စီးပွားရေး

ဝန်ထမ်းနှင့် ပင်စင်လစာ တိုးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရဝန်ထမ်းများ၏ လစာနှုန်းထားနှင့် ပင်စင်လစာနှုန်းထားများ တိုးမြှင့်ရန် လျာထားမှုအတွက် ယခုဘဏ္ဍာနှစ်တွင် ကျပ် ၃၈၅ ဘီလီယံ ပိုမို သုံးစွဲသွားမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သော ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးတွင် ဖော်ပြခဲ့သည်။

ထိုသို့ ပိုမိုသုံးစွဲရခြင်းနှင့်ပတ်သက်၍ နိုင်ငံပိုင် သတင်းစာများတွင် နိုင်ငံဝန်ထမ်းများနှင့် စစ်တပ်ဝန်ထမ်းများ၏ လစာနှင့်စရိတ် နေ့စားလုပ်ခများကို ခေတ်နှင့်ဆီလျော်မှု ရှိရန် တိုးမြှင့်ပေးနိုင်ရေး လက်ရှိ ခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီသော ဒေသမှ ဝန်ထမ်းများအတွက် ဒေသစရိတ်ကို ဆက်လက် ခံစားခွင့်ပြုလို သောကြောင့်ထည့်သွင်းလျာထားခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သို့ရာတွင် ဝန်ထမ်းလစာနှင့် ပင်စင်လစာအတွက် အသုံးစရိတ်ကို ယမန်နှစ်က မည်မျှသုံးစွဲခဲ့ကြောင်း ဖော်ပြထားခြင်း မရှိဘဲ လာမည့်ဘဏ္ဍာနှစ်အတွက် စုစုပေါင်း နိုင်ငံတော် ရငွေ ကျပ် ဘီလီယံ ၁၃၈၀၅.၃၈၇ နှင့် စုစုပေါင်း သုံးငွေ ဘီလီယံ ၁၆၇၂.၂၈၅ ဖြစ်၍ လိုငွေမှာ ဘီလီယံ ၂၉၂၆.၈၉၈ ရှိကြောင်း ဖော်ပြထားသည်။ နိုင်ငံတော်ဘတ်ဂျက် လိုငွေပြနေကြောင်းဆိုသော်လည်း အသုံးစရိတ်လျှော့ချမှုှနှင့် အသုံးစရိတ်တိုးမြှင့်မှုတို့ကို တတ်နိုင်သမျှ ဘက်ညီစေရန် ဆောင်ရွက်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် မည်သူကို မည်မျှ တိုးပေးမည်ကိုလည်း အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင်မူ အစိုးရဝန်ထမ်းများ၏ ပင်စင်လစာနှင့် နိုင်ငံရေး ပင်စင်စားများ၏ ပင်စင်လစာကို ၂၀၁၁ ခုနှစ် ဇူလိုင်လမှစ၍ တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ံ အစိုးရဝန်ထမ်း တဦးလျှင် အပို ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ နှုန်း ခံစား ခွင့်ပြုခဲ့ပြီး ဝေးလံခေါင်သီသော အရပ်ဒေသများရှိ ဝန်ထမ်းများအား ဒေသစရိတ်အဖြစ် ၎င်းတို့ ရရှိသည့် မူရင်းလစာထက် တဆပိုများသောငွေကြေ ထောက်ပံ့ခဲ့ကြောင်း  ရေးသားထားသည်။

ဝန်ထမ်းလစာ တိုးမြှင့်ရာတွင် ငွေကြေးပမာဏတိုးခြင်းထတ် ငွေကြေးဖြန့်ဖြူးမှုပုံစံ ပို၍အရေးကြီးကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက ္ခဒေါက်တာမောင်မောင်စိုးက ပြောသည်။

“အရေးကြီးတာက ဘယ်သူတွေ ဘယ်လောက်တိုးလဲဆိုတာ အရေးကြီးတယ်။ အထက်ပိုင်းတိုးပြီး အောက်ပိုင်းက ဒီအတိုင်းဖြစ်နေမယ်ဆိုရင်တော့ ဘာမှမထူးဘူး။တိုးတဲ့ပမာဏထက် ဝန်ထမ်းရဲ့အနိမ့်ဆုံး လစာ ဘယ်လောက်ရှိလဲဆိုတာ ပိုအရေးကြီးတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

ယခင်က ဝန်ထမ်းလစာများ တိုးမြှင့်မည့်သတင်းများ ထွက်ပေါ်လာတိုင်း ကုန်ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်တတ်သည်။ သို့သော် ယခု ဝန်ထမ်းလစာတိုးမြင့်မည့် သတင်းကို ဈေးကွက်၏ တုံ့ပြန်မှုမှာ အေးစက်ဆဲဖြစ်သည်။

ဝန်ထမ်း လစာနှုန်းထားနှင့် ပင်စင်လစာနှုန်းထားများ တိုးခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ရခြင်းမဟုတ်ဘဲ ငွေကြေးဖောင်းပွမှုများဖြစ်နိုင်သည် စိုးရိမ်ပြီး ရွှေဝယ်ယူစုဆောင်းရာမှ ဝယ်လိုအားများ၍ ဈေးတက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမ ဥက္ကဌ ဦးမျိုးမြင့်က ဆိုပြီး “ယခု လစာတိုးတာကရွှေဈေးအပေါ်သက်ရောက်မှုမရှိပါဘူး” ဟုလည်း ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက် နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာတွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက အစိုးရဝန်ထမ်းများ၏ လစာသာမက ပုဂ္ဂလိကပိုင် ကုမ္ပဏီများ၊ စက်ရုံများမှ ဝန်ထမ်းများ၏ လစာများကိုပါ တိုး မြှင့်သွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံနိုင်ငံများနှင့် ယှဉ်ပါက မြန်မာနိုင်ငံ၏ အစိုးရဝန်ထမ်းတဦး၏ လစာနှုန်းထားမှာ တနှစ်လျှင် ဒေါ်လာ ၄၁၀ ဖြင့် အနည်းဆုံးဖြစ်နေပြီး လာအိုနှင့် ဗီယက်နမ်တို့တွင် ဒေါ်လာ ၁၀၀၀ ရှိပြီး ကမ္ဘောဒီယားတွင် ဒေါ်လာ ၆၀၀ ရှိသည်ဟု အမေရိကန်အစိုးရက နှစ်စဉ်သုတေသနပြုချက်များအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading