• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သီလဝါ အထူးစီးပွားရေးဇုန် ၂၀၁၅ တွင် စတင်လည်ပတ်မည်

by မေစစ်ပိုင်
10 January 2013
in စီးပွားရေး
A A
သီလဝါ အထူးစီးပွားရေးဇုန် ၂၀၁၅ တွင် စတင်လည်ပတ်မည်

ယမန်နေ့က ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောကြားနေသော သီလဝါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးဆက်အောင်(ဓာတ်ပုံ - ဇွဲထက်/ဧရာဝတီ)

21.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့နယ်တွင် အကောင်အထည်ဖော်နေသော သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းသည် လာမည့် ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင် လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် ကျင်းပသည့် သီလဝါ စက်မှုဇုန် နှင့်ပတ်သက်သော ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က စက်မှုဇုန်လုပ်ငန်းများ ၂၀၁၅ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဟု ဧရာဝတီသို့ပြောကြားသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.3k
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
1.1k

“၂၀၁၅ မှာ စတင်လည်ပတ်နိုင်မယ်၊ အခုချိန်ကတည်းက နိုင်ငံပေါင်းစုံက ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေပြီ၊ အထူးစီးပွား ရေးဇုန်အတွက် Master plan(လုပ်ငန်းစီမံချက်)ကိုတော့ မြန်မာနိုင်ငံမှာ တခါမှမရှိသေးတဲ့ပုံစံမျိုး ဆွဲနေတယ်၊ အကုန်လုံးတော့ စနစ်ကျအောင် လုပ် သွားမယ်”ဟု ဝန်ကြီး ဦးဆက်အောင်က ပြောသည်။

အဆိုပါ စီမံကိန်းတည်ဆောက်ရေးတွင် ဂျပန်နိုင်ငံကရင်းနှီးမြှုပ်နှံသူအဖြစ် မြန်မာနိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်ပြီး ဂျပန်ကုမ္ပဏီကြီးများဖြစ်သည့် Sumitomo ၊ Mitsubishi ၊ Marobuni ကုမ္ပဏီများနှင့် ဂျပန်အစိုးရအဖွဲ့အစည်းများ ပါဝင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ၄၉ ရာခိုင်နှုန်း ပါဝင်ခွင့်ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ၅၁ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံရန် မြန်မာ-ဂျပန် သဘော တူ ညီချက် ရယူထားကြောင်း သိရသည်။ ယင်းစီမံကိန်း မြေဧရိယာ အကျယ်အဝန်းသည် ဟက်တာ ၂၄၀၀ ရှိကြောင်း သီလဝါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဝန်ကြီး ဦးဆက်အောင်က ပြောသည်။

“ဂျပန်နိုင်ငံဘက်က မြန်မာအစိုးရကိုလည်း ပါဝင်စေချင်တဲ့ ဆန္ဒရှိတယ်ဆိုပေမယ့် အကြောင်းပြန်ထားတာတော့ မရှိသေးဘူး၊ သူတို့ က အစိုးရပိုင်းပါဝင်မှ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ယုံကြည်မှုတွေရှိလာမယ်လို့ ပြောထားတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာလုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံခွင့် ပေးရန်အတွက် အများပိုင်ကုမ္ပဏီကြီး တည်ထောင်သွားပြီး ရှယ်ယာများ ရောင်းချ၍ ပြည်တွင်း၊ ပြည်ပ မခွဲခြားဘဲ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံခွင့်ကို တပြေးညီ လုပ်ကိုင် ခွင့်ပြုမည်ဟု သိရသည်။

“ပိုက်ဆံမရှိလို့ မလုပ်နိုင်တာမျိုးမဖြစ်အောင် ဂျပန်ဘက်က ချေးငွေဆောင်ရွက်ပေးမှာကြောင့် မလုပ်နိုင်စရာအကြောင်း လုံးဝမရှိဘူး၊ မြန်မာနိုင်ငံမှာလုပ်တဲ့စီမံကိန်းကို မြန်မာနိုင်ငံသားတွေအများဆုံး ပါနိုင်ဖို့ စဉ်းစားထားတယ်”ဟု ဦးဆက်အောင်က ပြောသည်။

ဆွေးနွေးပွဲ၌ UMFCCI ဥက္ကဌ ဦးဝင်းအောင်က “ထိရောက်မှု ရှိနိုင်မယ့် အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်မယ်၊ လုပ်သားကိစ္စတွေ အပါအဝင် အားလုံးကို အကျိုးရှိအောင် လုပ်သွားမှာပါ”ဟု ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေနေရာများကို ဝယ်ယူရန်အတွက် လုပ်ငန်းရှင်များက စဉ်းစားကြသော်လည်း နိုင်ငံတကာ တွင် အကောင်အထည်ဖော်နေသော စီးပွားရေးဇုန်လုပ်ငန်း မြေနေရာများထက် အဆမတန် ဈေးမြင့်နေခြင်းကြောင့် သင့်လျော်သည့် နှုန်းထားဖြင့် လုပ်ကိုင်သွားနိုင်ရန် ညှိနှိုင်းနေကြောင်းလည်း သိရသည်။

ဆက်လက်၍ ဦးဆက်အောင်က“နိုင်ငံတကာမှာ ဖြစ်နေတဲ့ ဈေးထက် များနေတာကြောင့် အဲ့ဒီဈေးနဲ့တော့မသွားဘူး၊ သင့်တော်တဲ့နှုန်းနဲ့ပဲ သွားမယ်၊ လုပ်ငန်းရှင်တွေအရှုံးပေါ်အောင်တော့ လုပ်လို့မရဘူး”ဟု ပြောသည်။

သီလဝါဇုန်အတွင်းရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်း (MITT)တွွင် ၁၆ နှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့သည့် အငြိမ်းစား အရာရှိတဦးကလည်း“အထူး စီးပွားရေးဇုန် လုပ်မယ်ဆိုရင်တော့ လမ်းတွေကောင်းဖို့ လိုတယ်၊ ရေ လိုအပ်ချက်တွေလည်း ရှိတယ်၊ လျှပ် စစ်မီး ရရှိဖို့လည်း လိုတယ်၊ သီလဝါမှာက အဲ့ဒီလိုအပ်ချက် တွေအများကြီး ရှိနေတယ်”ဟု ပြောပြသည်။

လက်ရှိအခြေအနေအရ အလုပ်သမား ပြဿနာများ ရှိနေ၍ ဖြေရှင်းနိုင်ရန် လိုအပ်ကြောင်း၊ ထိုအခြေအနေများကြောင့် လုပ်ငန်းရှင် များ အနေဖြင့် စက်ရုံတည်ဆောက်အရေးအတွက် စဉ်းစားနေကြရကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသည့် ကုမ္ပဏီ လုပ်ငန်းရှင် တဦးဖြစ်သူ ဦးကျော်လင်း က ပြောဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် Master plan ကို လာမည့် ဒီဇင်ဘာ လကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး နိုင်ငံတကာမှ ဥပဒေ ရေးရာ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းနေကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် ကော် မတီများ ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

Your Thoughts …
Tags: Investment
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

ကျောက်ဖြူ-တရုတ် ရေနံပိုက်လိုင်းက ဒေသခံပြည်သူတွေ ဘာအကျိုးခံစားခွင့် ရရှိနိုင်မလဲ

by ခင်ဦးသာ
31 January 2015
2.8k

ဒေသခံ ပြည်သူများ၏ လယ်ယာ မြေများ၊ နွားစာကျက် မြေများ၊ မြေလွတ် မြေရိုင်းများ အတွက် လျော်ကြေး ငွေများကို ထိုက်တန်စွာ ပေးဆောင်မှု မရှိသေး၍ လယ်ယာမြေ အငြင်းပွားမှု ပြဿနာများလည်း ဖြေရှင်းရန် ရှိနေဆဲ ဖြစ်သည်။

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

by ထက်နိုင်ဇော်
30 July 2013
2.7k

“စီမံကိန်း အကြောင်းပြ သိမ်းထားတဲ့မြေ ဘယ်လောက် များလဲဆိုရင် လူသေရင်မြှုပ်ဖို့ သင်္ချိုင်းကိုတောင် သွားဖို့ လမ်းမရှိတော့ပါဘူး” ဟု ၄င်းဒေသ အခြေအနေကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသား လွှတ်တော် အမတ် ဦးရှုမောင်က...

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

ပက်စီနှင့် ကိုကာကိုလာကြောင့် ပြည်တွင်းအချိုရည် ဈေးကွက်ပျက်စပြု

by ဂျူးဂျူးလှိုင်
3 October 2012
13.9k

“ပက်စီနဲ့ ကိုကာကိုလာ ပြန်ဝင်လာတော့ အချိုရည် ဈေးကွက်မှာ ပြည်တွင်းက ကုမ္ပဏီတွေ အနေနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်ဘူး။ ပြည်တွင်းအချိုရည် လုပ်ငန်းတွေ ဆက်ရှင်သန်ဖို့က ဉာဏ်အား၊ ငွေအား၊ လူအားနဲ့ ရင်ဆိုင်ဖို့ပဲ ရှိတော့တယ်”

ဆိုလာ ယဉ်ကျေးမှုနှင့် ဗီဒီယိုကြိုက်သူများ

by ကြယ်ပြာ
17 January 2013
5.6k

အခုဆို ဘာဓာတ်တိုင် ဓာတ်ကြိုးမှ မလိုဘဲနဲ့ကို အဘွားတို့တောတွေမှာ ညဘက်တွေ မီးထွန်းနိုင်ပြီ။ တီဗီကြည့်နိုင်ပြီ

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်

by မေစစ်ပိုင်
26 July 2013
2.4k

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို လာမည့် စက်တင်ဘာလတွင် ပြန်လည် အကောင်အထည် ဖော်မည်ဟု သမ္မတရုံး ပြန်ထောင်စု ဝန်ကြီး ဦးလှထွန်းက ယနေ့ နေပြည်တော်တွင် ကျင်းပသော စာနယ်ဇင်း တွေ့ဆုံ ရှင်းလင်းပွဲ၌ ပြောဆို လိုက်သည်။

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး

by သာလွန်ဇောင်းထက်
17 October 2012
4.8k

ဘယ်နိုင်ငံခြား ဘဏ်ကိုမှ ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ခွင့် လိုင်စင်ပေးမထားဘူး။ အခု Investment Bank လိုင်စင်ရပြီလို့ ပြောနေတဲ့ အဖွဲ့အစည်းတွေတောင်မှ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲ ထောင်ခွင့်မရှိသေးဘူး

Next Post
ကချင်အရေး စိုးရိမ်မိကြောင်း အမေရိကန် သံအမတ်ကြီး ထုတ်ဖော်ပြောဆို

ကချင်အရေး စိုးရိမ်မိကြောင်း အမေရိကန် သံအမတ်ကြီး ထုတ်ဖော်ပြောဆို

စင်ကာပူ ကဲ့သို့ အိမ်ရာစီမံကိန်း ဒဂုံဆိပ်ကမ်း၌ ဆောက်မည်

စင်ကာပူ ကဲ့သို့ အိမ်ရာစီမံကိန်း ဒဂုံဆိပ်ကမ်း၌ ဆောက်မည်

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate