• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

by ညိမ်းပြည့်စုံ
13 September 2013
in စီးပွားရေး
A A
သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

သီလဝါစီမံကိန်း အတွက် သိမ်းယူထားသော လယ်မြေများပေါ်တွင် နေထိုင်သည့် လယ်သမားများက ဆိုင်းဘုတ် ထောင်ထားသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

3.5k
VIEWS
Share on FacebookShare on Twitter

သီလဝါ စက်မှုဇုန် စီမံကိန်းအနီးရှိ မြေများတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် မြေများသာမက၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပိုင် မြေများပေါ်တွင် ကျူးကျော် နေထိုင်ကြသူများက ပြန်လည် ရောင်းချသည့် ကျူးကျော်မြေ ဈေးများပင် ကျပ် သိန်း ၄၅၀ ခန့်အထိ မြင့်တက်လျှက် ရှိနေကြောင်း သိရသည်။

“ဇာမဏီအင်းနားက မြေတွေက ဆည်မြောင်းပိုင်မြေတွေ။ အဲဒီနားမှာ ဆည်မြောင်းပိုင်မြေ မကျူးကျော်ရ၊ ကျူးကျော်က ဥပဒေအတိုင်း အရေးယူခြင်း ခံရမည်လို့ ဆိုင်းဘုတ် ထောင်ထားတာပဲ။ ဒါပေမယ့် ရှိနေကြတဲ့ ကျူးကျော်တွေက အကွက် ရိုက်ပြီး ရောင်းတာ တကွက်ကို သိန်း ၂၀၀၊ ၃၀၀ နဲ့ အရောင်းဖြစ်နေတယ်” ဟု သန်လျင်မြို့တွင် နေထိုင်သူ ဒေသခံ တဦးက ပြောသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ထိုသို့ ကျူးကျော်မြေများပါ ဈေးနှုန်းမြင့်တက်လာ၍ အရောင်းအဝယ် ဖြစ်နေခြင်းမှာ သီလဝါ စက်မှုဇုန် စီမံကိန်း စတင်တော့မည် ဆိုသော သတင်း ထွက်ပေါ်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇာမဏီအင်း အနီးရှိ ဆည်မြောင်းပိုင်မြေကို အရောင်းအဝယ် လုပ်နေကြသည်မှာ မှန်ကန်ကြောင်း၊ သို့သော် ထိုမြေကွက်အား အရောင်းအဝယ် ပြုလုပ်ပေးသည့် အကျိုးဆောင်များမှာ ဒေသခံများ ဖြစ်သော်လည်း မည်သူမည်ဝါမှန်း အတိအကျအားဖြင့် မသိကြောင်း၊ ဝယ်ယူသူများသည်လည်း မိမိတို့နှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့် မည်သည့်နေရာ၊ မည်သည့်ဌာနမှ လာရောက်ဝယ်ယူသည်ကို မသိကြောင်း Fuji အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ဆည်မြောင်းပိုင်မြေကို အရောင်းအဝယ် လုပ်နေတာ နည်းနည်းတော့ကြာပြီ။ လပိုင်းလောက်တော့ ရှိလောက်ပြီ။ အတိ အကျတော့ မသိဘူး။ အဲဒီမြေကို အရောင်းအဝယ် လုပ်နေပြီး ကျူးကျော်ပုံစံမျိုးတွေ နေဖို့ လုပ်နေတယ်လို့တော့ ပြောနေကြတာပဲ။ ဒါတွေကျတော့ ကျနော်တို့နဲ့လည်း ဘာမှမဆိုင်တော့ သေသေချာချာ မစုံစမ်းထားမိဘူး။ ကျနော်တို့ ကုမ္ပဏီကလည်း အဲဒီမြေတွေတော့ အရောင်းအဝယ် မလုပ်ပေးဘူး။ တော်ကြာ ရှုပ်ရှုပ်ရှက်ရှက်တွေ ဖြစ်နေမှာစိုးလို့” ဟု Fuji အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ကိုကျော်ဝဏ္ဏထွန်းက ဧရာဝတီသို့ ပြောသည်။

ကုမ္ပဏီ၊ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း စသည်တို့နှင့် ချိတ်ဆက်၍ မြေအရောင်းအဝယ် ပြုလုပ်သူများသည် ကျူးကျော် မြေများကို ဝယ်ယူခြင်းမရှိဘဲ၊ သီလဝါ စက်မှုဇုန် စီမံကိန်းအနီးရှိ ပုဂ္ဂလိကပိုင် လယ်မြေများဖြစ်သည့် ပါမစ်မြေ၊ စလစ်မြေ များကိုသာ အရောင်းအဝယ် လုပ်ကြလျှက်ရှိကြောင်း သိရသည်။

သီလဝါ စက်မှုဇုန် စီမံကိန်း အကောင်အထည် ဖော်မည့် သတင်းထွက်လာချိန်တွင် ၎င်းအနီး ပတ်ဝန်းကျင်၌ မြေကွက် အရောင်းအဝယ် မရှိသလောက် ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုသို့မဟုတ်ဘဲ အရောင်းသွက်၍ ဈေးနှုန်းများပါ မြင့်မားလာလျှက် ရှိသည်။

ယခင်က အဆိုပါ စက်မှုဇုန် စီမံကိန်းနှင့် ဇာမဏီအင်း အနီးရှိ မြေများသည် လယ်မြေများဖြစ်သဖြင့် လယ်မြေများ၏ အရောင်းအဝယ် ဈေးနှုန်းများဖြစ်သော ကျပ်သိန်း ၂၀၊ ၃၀ ခန့်သာ ရှိခဲ့ရာမှ ယခုလက်ရှိတွင် သိန်း ၁၅၀ မှ သိန်း ၄၀၀ အထိ ဈေးမြှင့်၍ ပေါက်ဈေးခေါ်နေကြကြောင်း သန်လျင်မြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

“ဟိုအစတုန်းက စီမံကိန်းသတင်း ထွက်ထွက်ချင်း ကဆို မသေချာလောက်ဘူး ထင်ကြတယ်၊ တချို့ဆို ရောင်းဖို့တောင် မလုပ်ဘူး။ အခုလည်းကျရော ရောင်းဖို့မလုပ်ဘူးလို့ ပြောထာတဲ့သူတွေက ဈေးကို သိန်း ၄၀၀ လောက်ကနေ စခေါ်တာ” ဟု သန်လျင်မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင် မစိုးစိုးထွန်းက ဆိုသည်။

ပုဂ္ဂလိကပိုင် လယ်မြေများကို ဝယ်ယူလိုသူများသည် ၂၀၁၂ – ၂၀၁၃ လယ်ယာမြေ လုပ်ကိုင်ခွင့် လက်မှတ် ရှိလျှင် ဝယ်ယူ နိုင်ကြောင်း၊ ဇာမဏီအင်း၏ ဘယ်ဘက်အခြမ်းနှင့် မျက်နှာချင်းဆိုင် ဘက်ခြမ်းတွင်သာ အရောင်းအဝယ် လုပ်၍ ရသော်လည်း ဆည်၏ ညာဘက်အခြမ်းတွင် မြေကွက် အရောင်းအဝယ် ပြုလုပ်၍ မရကြောင်း သိရသည်။

“ဆည်ရဲ့ ညာဘက်ခြမ်းက စက်မှုဇုန်လုပ်ဖို့ ဆိုပြီး မြေတွေကို သိမ်းထားတာလေ။ အဲဒါကြောင့် ညာဘက်အခြမ်းတော့ အရောင်းအဝယ် လုပ်လို့ မရဘူး။ ဆည်ရဲ့ ဘယ်ဘက်အခြမ်းနဲ့ မျက်နှာချင်းဆိုင် ဘက်တွေကိုတော့ အရောင်းအဝယ် တော်တော် သွက်တယ်” ဟု သန်လျင်တွင် ရုံးခွဲဖွင့်ထားသည့် အာရှမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

သီလဝါစက်မှုဇုန်အနီးရှိ ဖလမ်း မြို့ပြကွက်သစ်တွင် ပေ ၄၀ x ၆၀ တကွက်လျှင် သိန်း ၄၀၀ ဖြင့် ဈေးခေါ်နေလျှက်ရှိပြီး ထို စက်မှုဇုန် အနီးတွင်ပင် ရှိသည့် စံချိန်မီ အဆင့် ၁၊ ၂၊ ၃ စသည့် တိုးချဲ့မြို့သစ်များ အနက် စံချိန်မီ အဆင့် ၂ က လမ်းမဘက် အခြမ်းတွင် ရှိသဖြင့် အရောင်းအသွက်ဆုံး ဖြစ်ကာ စံချိန်မီ အဆင့် ၁ နှင့် ၃ သည် အတွင်းပိုင်းကျသဖြင့် အရောင်းသွက် သော်လည်း အဆင့် ၂ ကို မမီကြောင်း သိရသည်။

“ပုဂ္ဂလိကပိုင် လယ်မြေပိုင်ရှင် တွေကသာ ဈေးနှုန်းကို သိန်း ၄၀၀ လောက်အထိ ခေါ်နေတာ။ ဈေးနှုန်းကို အဲဒီလောက် မြှင့်ခေါ်တော့ ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး။ သိန်း ၁၅၀၊ ၂၀၀ နဲ့ ရနိုင်တဲ့ စံချိန်မီ အဆင့် ၁၊ ၂၊ ၃ က ပါမစ်မြေတွေ၊ စလစ်မြေတွေကိုပဲ အဝယ်များကြတယ်။ အကွက်ရိုက်ထား ပြီးသားလို့ ပြောပေမယ့် အရောင်းအဝယ် လုပ်ရင် မြေပုံပေါ်မှာပဲ ကြိုက်တဲ့အကွက် လက်ညိုးထောက်ဝယ်၊ အရောင်းအဝယ်ဖြစ်သွားရင် မြေတိုင်းခေါ်ပြီး အကွက်ရိုက်ခိုင်း၊ ဒီလိုတွေပေါ့” ဟု သန်လျင်မြို့နယ် လက်ယက်စမ်း ကျေးရွာ အနီးတွင် နေထိုင်သူ ဦးသိန်းစိုးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ စီမံကိန်းအနီးရှိ မြေကွက်များသာ အရောင်းအဝယ် သွက်နေသော်လည်း သန်လျင်မြို့ထဲနှင့် အနီးတဝိုက်တွင်မူ ပုံမှန်ဈေးနှုန်းဖြင့် အရောင်းထိုင်းနေသည်မှာ ယခုလဆန်းပိုင်းမှ စ၍ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှ အများပိုင် ကုမ္ပဏီ ဖွဲ့စည်း၍ ဂျပန်နိုင်ငံဘက်မှ ကုမ္ပဏီပေါင်းများစွာနှင့် ဖက်စပ် လုပ်ကိုင် အကောင်အထည်ဖော်မည် ဖြစ်သည့် သီလဝါ စက်မှုဇုန်အတွက် လျာထားသည့် မြေဧရိယာ အကျယ်အဝန်းမှာ စတုရန်းဟက်တာ ၂၄၀၀ ခန့် ရှိကာ သီလဝါစက်မှုဇုန် စီမံကိန်း တည်ဆောက်ရန် ဇန်နဝါရီလ ၉ ရက်နေ့က ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု
လုပ်ငန်းရှင်များ အသင်းချုပ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ပြီး အဆိုပါက စက်မှုဇုန်အား ၂၀၁၅ ခုနှစ်၌ လုပ်ငန်းစတင် လည်ပတ်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုခဲ့သည်။

Your Thoughts …
Tags: EconomyLand
ညိမ်းပြည့်စုံ

ညိမ်းပြည့်စုံ

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြန်ဖြစ်၊ စစ်ဗိုလ် တဦး ကျဆုံး

ကေအိုင်အေနှင့် မြန်မာစစ်တပ် တိုက်ပွဲ ပြန်ဖြစ်၊ စစ်ဗိုလ် တဦး ကျဆုံး

၁၁ ဘီလျံ သတင်းထူး

၁၁ ဘီလျံ သတင်းထူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate