• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့စပါးကျီ ရေမြုပ်မှုကြောင့် ဆန်ဈေးကွက်ပျက်မည် မဟုတ်

by ခင်သြ
24 August 2012
in စီးပွားရေး
A A
မြန်မာ့စပါးကျီ ရေမြုပ်မှုကြောင့် ဆန်ဈေးကွက်ပျက်မည် မဟုတ်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ရသည့် ဧရာဝတီတိုင်း၊ သာပေါင်းမြို့၊ ရှင်ကြီးပျောက်ကျေးရွာမှ မြင်ကွင်းတခု (ဓာတ်ပုံ - ဖြိုးဝေသာ / ဧရာဝတီ)

2.6k
VIEWS
Share on FacebookShare on Twitter

ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်း ရေကြီးမှုကြောင့် လယ်စိုက်ဧက တသိန်းကျော် ရေအောက် ရောက်သွားသော်လည်း ပြည်တွင်း ဆန်စပါးဈေးကွက်၊ ပြည်ပ ဆန်တင်ပို့မှုတို့ကို ထိခိုက်မည်မဟုတ်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကြာသပတေးနေ့တွင် ပြောလိုက်သည်။

“သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ရေကျတာနဲ့ စပါးပြန်စိုက်နိုင်အောင် ကျနော်တို့ အားလုံးစီစဉ်နေပါတယ်။ အစပိုင်းမှာ ရေနစ်မြုပ်ထားတဲ့ အတွက် နောက် ပြန်စိုက်တဲ့ စပါးကို အလေအလွင့် မရှိအောင် စောင့်ကြည့်ဖို့တော့ လိုပါတယ်” ဟု ဆန်စပါးလုပ်ငန်းအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောလိုက်သည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.2k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.3k

မျိုးစပါး တင်းပေါင်း လေးသောင်းနီးပါးခန့် စုဆောင်းထားပြီးဖြစ်ကာ အရန်ပျိုးစနစ်၊ ပျိုးခင်းများကိုလည်း စီစဉ်ထားသည်ဟု သိရသည်။

“အရံဆန်တွေလည်း ရှိနေပါတယ်။ နောက်ပြီး အထူးပြုကုမ္ပဏီတွေရဲ့သီးခြားပံ့ပိုးမှု အစီအစဉ်တွေလည်း ရှိပါတယ်။ ကျနော်တို့ တောင်သူလယ်သမားတွေ စိတ်ဓာတ် ကျ မသွားဖို့လည်း ကျနော် ပြောချင်ပါတယ်” ဟု ဦးရဲမင်းအောင်က ဆိုသည်။

မျိုးစပါးလိုအပ်ချက်အနေအထားမှာ အမြင့်ဆုံးဖြစ်နေပြီး အတိအကျ ဖော်ထုတ်ရန် ခက်ခဲကြောင်း၊ လိုအပ်သည့် မျိုးစပါး အချိန်မှီ ဖြန့်ဖြူးနိုင်ရန် သတင်းစာများမှ တဆင့် တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးကြီး၊ ရေလွှမ်းမိုးမှုကြောင့် ဧရာဝတီတိုင်းတွင်  ၁၁၅,၇၇၇ ဧက၊ ပဲခူးတိုင်းဒေသကြီးတွင် ၃၈,၇၂၄ ဧက ရေမြှုပ်သွားသည်ဟု ဆန်စပါးအသင်းက ကောက်ယူထားသည့် စာရင်းတွင် ဖော်ပြထားသည်။

ရေမြှုပ်နေသော စပါးခင်းအားလုံး ပျက်စီးသွားမည်မဟုတ်ဟု ပဲခူးတိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးအေးကိုကို က ရှင်းပြသည်။

“စပါးမျိုးက ရေကြီးရေနက်ကွင်းတွေမှာ စိုက်တဲ့ စပါးပါ။ မေလဆန်းကတည်းက စိုက်ပါတယ်။ ခုချိန်မှာ ရက် ၉၀ လောက် ရှိပြီး ၃ ပေ၊ ၄ ပေ လောက်မြင့်နေပါပြီ။ သူ့ သဘောသဘာဝက ရေပေါ်မှာ နှာဖျားလေးလောက် ပေါ်နေရင်ပဲ စပါးပင်က မသေပါဘူး” ဟု ဦးအေးကိုကိုက ပြောသည်။

“အဲဒီလို မျှော်လင့်ချက်တွေရှိသလို မနှစ်က အတွေ့အကြုံအရ ကျနော်တို့မှာ အရံမျိုးတွေလည်း အဆင်သင့် ရှိနေပါတယ်။ ရေကျသွားလို့ သြဂုတ်လကုန် စက်တင်ဘာလဆန်း ပြန်စိုက်နိုင်ရင် ရက် ၉၀၊ ရက် ၁၀၀ ဆိုရင် ထွက်နိုင်ပါပြီ” ဟု သူက ဆက်လက် ရှင်းပြသည်။

ဤအတောအတွင်း နိုင်ငံ၏ စပါးကျီဒေသဟု ခေါ်ဆိုနိုင်သည့် ဧရာဝတီနှင့် ပဲခူးဒေသတို့တွင် ရက်ပေါင်းများစွာ ရေလွှမ်းနေမှုကြောင့်  ဈေးကွက်တွင် ဆန်စပါး ဝယ်ယူသိုလှောင်မှု များလာပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

ယမန်နှစ်က  အလားတူရေလွှမ်းမိုးမှု၊  ဒေါ်လာဈေးကျဆင်းလာမှုတို့ ဖြစ်ပွားခဲ့ရာ လယ်သမားများ အခက်အခဲ မဖြစ်စေရန် အစိုးရ အရန်ဆန် ဝယ်ယူစေခဲ့သည်။

ယခုနှစ်အတွင်း  ဆန်တန်ချိန် တသန်း ပြည်ပတင်ပို့ရန် လျာထားပြီး ပထမဆုံးအနေဖြင့် ဇန်နဝါရီလက တန်ချိန် တသောင်းခွဲ တင်ပို့နိုင်ခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်တန်ချိန် ၁၇ သန်းကျော် ထွက်နှုန်းရှိပြီး ပြည်တွင်း စားသုံးမှုမှာ ၁၁ သန်းမှ ၁၃ သန်းအထိ ရှိကြောင်း သိရသည်။

Your Thoughts …
Tags: Rice
ခင်သြ

ခင်သြ

Contributor

Similar Picks:

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

တန်းမြင့်ဆန်စက်များ ဂျပန်နှင့် ပေါင်းထောင်မည်

by မေခ
13 May 2013
10.2k

နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အနေဖြင့် ဂျပန်ကုမ္ပဏီ မစ်ဆူရီနှင့် ပူးပေါင်းကာ တန်းမြင့်ဆန် တန်ချိန် ၅၀၀၀ ခန့်ကို ယခု ဘဏ္ဍာနှစ်၂၀၁၃ ခုနှစ် ဇွန်မှ စတင်ကာ တင်ပို့ဆောင်ရွက်သွားရန် စီစဉ်ထားသည်။

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

by ဝီလျံဘွတ်
25 August 2012
3.6k

“အစိုးရက ဆယ်စုနှစ်နဲ့ချီပြီး ကျယ်ကျယ်ပြန်ပြန့် ထိန်းချုပ်ထားခဲ့တာမို့ ထိခိုက်နစ်နာခဲ့ရတဲ့ မြန်မာ့ ဆန်စပါးကဏ္ဍ အနေနဲ့ ချေးငွေ၊ ကုန်ကြမ်းနဲ့ သိုလှောင်မှုဆိုင်ရာတွေမှာ တိုးတက်မှုရှိလာအောင် ပိုမိုအားထုတ်ဖို့လိုပါတယ်”

မြန်မာနိုင်ငံဆန်စပါးအသင်း, ရေကြီးရေလျှံ, ရေဘေး

ဆန်တွေ လုံလုံ လောက်လောက် ရှိပါတယ်

by ဧရာဝတီ
7 August 2015
5.9k

ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးနှုန်း မြှင့်လာနိုင်ခြေ ရှိမရှိ နှင့် အရံဆန် ထားရှိမှု၊ မျိုးစပါး အခြေအနေတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကို ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံမေးမြန်းထားသည်

ကရင်ဒေသ စေတနာ ခရီးတခေါက်

ကရင်ဒေသ စေတနာ ခရီးတခေါက်

by မေစစ်ပိုင်
20 February 2013
9.1k

“ဟင်းစား မရှိတာများတော့ ခံတက်ရွက်ကို ပြုတ်စားဖြစ်တာ များတယ်၊ ဒီဒေသမှာ အဓိက လိုတာ ရေနဲ့ ဆန်ပဲ။ အခုမှ ငြိမ်းချမ်းစ ပြုတဲ့ နယ်မြေဆိုတော့ တိုးတက်ဖို့ဆိုတာ ဖြည်းဖြည်း သွားရမယ် ထင်တာပဲ”

ပူတာအိုမှာ သီတဂူဆရာတော် ဆန်လှူ

ပူတာအိုမှာ သီတဂူဆရာတော် ဆန်လှူ

by နန်းသီရိလွင်
2 October 2012
3.8k

သီတဂူ ဆရာတော် အရှင် ဥာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာပြည်ဟာ ကမ္ဘာ့စပါးကျီ တကျော့ပြန် ဖြစ်နိုင်ဦးမလား

စိုက်ပျိုးစရိတ်ချေးငွေ ဖြတ်ယူမှု တိုင်ကြားသူများပြား

by ငြိမ်းချမ်း
21 September 2012
1.6k

“မခံနိုင်တော့လို့ ဘယ်သူက ဘယ်လောက်ဖြတ်တယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ တိုင်သာ တိုင်နေရတာပါ။ မြို့နယ်အဆင့် တာဝန်ရှိသူတွေ ကိုယ်တိုင်က ဘာမှ ဂရုတစိုက် လုပ်ပေးတာ မတွေ့ရသေးဘူး”

Next Post
ရန်ကုန် သတင်းထောက်များ ဆန္ဒပြခွင့် မရ

ရန်ကုန် သတင်းထောက်များ ဆန္ဒပြခွင့် မရ

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၄)

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate