စီးပွားရေး

CP ကို မြန်မာ့မွေးမြူရေး ယှဉ်နိုင်မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာ့မွေးမြူရေးကဏ္ဍတွင် ထိုင်းနိုင်ငံအခြေစိုက် CP ကုမ္ပဏီက အလုံးအရင်းဖြင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည်ဟု ဆိုသည့်အတွက်  တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းများ ပျောက်ကွယ်သွားမည်ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

CP ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ  အဒိရက် စရီ ပရထပ်က်က ၎င်းတို့ ကုမ္ပဏီသည် ၁၉၉၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် စတင် ရင်းနှီးမြုပ် နှံခဲ့ရာ ယခုဆိုလျှင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ဘိုးခန့် ရင်းနှီးလည်ပတ်လျှက်ရှိကြောင်း၊  နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၅၅၀ခန့် ထပ်မံရင်းနှီးမြုပ်နှံရန် အစီအစဉ်ရှိကြောင်း မကြာသေးမီက သမ္မတဦးသိန်းစိန်၏ ထိုင်းခရီးစဉ်အတွင်းထုတ် ဖော်ပြောဆိုခဲ့သည်။

ယင်း ကုမ္ပဏီသည် ယခင်က ကြက်သားပေါက်နှင့် အစာရောင်းဝယ်ရေးကို ဦးစားပေးလုပ်ကိုင်ခဲ့သည့်အတွက်  ပြည် တွင်း တနိုင်တပိုင်မွေးမြူရေး လုပ်ကိုင်သူများ အဆင်ပြေကြောင်း၊ နောက်ပိုင်း ကြက်မွေးမြူရေးတွင်ပါဝင်လာပြီး အသားထုတ်လုပ်ရေး ဈေး ကွက်အထိ တိုးချဲ့လုပ်ကိုင်လာသည့်အတွက် နည်းပညာနှင့်ငွေကြေးအပိုင်းတွင် ယှဉ်ပြိုင်ရန် မလွယ်ကူတော့ကြောင်း မန္တ လေးမြို့ ရှိ ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်နေသူ ဒေါက်တာ နေသူရိန်ကဆိုသည်။

“သူတို့က ကြက်ပေါက်၊ အစာ၊ ဆေး အကုန်ထုတ်နိုင်တယ်၊ အခုအသားဈေး ကွက်၊ ကြက်ဥဈေး ကွက် ပါဝင်လာပြီဆိုတော့ နောက် နှစ်လောက်ဆို ပြည်တွင်းသမားတွေအကုန်ပြုတ်နိုင်တယ်” ဟု ၎င်းကဆို သည်။

ယခင် စစ်အစိုးရလက်ထက်ကတည်းက ကြက်သားပေါက်တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ကို CP ကုမ္ပဏီကသာ ရရှိပြီး ၎င်းတို့ထံမှ ကြက် သားပေါက်ဝယ်ယူလျှင်  ကြက်စာကိုပါ တွဲဖက်ဝယ်ယူရသည့် စနစ်ကို ကျင့်သုံးထားသည့်အတွက် တခြားသော မွေးမြူရေး အစာ ရောင်းချသူများ အနေဖြင့်လည်း အစာဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ကြောင်း ဒေါက်တာနေသူရိန်က ပြောသည်။

ယခုအခါ CP ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်သာမက ပခုက္ကူ၊ ပြည်၊ မိထ္တီလာ၊ လားရှိုး၊ တောင်ကြီး စသည့် နယ်မြို့ အသီးသီးတွင် ကြက်မွေးမြူရေး လုပ်ကိုင်နေပြီး၊ ပခုက္ကူမြို့တမြို့ထဲတွင်ပင် ကြက်ကောင်ရေ ၂၀၀၀ ဆန့်သည့် ခြံပေါင်း ၈၀ ရှိ ကြောင်း၊ ကြက်စာတွင် ပါဝင်သည့် ပြောင်းဆံကိုလည်း ရှမ်းပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်ကြောင်းသိရသည်။

ကြက်စာဈေးနှုန်းများမှာ ယခင်က ၅၄ပိဿာဝင်တအိတ်လျှင် ပြောင်းဆံတအိတ်လျှင် ၁၈၀၀၀ကျပ်မှ ယခုအခါ ၂၇၅၀၀ကျပ်ရှိပြီး၊ ပဲဖတ်နှင့် နှမ်းဖတ်တပိဿာလျှင် ၇၀၀ကျပ်မှ ယခုအခါ ၉၅၀ကျပ်အထိမြင့်တက်သွားကာ ကြက်သားရောင်းချမှုမှာ တပိဿာလျှင် ၂၇၀၀ကျပ်ဈေး ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ သရဖူ တိရိစ္ဆာန်အစာနှင့် ဆေးဝါးရောင်းဝယ်ရေးမှ ဒေါက်တာကျော်ထင်က ပြည်တွင်းမွေးမြူရေးသမားများသည် ကြက် မွေးမြူခြင်း သက်သက်သာ လုပ်ကိုင်နိုင်ပြီး၊ CP ကုမ္ပဏီကမူ  ကြက်သားပေါက် ထုတ်လုပ်ခြင်းမှ အစ ကုန်ချောထုတ်လုပ်မှု အပါ အဝင် ရောင်းချမှုဈေးကွက်အထိ လုပ်ကိုင်နိုင်သည့် အတွက် မယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကြက်ပေါက်၊ ကြက်စာ နောက်ဆုံးကြက်ဥချောင်းအဆင့်အထိ သူတို့ လုပ်နိုင်တယ်၊ ပြည်တွင်းမွေးမြူရေးသမားကတော့ ဒီအဆင့် ကို မလှမ်းနိုင်ဘူး၊အခုနောက်ပိုင်း အစအဆုံး လုပ်နိုင်မှဖြစ်မယ်၊CP ကတော့လိုအပ်ရင် ကြက်ဆီထမင်း ဆိုင်တောင်ဖွင့်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းမွေးမြူရေးသမားများအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် အတွေ့အကြုံနည်းပါးခြင်းကြောင့် CP ကုမ္ပဏီအား မယှဉ်နိုင်ခြင်း ဖြစ်ကြောင်း၊တဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ ပေါင်းစည်းကာ ယှဉ်ပြိုင်သင့်ကြောင်း၊ ကြက်မွေးမြူရေးတွင် အဓိကဖြစ်သည့် အစာနှင့်ပတ်သက်၍ တွက်ချက်ကျွေးမွေးရန် နည်းပညာပိုင်းတွင် ဓာတ်ခွဲခန်း များဖြင့် သုတေသနပြု ကြံဆရန်လိုကြောင်း၊  အစိုးရအနေဖြင့်လည်း ပြည်တွင်းရှိ တနိုင်တပိုင် မွေးမြူရေး လုပ်ငန်းရှင်များကို ဥပဒေများ ပြဋ္ဌာန်းကာကွယ် ပေးသင့်ကြောင်း ဒေါက်တာကျော် ထင်က ထောက်ပြသည်။

ပြည်တွင်းအသားဈေးကွက်တွင် တရုတ်ပြည်မှ ကြက်သားများ တရားမဝင် ဝင်ရောက်နေခြင်းနှင့် ဘရာဇီးနိုင်ငံမှ ကြက်သားများ တင်သွင်းရန် စီစဉ်နေခြင်းသည်လည်း ပြည်တွင်းလုပ်ငန်း ရှင်များအနေဖြင့် ယှဉ်ပြိုင်ရန် အခက်အခဲရှိကြောင်းသိရသည်။

ပြည်တွင်းမွေးမြူရေး လုပ်ငန်းရှင်များ စုပေါင်းဖွဲ့စည်းထားသည့်  မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဒေါက် တာ ဒေါ်လှလှသိန်းကလည်း CP ကုမ္ပဏီသည် ငွေကြေးနှင့် နည်းပညာပိုင်းတွင် သာလွန်ကြောင်း၊ ပြောင်းလဲလာသောဈေးကွက် စီးပွားရေးနှင့်အညီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုလည်း ပစ်ပယ်၍ မရကြောင်း၊ သို့သော် အစိုးရ အနေဖြင့် ပြည်ပ ရင်းနှီးမြုပ်နှံသူ များအား မွေးမြူရေး ကဏ္ဍတခုလုံးကို ရင်းနှီးမြုပ်နှံခွင့်ပေးခြင်းထက် ကဏ္ဍများခွဲကာ ရင်းနှီးမြုပ်စေလိုကြောင်း ဆိုသည်။

`အရင်တုန်းက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေဆိုတဲ့ ခေါင်းစဉ်တခုထဲကြောင့် CP ကုမ္ပဏီ အခွင့်အရေးရသွားတယ်၊ ဒါကြောင့် ဥပဒေတွေသာ သေချာအသေးစိတ်တိတိကျကျရှိမယ်ဆိုရင် ဘာမှကြောက်စရာမလိုပါဘူး ´ဟု ၎င်းကပြောသည်။

မွေးမြူရေးကဏ္ဍတွင် အစာထုတ်လုပ်ခြင်း၊ မွေးမြူခြင်းနှင့် ပြည်တွင်းဈေးကွက်၊ ပြည်ပဈေးကွက်ဟု ကဏ္ဍလေးခုသတ်မှတ်ပြီး တခု ချင်းစီ၌သာ ပြည်ပလုပ်ငန်းရှင်များကို ရင်းနှီးမြုပ်နှံမှု ပြုလုပ်စေမည်ဆိုပါက  ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် လုပ်သာကိုင် သာရှိမည်ဟု ဒေါက်တာ ဒေါ်လှ လှသိန်းက ထောက်ပြသည်။

လက်ရှိအခြေအနေတွင် CP ကုမ္ပဏီက အစိုးရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက်ရှိ ကြက်၊ နွား၊ ဝက်မွေးမြူရေး ခြံ ၁၉ ခြံကို လွှဲပြောင်းယူတော့မည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading