာပါ။ အထူးသဖြင့်တော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေပေါ့” ဟု ပြောသည်။

ကမ္ဘာ့ဘဏ်အဖွဲ့သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တချို့နှင့်လည်း တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နှင့် ပြန်လည် ချိတ်ဆက်လုပ်ဆောင်နိုင်ရန် နည်းလမ်း ရှာဖွေမှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ခရီးစဉ်မှာ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်လာပြီးနောက် ကမ္ဘာ့ဘဏ် ထိပ်တန်းခေါင်းဆောင်များ၏ ပထမဆုံးလည်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်ကို  ပေးရန်ကျန်နေသော အကြွေး အမေရိကန် ဒေါ်လာ ၃၉၇ သန်း ချေးငွေ စာရင်းရှင်းရန်နှင့် အတိုးနှုန်းမဲ့ ချေးငွေ ပြန်ရရေး ရှေ့နှစ် ဇန်နဝါရီလတွင် ဆက်လက်ဆွေးနွေးမည်ဟု မစ္စ ပါမီလာကော့စ်က ရန်ကုန်ရုံးသစ်ဖွင့်ပွဲတွင် ပြောဆိုသည်။ “ဒီကိစ္စတွေကို ကျမတို့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ပါမီလာကော့စ်က ပြောသည်။

မြန်မာက အာရှဖွံ့ဖြိုးရေးဘဏ်ကို ပေးရန် အကြွေး ဒေါ်လာ သန်း ၅၀၀ နီးပါးရှိသေးသည်။ အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း ရန်ကုန်တွင် ယခု ရုံးခန်း ဖွင့်ထားပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်း ဝန်ထမ်းများကို ဦးဆောင်ရန်အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာအဖြစ် မစ္စတာ ကန်သန်ရှန်ကာကို ခန့်အပ်ခဲ့သည်။ ၎င်းသည် ဂါဇာ၊ အရှေ့တိမော၊ ကိုဆိုဗို စသည့် ပဋိပက္ခနှင့် ပဋိပက္ခလွန် ဒေသများတွင် လုပ်သက် ၁၅ နှစ်ကျော် ရှိသည်။

ထို့အပြင် မစ္စတာ ချားလ်စ်ရှနိုက်ဒါကိုလည်း IFC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံစသည့် အရှေ့တောင်အာရှဒေသတွင် ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ လုပ်သက် ၁၅ နှစ် လုပ်ငန်းအတွေ့ အကြုံ ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ဘဏ် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်လာခဲ့ပြီး ၁၉၈၇ ခုနှစ်ကတည်းက ဘဏ်က ချေးငွေအသစ် မပေးတော့ပေ။ မြန်မာအစိုးရက ကြွေးကျန် ရှိသော်လည်း အဖွဲ့ဝင် အဖြစ် ဆက်လက် ရှိနေဆဲဖြစ်သည်။

Your Thoughts …
Tags: Banking
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

by ရန်ပိုင်
1 April 2013
17.2k

ရိုးရိုးသားသား အပ်တာလား၊ ဖြန့်ချိတာလားဆိုတာ ကွဲပြားဖို့လိုတယ်။ ကျနော့် အတွေ့အကြုံအရ ဖြန့်တဲလူက ဘယ်တော့မှ ဘဏ်မအပ်ဘူး။ ဈေးကွက်ထဲမှာပဲ လည်ပတ်အောင် သုံးတယ်။ အဲဒီတော့ ရိုးရိုးသားသား အပ်တဲ့လူကိုတော့ ဥပဒေဆိုင်ရာ ခြွင်းချက်ရှိဖို့လိုတယ်

Master Card, CB ဘဏ်

မြန်မာနိုင်ငံသားများ Master Card သုံးနိုင်ပြီ

by မေစစ်ပိုင်
9 October 2013
9.8k

Master Card ပြုလုပ်ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်း ထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသားထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက်ရရှိလာသော ဒေါ်လာငွေတန်ဖိုးကို Master...

MoneyGram မှတဆင့် မြန်မာပြည် ငွေလွှဲလို့ ရပြီ

MoneyGram မှတဆင့် မြန်မာပြည် ငွေလွှဲလို့ ရပြီ

by မေခ
29 August 2013
4.5k

MoneyGram မှတဆင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရောက်နေကြသူ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ကြပြီ ဖြစ်သည်။ မြန်မာပြည်တွင် အာရှစိမ်းလန်းဖွံ့ဖြိုးရေး (AGD) ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်တို့တွင် ငွေလက်ခံ ထုတ်ယူနိုင်သည်။

ရိုးမဘဏ် တာဝန်ရှိသူများ ဒီဇင်ဘာ ၃ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်  / Yoma Bank / Facebook

ကျပ်သိန်း ၂ သောင်း အလွဲသုံးစားလုပ်သည့် ရိုးမဘဏ် ဝန်ထမ်း ၂ ဦးကို တရားစွဲ

by မေစိုးစံ
9 December 2016
18.3k

လက်ရှိချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်တရားရုံးက အမှုစတင်စစ်ဆေးခြင်း မပြုမီ တရားခံ ၂ ဦးအား ဆေးစာဖြင့် ဆေးကုသမှုခံယူရန် လိုအပ်ကြောင်း အကြောင်းပြ၍ အာမခံ ပေးထားကြောင်း သိရသည်။

ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ်

ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ်

by လင်းသန့်
13 September 2013
18.2k

အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ပြီး ဘီလျံပေါင်းများစွာ သိမ်းဆည်းထားသည် ဆိုခြင်းမှာ ၂၀၁၂ ခုနှစ်အတွင်း World Bank၊ ADB နှင့် IMF မှ အရာရှိများနှင့် တွေ့ဆုံခဲ့မှုများကို အခြေပြုပြောဆိုခြင်းဟု ပြောသည်။

ဗီဇာကတ်နှင့် မာစတာ ကတ်များ နှစ်မကုန်မီ အသုံးပြုနိုင်မည်

ဗီဇာကတ်နှင့် မာစတာ ကတ်များ နှစ်မကုန်မီ အသုံးပြုနိုင်မည်

by မေရီကို
5 February 2013
33.8k

ဒါ နိုင်ငံတကာ တန်းဝင်သွားနိုင်မယ့် အနေအထားတွေထဲက တခုပါပဲ။ ကိုယ့်နိုင်ငံသား တွေလည်း ကမ္ဘာလှည့်ခရီးသည် ဖြစ်တဲ့အခါ ဒီလို ကမ္ဘာသုံးငွေ အစားထိုး ကတ်စနစ်ကို သုံးလာနိုင်မယ် ဆိုတာကို တကယ် ဝမ်းသာ တယ်”

Next Post
မိုး အားကောင်း၍ ရေကြီးရေလျှံ ကြုံနိုင်သေး

မိုး အားကောင်း၍ ရေကြီးရေလျှံ ကြုံနိုင်သေး

လွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာတော့ မည်လော

လွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာတော့ မည်လော

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

7 days ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate