အိမ်ခြံမြေ ဈေး အစိုးရ မထိန်းနိုင်
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်နေမှုကို အစိုးရက ထိန်း ချုပ်ရန် ကြိုးစားသော်လည်း ထိရောက်မှုမရှိဟု အိမ်ခြံမြေ အကျိုးဆောင်များနှင့် စီးပွားရေး ပညာရှင်များက ပြောကြသည်။
ဈေးနှုန်းများ မြင့်တက်နေမှုကို ရပ်တန့်နိုင်ရန်အတွက် အစိုးရအနေဖြင့် ၎င်း၏ ပိုင်ဆိုင်မှုအပေါ်ကောက်ယူသည့်အခွန် (property tax) စည်းကြပ်သည့် စံနစ်ကို ပြန်လည် စိစစ်သင့်သည် ဟုလည်း သူတို့ကဆိုသည်။ ပိုင်ဆိုင်မှုအပေါ် ကောက် ယူသည့်အခွန် (property tax) ဆိုသည်မှာ စည်ပင်သာယာအဖွဲ့သို့မဟုတ် သက်ဆိုင်ရာ ဌာနတခုခုက သတ်မှတ် ပေး ထားသော အိမ်ယာ အဆောက်အအုံ၏ ရာဖြတ်တန်ဘိုးအပေါ်အခြေခံ၍ စည်းကြပ်သည့်အခွန်ဖြစ်သည်။
လက်ရှိအချိန်တွင် အစိုးရ၏ စွမ်းဆောင်ရည် အားနည်းမှုကြောင့် အိမ်ခြံမြေဝယ်ယူသူများဖက်က သတ်မှတ်ထားသော အ ခွန် ၃၇ ရာခိုင်နှုန်းကို အပြည့်အဝပေးဆောင်ရန် မလိုဘဲ လွယ်ကူစွာရှောင်တိမ်း၍ ရနေသည်ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းဦးက ပြောသည်။ ထို့ပြင် ဝယ်ယူသူများသည် ပြည်တွင်း အခွန်များ ဦး စီးဌာနသို့ သူတို့ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် ငွေများ၏ အရင်းအမြစ်ကို အသိပေးရန်လည်း မလိုအပ် ဟုလည်း သူက ထပ်ပြောသည်။
ထိုအားနည်း ချက်များကြောင့် ရန်ကုန်၏ ပိုင်ဆိုင်မှုဈေးကွက် အတွင်းတွင် ထုထည် ကြီးမားစွာလည်ပတ်နေသော ငွေ ကြေးများကို အနည်းငယ်မျှသာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု ဦးသန်းဦးက ဆိုသည်။
“၂၀၀၇ ခုနှစ်လောက်ကထဲက ဒေသတွင်းပိုင်ဆိုင်မှု ဈေးကွက်မြင့်တက်လာတာ ဒီ အခွန်စံနစ်ကြောင့်ပဲ။ အရောင်း အ ဝယ်ကို မှတ်ပုံတင်တဲ့အခါ ပြည်တွင်းအခွန်များဦးစီးဌာနကို ဝယ်ယူတဲ့ပိုက်ဆံ ဘယ်လိုရလာသလဲဆိုတာကို ပြဖို့ မလို ဘူးလေ” ဟုသူက ထပ်ပြော သည်။
Myanmar Securities Exchange Center မှ စီးပွားရေးလေ့လာသူ ဦးသက်ထွန်းဦး က အရောင်းအဝယ်ပြုလုပ်ရာတွင် လိုအပ်သော စည်းမျဉ်းစည်းကမ်း လျော့ရဲမှုမှ တဆင့် တရားမဝင်ရရှိလာသည့် ငွေကြေးများကို ခဝါချရန် လုပ်ဆောင် နေ ကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း ဖေါင်းပွလာခဲ့သည်ဟု ဆိုသည်။ အစိုးရက ပိုင်ဆိုင်မှုအပေါ်ကောက်ယူသည့်အခွန် (property tax)ကို မှတ်ပုံတင်ရာတွင် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှသာလျှင် ဈေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ် နိုင်လိမ့်မည်ဟုလည်း သူကပြောသည်။
“တကယ်လို့ အစိုးရက ကုန်သွယ်ခွန်ကို စံနစ်တကျကောက်ယူပြီးတော့ ငွေကြေးခဝါချမှုကို ဂရုတစိုက် စစ်ဆေးမယ် ဆိုရင် ဈေးကွက်တန်ဖိုးတွေ တည်ငြိမ်သွားပါလိမ့်မယ်” ဟု ဦးသက်ထွန်းဦး ကပြောပြသည်။
၂၀၀၇ ခုနှစ်တွင် အစိုးရ (ယခင် စစ်အစိုးရ)က ပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့်အခွန်ကို ၅၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးလိုက်သည့် အချိန်မှစ၍ အိမ်ခြံမြေဈေးနှုန်းများ တက်လာခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် အစိုးရ အာဏာရခဲ့ပြီးနောက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်သော စီးပွားရေးပြုပြင်ပြောင်း လဲရေးများကို စတင် အကောင်အထည်ဖော်ခဲ့သည့် အတွက်လည်း ရန်ကုန်တွင် ပိုင်ဆိုင်မှုဈေးနှုန်းများကို ပိုပြီးမြင့်တက်စေခဲ့သည်။
လွန်ခဲ့သော ၅နှစ်တာ ကာလအတွင်း ရန်ကုန်၏ အချို့သောနေရာများတွင် အိမ်ခြံမြေဈေးနှုန်းက ဆယ်ဆ မြင့်တက်လာခဲ့ သည်။ အထူးသဖြင့် မြို့လယ်နေရာများတွင် ပိုမိုဈေးတက်လာခဲ့ပြီး ကျောက်တံတားမြို့နယ်အတွင်းရှိ ဆူးလေဘုရားလမ်း သည်ဈေးအမြင့်ဆုံး ဖြစ်ကာ စတုရန်းတပေလျှင် အမေရိကန်ဒေါ်လာ ၁၅၀၀ နှုန်းဖြစ်နေသည်။ အင်းလျားကန် အနီးတဝိုက် မှ လူနေအိမ်များလည်း ဈေးနှုန်းမတန်တဆ မြင့်တက်လာခဲ့၏။
ထို့ကြောင့် ပိုင်ဆိုင်မှုဈေးကွက်ကို ထိန်းချုပ်နိုင်ရန် အတွက် အစိုးရက ၂၀၁၂ ခုနှစ် မတ်လတွင် ပိုင်ဆိုင်မှုအပေါ် ကောက် ယူ သည့်အခွန်ကို ၃၇ရာခိုင်နှုန်းသို့ မြှင့်တင်လိုက်သော်လည်း သက်ရောက်မှုက အနည်းငယ်သာ ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ အားကောင်းလာသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် နှစ်စဉ် ၆.၃ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းရပြီး အစိုးရကလည်း ရန်ကုန်မြို့ အနီးတဝိုက်မှ စက်မှုဇုန်များကို တိုးတက်လာအောင် စီစဉ် လုပ်ဆောင်နေချိန်တွင် စက်မှုဇုန်များသည်လည်း မြေဈေးနှုန်းများ မြင့်တက်လာသည့်အထဲတွင် အပါအဝင်ဖြစ်လာသည်။
ယမန်နှစ်က ရန်ကုန်မြို့တဖက်ကမ်းရှိ ဒလမြို့နယ်တွင် ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် အထူးစီးပွားရေးဇုန်တခု တည် ထောင်ရန် အစိုးရက စီစဉ်နေသည်ဟု သတင်းများ ပြန့်နှံသွားပြီး နောက်ပိုင်းတွင် ၎င်းမြို့နယ်တွင်းရှိ မြေဈေးနှုန်းများ အလွန်မြင့်တက်သွားခဲ့သည်။ သို့သော်လည်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အစိုးရက သတင်းကို ငြင်းပယ်လိုက်သည့် အတွက် ဒလ မြေဈေးနှုန်းများ ပြန်ထိုးကျသွားသည်။
အစိုးရအနေဖြင့် ပိုင်ဆိုင်မှု တန်ဖိုးများ အတက်အကျကြမ်းနေမှုကို တားဆီးနိုင်ရန်အတွက် အိမ်ခြံမြေဈေးကွက်ကို လွှမ်း မိုး ထိန်းချုပ်နိုင်မည့် ပိုင်ဆိုင်မှုအပေါ် ကောက် ယူ သည့်အခွန် ဆိုင်ရာ မူဝါဒများကို ကောင်းမွန်တိုးတက်လာအောင် လုပ်ရ မည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက သြဂုတ်လ ၂၆ ရက်နေ့တွင်ပြောကြားလိုက်သည်။
“မြေယာနဲ့ ပတ်သက်တဲ့ အခွန်တွေကို ပြန်လည်သုံးသပ်ဖို့ လိုနေပါပြီ။ တချို့ အခွန်တွေကိုလည်း လက်တွေ့အသုံးချဖို့ လိုပါတယ်။ အခု လူတွေက အိမ်တွေ မြေတွေကို အရောင်းအဝယ်လုပ်နေကြတယ်။ တကယ်လို့ မြေကိုရောင်းတဲ့ အခါ တိုင်းမှာ အခွန် ကောက်ယူမယ်ဆိုရင် အခွန်က မြေဈေးတက်နေတာကို ထိန်းချုပ်သွားပါလိမ့်မယ်” ဟု ဦးစိုးသိန်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အစိုးရကပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့် အခွန်စံနစ်ကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နေပြီး နေရာကိုလိုက်၍ အခွန်နှုန်းထား ခွဲခြား ကောက်ခံတော့မည်ဟု အိမ်ခြံမြေ အကျိုးဆောင် အချို့ အဆိုအရ သိရသည်။ ယခင်လအတွင်းတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများက ၎င်း တို့ကို ခေါ်ယူ ညှိနှိုင်း ဆွေးနွေးခဲ့သည် ဟု လည်း သူတို့ကပြောကြသည်။
မြန်မာနိုင်ငံအခြေစိုက် သြစတေးလျနိုင်ငံသား အိမ်ခြံမြေ အကြံပေးတယောက်က မြေစာရင်းဦးစီးဌာန နှင့် အခြားသော အစိုးရဌာနများ အနေဖြင့် စစ်တမ်းများ ကောက်ယူထားသင့်ကြောင်းနှင့် သို့မှသာလျှင် အစိုးရတာဝန်ရှိသူများသည် ရန် ကုန်ရှိမြေဈေးနှုန်းများကို တိတိကျကျသိရှိနိုင်ပြီး သင့်တော်သော အခွန်နှုန်းထားများ သတ်မှတ်ပေးနိုင်မည် ဖြစ်သည်ဟု ပြောသည်။
“ဈေးနှုန်းအမှန်တွေကို ရရှိနိုင်ဖို့ အတွက် စစ်တမ်းကောက်ယူတဲ့ ဌာနကိုလည်း လုပ်ပိုင်ခွင့်တွေ ပိုပြီး ပေးထား သင့်ပါတယ်” ဟု သူ၏ အမည်ကို ဖော်ပြခြင်းမပြုရန် တောင်းဆိုခဲ့သော သြစတေးလျနိုင်ငံသား အိမ်ခြံမြေ အကြံပေးက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ပိုင်ဆိုင်မှုအပေါ် ကောက်ယူသည့် အခွန်စံနစ်ကို ပြန်လည်စိစစ်နိုင်ရန် နှင့် ဆက်လက်တက်နေဆဲဖြစ်သည့် ဈေးနှုန်းများကို ကိုင်တွယ်နိုင်ရန် အတွက် အစိုးရ၏ စွမ်းဆောင်နိုင်ရည်ကို အနည်းငယ်သာ ယုံကြည်သည်ဟု လေ့လာ အကဲခတ်သူ အချို့ကဆိုသည်။
“အစိုးရဖက်က ထိရောက်တဲ့ ဥပဒေစည်းမျဉ်းတွေ ပြဌာန်းပေးနိုင်မှာလား၊ မြေဈေးနှုန်းတွေအပေါ်လွှမ်းမိုး ထိန်းသိမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်မှာလားလို့ ကျနော် သံသယ ဖြစ်မိပါတယ်။ လပေါင်း ၃၀ အတွင်းမှာ အစိုးရလုပ်ခဲ့တဲ့ မှတ် တမ်းတွေကို ကြည့်ပြီးပြောရမယ်ဆိုရင်တော့ ကြီးကြီးမားမား ပြောင်းလဲမှုတွေ ရှိလာမှာ မဟုတ်ပါဘူး” ဟု ပြည်တွင်း မီဒီ ယာများတွင် ဆောင်းပါးများ ရေးသားနေသည့် စီးပွားရေးပညာရှင် ခင်မောင်ညို (ဘောဂဗဒ) ကပြောသည်။