• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာ – အင်ဒိုနီးရှား ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်သွားမည်

by လင်းသန့်
13 June 2013
in စီးပွားရေး
A A
မြန်မာ – အင်ဒိုနီးရှား ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်သွားမည်

ယခုနှစ် ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုယူနိုကို သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)

2.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနှင့် အင်ဒီနီးရှား အစိုးရတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးကို ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်ရန် သဘောတူလိုက်ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီနာ တာလီဂါဝါနှင့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးပွဲ၌ ယင်းသို့ သဘောတူခြင်းဖြစ်သည်ဟု အင်ဒိုနီးရှား အခြေစိုက် အန်တာရာ (ANTARA) သတင်းဌာနက ဖော်ပြသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
419
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.2k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.5k

“ကျနော်တို့ လာမယ့် ၂၀၁၆ ခုနှစ်မှာ ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်အောင် ရည်ရွယ်လုပ်ဆောင်ကြဖို့ သဘောတူလိုက်ကြတာ” ဟု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာတီနာ တာလီဂါဝါက  ပြောထားသည်။

မြန်မာ – အင်ဒိုနီးရှား နှစ်နိုင်ငံပူးတွဲ ကော်မရှင် အစည်းအဝေးအတွင်း ကုန်သွယ်မှုတန်ဖိုး တိုးမြှင့်ရေး ကိစ္စကို သဘောတူညီခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တို့ကိုလည်း အရှိန်မြှင့် ဆောင်ရွက်ကြရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရက အပေါင်းလက္ခဏာ ဆောင်သည့် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီး မြန်မာ စစ်အာဏာရှင်ဟောင်းများက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုးထလာသည်ကို အင်ဒိုနီးရှားအနေဖြင့်  အကောင်းဘက်မှ ရှုမြင်ကြောင်း မစ္စတာ မာတီနာ တာလီဂါဝါက  ပြောသည်ဟု သိရှိရသည်။

မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးသည် ယခင်က အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၃၀ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၄၆၅ သန်းအထိ ရှိလာပြီး ၇.၉၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အဆိုပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို အင်ဒိုနီးရှား နိုင်ငံခြားရေး မစ္စတာ မာတီနာ တာလီဂါဝါနှင့် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

“ကျနော်တို့က စိုက်ပျိုးရေး၊ နည်းပညာ ကဏ္ဍတွေမှာ ပူးပေါင်ဆောင်ရွက်ရေးကို တိုးတက်လိုပါတယ်။ ထပ်ပြီး ပြောရရင် နိုင်ငံတဝန်း ရာဇဝတ်မှု လျှော့ချရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် တိုးတက်ဖွံ့ဖြိုးမှုတွေလည်း ပါပါတယ်” ဟု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အန်တာရာ သတင်းဌာနကို ပြောသည်။

မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား သံတမန် ဆက်ဆံရေးသည် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့မှ စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးကိစ္စတွင်လည်း အင်ဒိုနီးရှားက မြန်မာကို ထောက်ခံခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှ မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းများမှာ စက္ကူနှင့် စက္ကူထွက်ကုန်၊ စားအုန်းဆီ၊ သံနှင့် သံမဏိ၊ ဆေးရွက်ကြီးနှင့် ရာဘာတို့ ပါဝင်ကြောင်း၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် တခြားအင်ဒိုနီးရှား ထွက်ကုန်များကိုလည်း တင်သွင်းရန် မြန်မာနိုင်ငံက လိုလားကြောင်း၊ မြန်မာနိုင်ငံမှ အင်ဒိုနီးရှားသို့ ပို့ကုန်များတွင် ပြောင်းဖူး၊ သစ်၊ မြေပဲ၊ ဆိုဒါ၊ ငါးနှင့် အသီးအရွက်များ ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလက အင်ဒိုနီးရှား သမ္မတ မစ္စတာ ယူဒိုယူနို၏ မြန်မာပြည်ခရီးစဉ်အတွင်း သဘောတူညီချက်များတွင် အင်ဒိုနီးရှားမှ ဓာတ်မြေသြဇာများ မြန်မာသို့ တင်သွင်းရန်နှင့် မြန်မာ့ဆန်ကိုလည်း အင်ဒိုနီးရှားက ဝယ်ယူမည်ဆိုသည့် အချက်လည်းပါဝင်သည်။ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ဆန် တန်ချိန် ၃ သိန်းကို ဝယ်ယူရန် မှာကြားထားပြီး အနာဂတ်တွင် အဆိုပါ ပမာဏထက် ပိုမို ဝယ်ယူရန်လည်း မျှော်လင့်ထားသည်ဟု သိရသည်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်နှီး မြှုပ်နှံရန်လည်း သဘောတူခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်လာပြီးနောက်ပိုင်း ပွင့်လင်းစပြုလာသည့်အတွက် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့နှင့်လည်း ကုန်သွယ်ရေးများ တိုးမြှင့်လျက်ရှိသည်။

Your Thoughts …
Tags: IndonesiaTrade
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

တရုတ်-မြန်မာ နယ်စပ်တွင် ခိုးသွင်းလာသည့် မြွေ ၄ ထောင်ကျော် ဖမ်းမိ

by ပက်ထရစ်ဘိုးလား
26 February 2013
8.3k

တန်ချိန် ၃.၈ တန်ခန့်ရှိ မြွေဟောက်၊ မြွေပွေးနှင့် အိန္ဒိယမြွေခလောက် စသည့် မြွေအကောင်ရေ ၄၈၁၅ ကောင်ကို သေတ္တာ ၁၇၆ ပုံးဖြင့် တင်ဆောင်လာသည့် ယာဉ်တစီးကို ရွှေလီ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂၂ ရက်...

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်း ပြန်ဖောက်မှု ရှေ့နှစ်တွင် စမည်

by မေစစ်ပိုင်
25 December 2012
8.5k

ဒုတိယ ကမ္ဘာစစ်အတွင်း လူ့အသက်ပေါင်းများစွာ စတေးကာ ဖောက်လုပ်ခဲ့သော မြန်မာ-ထိုင်း သေမင်းတမန် မီးရထားလမ်းကို လာမည့်နှစ် အတွင်း ပြန်လည်ပြုပြင် ဖောက်လုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် တံခါးပေါက်အဖြစ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

MPT ဖုန်းအချင်းချင်း လက်ကျန်ငွေ ဖုန်းဘေလ် လွှဲပေးနိုင်ပြီ

MPT ဖုန်းအချင်းချင်း လက်ကျန်ငွေ ဖုန်းဘေလ် လွှဲပေးနိုင်ပြီ

by သီဟတိုး
4 January 2016
9.5k

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ MPT ဖုန်းအချင်းချင်း လက်ကျန်ငွေထဲမှ ဖုန်းဘေလ်လွှဲပေးနိုင်တဲ့ ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း MPT ၏ ထုတ်ပြန် ကြေညာချက်အရ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၂)

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၂)

by အက်ဒ်ဝပ် အက်စ်ပင်နယ်လ်
18 July 2013
2.8k

နယ်မြေ အသစ်များရေးဆွဲရာတွင် နိုင်ငံရေး ခေါင်းဆောင်များသည် အများအားဖြင့် လူမျိုးစုမျဉ်းအား အခြေခံကာ ရေးဆွဲခြင်း ဖြစ်သောကြောင့် လူအုပ်စု အချင်းချင်းကြား ရန်စောင်မှုသည် သယံဇာတ ခွဲဝေရေး ကွန်ရက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ဧပြီတွင် ဖွင့်မည်

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး စခန်းသစ် ဧပြီတွင် ဖွင့်မည်

by ကျော်ခ
6 March 2013
9.8k

မော့တောင် ကုန်သွယ်ရေး စခန်းပြီးလျင် မြိတ်ခရိုင် အတွင်းမှ ကုန်ပစ္စည်းများကို ၅ နာရီအတွင်း အရောက်ပို့နိုင်မည် ဖြစ်ကြောင်းနှင့် ခရီးစရိတ် ကုန်ကျမှုပါ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုစရိုက်လုပ်ငန်းတွေ လွတ်လပ်ရေး ရနေတဲ့မြို့

ဒုစရိုက်လုပ်ငန်းတွေ လွတ်လပ်ရေး ရနေတဲ့မြို့

by ကျော်ခ
31 August 2013
6.3k

ထိုင်း-မြန်မာ နယ်စပ်တွေကနေပြီး နိုင်ငံခြားသားတွေကို ပတ်စ်ပို့၊ ဗီဇာတွေနဲ့ ဝင်ထွက်ခွင့် ပြုလိုက်ပြီဖြစ်တဲ့အတွက် ဒီအခြေအနေတွေကို အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် နောက်ပိုင်းမှာ သိက္ခာကျစရာတွေ ဖန်တလဲလဲ ပေါ်လာနိုင်ပါတယ်။

Next Post
အစိုးရ ထောက်ပံ့ငွေ ကန့်သတ်ချက်ရှိ၍ ဘကကျောင်းများ အခက်အခဲဖြစ်

အစိုးရ ထောက်ပံ့ငွေ ကန့်သတ်ချက်ရှိ၍ ဘကကျောင်းများ အခက်အခဲဖြစ်

တရားမျှတစွာ ယှဉ်ပြိုင်ကြပါ

တရားမျှတစွာ ယှဉ်ပြိုင်ကြပါ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate