• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ့ပို့ကုန် ပိတ်ဆို့မှု အမေရိကန် ပြန်ဖွင့်မလား

by ဧရာဝတီ
14 September 2012
in စီးပွားရေး
A A
မြန်မာ့ပို့ကုန် ပိတ်ဆို့မှု အမေရိကန် ပြန်ဖွင့်မလား

မြန်မာ့ပို့ကုန် ပိတ်ဆို့မှု ရုတ်သိမ်းလို့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ ပင်လယ်စာနဲ့ တခြား စားသောက်ကုန်တင်ပို့မှု လုပ်ငန်းတွေ အခြေအနေ ပြန်ကောင်းရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများနိုင်တယ် (ဓာတ်ပုံ- Reuters)

4k
VIEWS
Share on FacebookShare on Twitter

သမ္မတဦးသိန်းစိန်နဲ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ပြင်နေစဉ်မှာ အိုးဘားမားအစိုးရအနေနဲ့ မြန်မာ့ပို့ကုန်တွေ ပိတ်ပင်ထားတာ ပြန်ဖွင့်ပေးဖို့ ကြိုးပမ်းနေတယ်လို့ လန်ဒန်ထုတ် Financial Times (FT) သတင်းစာက ရေးသားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ဖြူတော်၊ အစိုးရရုံးနဲ့ ကွန်ဂရက်တို့ ဆွေးနွေးနေပြီး စစ်တပ်နဲ့ မဆိုင်တဲ့ ပိတ်ဆို့မှု တချို့ကို ဖြုတ်သိမ်းနိုင်ဖွယ်ရှိကြောင်း သတင်းက ဆိုပါတယ်။

ဧပြီလက စလို့ မြန်မာပြည်အပေါ်  စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က စတင်လျှော့ချလာကတည်းက ဆိုင်းငံ့ရုပ်သိမ်းမှုတွေကို သမ္မတ ဘားရက်အိုဘားမားရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ လုပ်လာခဲ့ပေမဲ့ ကွန်ဂရက်ရဲ့ ထောက်ခံမှုနဲ့မှ အတည်ပြုနိုင်မယ့် မြန်မာ့ပို့ကုန် ပြန်ဖွင့်ပေးရေး ဥပဒေကြောင်းဆိုင်ရာ ပြုပြင်မှုတွေက နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်မီ ဖြစ်လာဖို့ မမြင်ဘူးလို့ သတင်းက သုံးသပ်ရေးသားပါတယ်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
891
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

မြန်မာ့ပို့ကုန်ပိတ်ပင်မှု ပြန်ဖွင့်ပေးရေးဟာ ၂၀၀၃ မှာ ပြဌာန်းထားတဲ့ Burma Freedom and Democracy Act ဥပဒေနဲ့ ဆိုင်တာမို့  မျှော်လင့်နိုင်တာက မြန်မာ့ပို့ကုန် ပြန်သွင်းရေးလုပ်ပေးဖို့ အစီအစဉ်ရှိကြောင်း အိုဘားမားအစိုးရက တရားဝင်ကြေညာချက် ထုတ်ပြန်ရုံလောက်ပါ။

တချိန်တည်းမှာ အမေရိကားကို ဦးသိန်းစိန်ဦးဆောင်လာမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ ထိပ်တန်းစီးပွားရေးသမားတွေ၊ စီးပွားရေး အကြံပေးတွေ ပါပြီး အမေရိကန် အစိုးရနဲ့ ကွန်ဂရက်ကို စွဲဆောင်ဖို့ အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ပြည်တွင်းသတင်းရပ်ကွက်တွေက ဆိုပါတယ်။

မြန်မာ့ပို့ကုန်ပိတ်ပင်မှု ပြန်ဖွင့်ပေးရေးကို အမေရိကန်အစိုးရအရာရှိတွေနဲ့ ကွန်ဂရက်ကြား ဆွေးနွေးမှုတွေအရ သမ္မတအိုဘားမားအနေနဲ့ လုပ်ပိုင်ခွင့်အရ လုပ်မယ်ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံမှု လိုမယ်လို့ သုံးသပ်သူတွေက ပြောဆိုကြကြောင်း သတင်းတွေက ဆိုပါတယ်။

ရီပတ်ဘလီကန်ခေါင်းဆောင်တဦးဖြစ်သူ မစ်ချ်မက်ကောနယ်က ဒေါ်အောင်ဆန်းစုကြည် ထောက်ခံမှု မပါလို့ မဖြစ်ဘူးလို့ ဩဂုတ်လအတွင်း ပိတ်ဆို့ရေးဥပဒေကို သက်တမ်းတိုးဖို့ လုပ်တုန်းက အခိုင်အမာ ပြောထားပါတယ်။

တချိန်တည်းမှာပဲ ဥရောပသမဂ္ဂကလည်း ၁၉၉၀ နှောင်းပိုင်းတွေကစလို့ ပိတ်ပင်လိုက်တဲ့ မြန်မာ့ပို့ကုန်များအတွက် အထူးအခွင့်အရေးတွေကို ပြန်ပေးဖို့ စီစဉ်နေပါတယ်။ အထည်ချုပ်၊ ဖိနပ်ချုပ်၊ ပင်လယ်စာနဲ့ တခြား စားသောက်ကုန်တင်ပို့မှု လုပ်ငန်းတွေ အခြေအနေ ပြန်ကောင်းရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများနိုင်တာမို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအချက်ကို ထည့်စဉ်းစားထားပြီး ဖြစ်နိုင်ပါတယ်။

စီးပွားရေးသမားတွေ အလောတကြီး မြန်မာပြည်ကို ဝင်မလာဖို့ သတိပေးနေတဲ့ တပြိုင်နက် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း မြင့်နေတာကို ဒေါ်အောင်ဆန်းစုကြည် သိပါတယ်။ တာဝန်သိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုအပ်တာကိုလည်း ဆော်ဩနေခဲ့ ပါတယ်။ ဦးသိန်းစိန် အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက် မှုတွေလည်း ရှိပါတယ်။

မကြာသေးခင်ကတင်  နိုင်ငံခြားရင်းနှီးမြှုပ်နှံနိုင်ရေး အတားအဆီးဖြစ်နေတဲ့ အမေရိကန်ဒေါ်လာ ၅ သန်း အနည်းဆုံး ရင်းနှီးရမယ်လို့ ဆိုနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ဥပဒေမူကြမ်းကို ပြန်ပြင်ပြီး ဒီအချက်ကို ပယ်ဖျက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်များကို ဆွေးနွေး ဖြောင်းဖြပေး ခဲ့တယ်လို့ သမ္မတရုံး ဝန်ကြီးဦးစိုးသိန်းက ပြောပါတယ်။

နိုင်ငံရေးဝေဖန်သူတွေက ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်စလုံး အမေရိကားကို လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းတယောက်လို ကြိုဆိုဂုဏ်ပြုကြတာကို ဦးသိန်းစိန် မုဒိတာ ထားနိုင်မှလို့ ဆိုနေသလို အမေရိကန်အစိုးရကလည်း ဦးသိန်းစိန်ကို အရာထားပြီး ပွဲထုတ်မှ ဦးသိန်းစိန် မျက်နှာမပျက်မှာလို့ ထောက်ပြပြောဆိုနေပါတယ်။

အမေရိကန် နိုင်ငံရဲ့ အမြင့်ဆုံးနိုင်ငံသား ရွှေတံဆိပ်ဆု အပါအဝင် ချီးမြှင့်ခံထားရတဲ့ ဆုတံဆိပ်တွေ လက်ခံဖို့ ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန် ခရီး စတင်ပါလိမ့်မယ်။ သတင်းများအဆိုအရ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် အထက်လွှတ်တော်နဲ့ အောက် လွတ်တော် ၂ ရပ်ပေါင်းမှာ မိန့်ခွန်းပြောရန် ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် သမ္မတ အိမ်ဖြူတော်ရှိ သမ္မတဟောင်း Franklin D. Roosevelt  အမည်ရှိ ခန်းမ ဆောင်မှာ အထူး ဧည့်သည်တော်အဖြစ် တည လာရောက်တည်းခိုဖို့ အမေရိကန် သမ္မတကတော် မစ္စ မီရှဲ အိုဘားမား က ဖိတ်ကြားထားပြီး အထူးညစာ စားပွဲနဲ့ တည်ခင်းမယ်လို့လည်း သိရပါတယ်။ ညစာစားပွဲကို အမေရိကန် သမ္မတဟောင်း ဂျော့ချ် ဒဗလျူ ဘွတ်ရှ်နဲ့ ဇနီး လော်ရာဘွတ်ရှ်၊ ကလင်တန်တို့ စုံတွဲ၊ မိုက်ခရိုဆော့ဖ် သူဌေးကြီး မစ္စတာ ဘီလ်ဂိတ်နဲ့ ဇနီး စတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ သံတမာန်ရေး မျက်နှာဖုံးတွေ တက်ကြပါလိမ့်မယ်။

ဦးသိန်းစိန်ရဲ့ ခရီးစဉ်ကလည်း ၁၉၆၆ မှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းရဲ့ ခရီးစဉ်နောက်ပိုင်း အမြင့်ဆုံး နိုင်ငံတော်ခေါင်းဆောင်တဦးရဲ့ ပထမဆုံး ခရီးစဉ်ပါ။ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအတွက် သမိုင်းဝင်ပါ။ စက်တင်ဘာ ၂၄ ရက်မှာ ခရီးစဉ် စမယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

Your Thoughts …
Tags: SanctionUSA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

မြန်မာ့အရေး နိုင်ငံတကာ လက်ပိုက်ကြည့်နေသလား (ရုပ်/သံ)

by ဧရာဝတီ
28 September 2024
269

ရိုက်ကူး - သူရ၊ ဗိုလ်ကျန်၊ လင်းထက် တည်းဖြတ် - လင်းထက်

၂၀၀၈ မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး /  Reuters

ဦးသန်းရွှေ ပိတ်ဆို့အရေးယူမှု စာရင်းက ထွက်၊ မထွက်

by ဧရာဝတီ
6 October 2016
2.5k

မြောက်ကိုရီးယားနဲ့ ပတ်သက်သူတွေ၊ ဘိန်းမှောင်ခို ရာဇာတွေအပြင် စစ်အစိုးရခေတ်က လူ့အခွင့်အရေး၊ ချိုးဖောက်မှုတွေမှာ စီစဉ်ညွှန်ကြားသူတွေကိုတော့ စာရင်းထဲမှာ ချန်ထားမယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းတွေလည်း ထွက်ရှိနေခဲ့ပါတယ်

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

ရွှေတံခါးကြီး ဘယ်လိုဖွင့်မလဲ

by ဧရာဝတီ
19 March 2013
4.4k

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးစ်ဖာနန်ဒက်ဇ်နှင့် မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လက်ဆွဲနှုတ်ဆက် ကြခြင်းကို တွေ့ရသည်မှာ မတော်မတည့် ဖြစ်နေသလို

ဦးဝင်းအောင်, ဆန်ရှင်, စီးပွားရေး, UMFCCI

ဦးဝင်းအောင် ဆန်ရှင်ရုပ်သိမ်းမှု မြန်မာစီးပွားရေး အသိုင်းအဝိုင်း ကြိုဆို

by သစ်နေမိုး
24 April 2015
5.4k

ဦးဝင်းအောင်သည် ဒဂုံအင်တာနေရှင်နယ် စီးပွားရေးအုပ်စု၏ ဥက္ကဌလည်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများ၊ သွင်းကုန်၊ထုတ်ကုန် လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းရေး တာဝန်ပေးရန် အတည်ပြု

by လင်းသန့်
14 July 2012
17.4k

ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအား

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဒဏ်ခတ်မှု စာရင်းသွင်း

by ရဲနည်
3 July 2013
8.5k

မြောက်ကိုရီးယားထံမှ လက်နက် ဝယ်ယူသည်ဟု စွပ်စွဲကာ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ်မှု စာရင်းသွင်းလိုက်ခြင်းသည် ပြန်လည် ကောင်းမွန် လာနေသော အမေရိကန်-မြန်မာ သံတမာန်ရေး ဆက်ဆံရေး ပြောင်းလဲလာမှုကို ထင်ဟပ်နေသည်။

Next Post
ရခိုင်ပြည် လုံခြုံရေး စိတ်မချရသေး

ရခိုင်ပြည် လုံခြုံရေး စိတ်မချရသေး

လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်

လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate