• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် သီလဝါက အလုပ်ပေးနိုင်မည်ဟု အစိုးရ မျှော်လင့်

by ဆိုင်မွန် ရောက်ဂ်နင်း
30 November 2013
in စီးပွားရေး
A A
သီလဝါ, အထူးစီးပွားရေးဇုန်, ရွေးကောက်ပွဲ, ကုန်သည်ကြီးများ, စက်မှုလုပ်ငန်းရှင်, အလုပ်အကိုင်

ရန်ကုန်မြို့အနီး သီလဝါရှိ ဆိပ်ကမ်း အဝင်ဂိတ်တစ်ခု (ဓာတ်ပုံ - ဧရာဝတီ)

5.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့အနီးရှိ သီလဝါတွင် မကြာမီစတင် အကောင်အထည်ဖော်တော့မည့် “အထူးစီးပွားရေးဇုန်” သည် ၂၀၁၅ ရွေးကောက်ပွဲကာလ ရောက်လျှင် အလုပ်အကိုင်နေရာပေါင်းများစွာ ဖန်တီးပေးနိုင် လိမ့်မည် ဟု အစိုးရတာဝန်ရှိသူများက မျှော်လင့်ထားကြသည်။

ဧက ၆၀၀၀ ကျယ်ဝန်းသည့် သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်းများ မကြာမီ စတင်တော့မည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒုတိယဥက္ကဌ ဦးဆက်အောင်က ပြောသည်။ “တည်ဆောက်ရေးလုပ်ငန်းတွေက ၂၀၁၅ မှာ အပြီး သတ်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ သီလဝါက စီးပွားရေးလုပ်ငန်းတွေ အဲဒီအချိန်ကစပြီး လုပ်ဆောင် နိုင်ပါလိမ့်မယ်” ဟု သူက ဧရာဝတီသို့ပြောသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.6k
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
1k
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
941

ဤသို့ဖြစ်လျှင် လက်ရှိအာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ယခုအချိန်တွင် အနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့ပြီဖြစ်သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ထိပ်တိုက်ရင်ဆိုင်ကြမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ မဲဆန္ဒရှင်များအတွက် အလုပ်နေ ရာများ ပေါ်ပေါက်လာနိုင်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) ၏ ဦးဝင်းအောင်က အထည်ချုပ်လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်းနှင့် မော်တော်ကားစက်ရုံများ ပါဝင်မည့် သီလဝါ အထူးစီးပွားရေးဇုန် ပထမ အဆင့် ပြီးစီးသွားလျှင် လူဦးရေ ၃၇ ရာခိုင်နှုန်းခန့် အလုပ်လက်မဲ့ဖြစ်နေသည်ဟု ခန့်မှန်းရသော မြန်မာနိုင်ငံအတွက် သောင်းနှင့် ချီသော အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင်မည်ဟု ခန့်မှန်းသည်။

“အဲဒါတွေက အဆင့် ၃ ဆင့် ရှိတဲ့ သီလဝါဖွံ့ဖြိုးရေး စီမံကိန်း ပထမအဆင့်ရဲ့ အစိတ်အပိုင်းဖြစ်လာပါမယ်” ဟု ဦးဝင်းအောင်က ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ယခင်အပတ်က ရန်ကုန်မြို့တွင်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အလုပ်သမားအင်အား သုံးစွဲမှု နည်းပါးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများနှင့်သာ လုပ်ကိုင်တတ်သည့် စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် ရာစုနှစ်များစွာ ရှိနေခဲ့ရပြီးနောက် ယခုအချိန်တွင် အလုပ်အကိုင် နေရာ ဖန်တီးနိုင်ရေးသည် အစိုးရ၏ စီးပွားရေး မူဝါဒတွင် အရေးပါသည့် ကဏ္ဍတခုဖြစ်လာသည် ဟု တာဝန်ရှိသူတို့က ပြောကြသည်။ အလုပ်အကိုင်နေရာများစွာ ဖန်တီးပေးနိုင်သော အထည်ချုပ်လုပ်ငန်းကဲ့သို့ လုပ်ငန်းမျိုးကို အနောက်နိုင်ငံများက ယခင် စစ်အစိုးရ လက်ထက် စီးပွားရေး ပိတ်ဆို့တားမြစ်ထားခဲ့သည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ခင်စန်းရီက ယခုအချိန်တွင်  “မြန်မာနိုင်ငံဟာ အလုပ်သမား အင်အားကို အဓိကထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ငန်းတွေကို အလေးပေးမြှင့်တင်နေပါတယ်” ဟု ပြော သည်။

အလုပ်အကိုင် နေရာဖန်တီးရေးသည် စီးပွားရေးတွင် အစိုးရ၏ ပထမဦးစားပေး ဖြစ်နေချိန်တွင် စက်မှုလုပ်ငန်း ရေရှည် ဖွံ့ဖြိုးရေး အစီအစဉ်ကိုလည်း ချမှတ် အကောင်အထည် ဖော်နေပြီး ၂၀၁၃ ခုနှစ်အစောပိုင်းတွင် အစိုးရက ထုတ်ပြန်ကြေငြာ ခဲ့သော စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေး မူဝါဒများအတိုင်း ဖြစ်လာဖွယ်ရှိသည်ဟု အစိုးရ တာဝန်ရှိသူများက မျှော်လင့်နေကြသည်။

“နောက်ပိုင်းကျရင်တော့ ကျမတို့က ထပ်တိုးတန်ဖိုး စက်မှုလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်သွားပါမယ်။ အကြီးစား စက်မှုလုပ်ငန်းတွေ၊ နည်းပညာမြင့်တဲ့ လုပ်ငန်းတွေ ပိုများလာစေဖို့ ၂၀၃၀ ကို ဦးတည်ချက်ထားပြီးတော့ လုပ်ဆောင်သွား မှာဖြစ်ပါတယ်” ဟု လည်း ဒေါက်တာခင်စန်းရီ ကဆိုသည်။

သို့သော်လည်း သီလဝါသည် မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ရာနှုန်းခန့် နေထိုင်လျှက်ရှိသည့် ရန်ကုန်မြို့နှင့် နီးကပ်နေသော ကြောင့် အကြီးစားစက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာဖွယ် မရှိပေ။ “စီမံကိန်းရဲ့ သဘာဝနဲ့ အနေအထားအရ ရန်ကုန်နဲ့ နီးကပ်လွန်းတဲ့အတွက် ရေနံဓာတုလုပ်ငန်းတွေနဲ့ အကြီးစား စက်မှုလုပ်ငန်းတွေကို မမျှော်လင့်ပါဘူး” ဟု ဦးဆက်အောင်က ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၁၁-၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရှိရာမှ ၂၀၁၂-၁၃ ခုနှစ်တွင် ၂.၇ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အဆိုအရ သိရသည်။ စီးပွားရေး တိုးတက်မှုနှုန်း မှာလည်း လက်ရှိ ဘဏ္ဍာရေးနှစ် ကုန်ဆုံးမည့် ၂၀၁၄ ခုနှစ် မတ်လတွင် ၆.၈ ရာခိုင်နှုန်းရှိလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ခန့် မှန်းထားသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ ချို့တဲ့မှု၊ ကုန်ကျစားရိတ်ကြီးမြင့်မှုနှင့် ပညာရေးနိမ့်ကျမှုတို့ကြောင့် တည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် မလွယ်ကူနိုင်ကြောင်း အစိုးရ တာဝန်ရှိသူများက လက်ခံထားကြသည်။

အထူးစီးပွားရေးဇုန်မှ စက်မှုလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော လျှပ်စစ် ဓာတ်အား မလုံလောက်မှု ပြဿနာမှ ရှောင်လွှဲနိုင်ရန်အတွက် ၅၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ကိုယ်ပိုင်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည်ဖြစ်သည်။ “ရန်ကုန်မှာ ရှိပြီးသား ဓာတ်အားပေး စနစ်ကို အဆင့်မြှင့်တဲ့နေရာမှာလည်း သီလဝါ က အကျိုးအမြတ်ရှိစေပါလိမ့်မယ်” ဟု ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ၏ ညွှန်းကိန်း အများစုတွင် အောက်ဆုံးနေရာအနီးတွင် စာရင်းဝင်နေသော်လည်း အစိုးရတာဝန်ရှိ သူများက မြန်မာနိုင်ငံ၏ စီးပွားရေးက အကောင်းဖက်သို့ရောက်သွားလျှင် အခြေအနေများကို ပြောင်းလဲနိုင်လိမ့်မည် ဟု တာဝန်ရှိသူများက ဆိုသည်။ “ကျနော်တို့မှာ ရှိနေတဲ့ ပြဿနာတွေကို ကြောက်ရွံ့ပြီး ရှောင်လွှဲနေလို့ မရပါဘူး” ဟု သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦးလည်း ဖြစ်သော ဦးဆက်အောင်ကပြောသည်။ “အကျင့်ပျက် ခြစားမှုကလည်း ကျနော်တို့ အတွက် အဓိက အခက်အခဲတခုပါ” ဟုလည်း သူက ဝန်ခံခဲ့သည်။

Yoma Strategic Holding ၏ ဥက္ကဌ Mr. Serge Pun က နောက်ထပ်အတားအဆီး တခုမှာ ကောလာဟလများကြောင့် မြေဈေးများ မြင့်တက်နေခြင်းဖြစ်သည် ဟုပြောသည်။ တည်ဆောက်ရန် အလားအလာရှိနေသည့် စက်ရုံများကို အဟန့် အတားဖြစ်စေပြီး အကျိုးဆက်အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ရသင့်သည်ထက် နည်းပါးသွားနိုင်သည် ဟုလည်း သူကဆိုသည်။

“အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတွေကို သူတို့တတ်နိုင်တဲ့ မြေရရှိနိုင်အောင် စီစဉ်ပေးတဲ့နည်းနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ထားပါတယ်။ အဲဒါက အလုပ်အကိုင်အခွင့် အလမ်းတွေကို ဖန်တီးပေးပါလိမ့်မယ်” ဟု Mr. Serge Pun က သူ မျှော်လင့်ထားသည်ကို ပြောသည်။

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် ၃ ခု အနက်မှ တခုဖြစ်သော သီလဝါ အထူးဇုန်သည် မြေယာသိမ်းယူခြင်းများလည်း ရှိနေပြီး ထိုနေရာတွင် နေထိုင်သော လယ်သမားများအား လုံလောက်သည့် နစ်နာကြေး ပေးလျော်ခြင်း မရှိဆိုသည့် စွပ်စွဲချက်များ နှင့် ရင်ဆိုင်နေရသည်။  ဦးဆက်အောင်က “ကျနော်တို့ အိမ်ထောင်စု ၈၀ ကျော်လောက်ကို စီမံကိန်း ဧရိယာ အနားက နေရာတခုမှာ ပြန်လည်နေရချထားပေးခဲ့ပါတယ်” ဟု ဧရာဝတီကို  ပြောသည်။

Your Thoughts …
Tags: Economy
ဆိုင်မွန် ရောက်ဂ်နင်း

ဆိုင်မွန် ရောက်ဂ်နင်း

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.2k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
188

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
မီဒီယာ, ဒီမိုကရေစီ, ဆင်ဆာ, ဂျာနယ်လစ်ဇင်, သတင်းစာ

ပြုပြင်ပြောင်းလဲမှုနဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အနေအထား

နိုင်ငံရေးအကျဉ်းသား, ဦးခင်ညွန့်, စစ်ထောက်လှမ်းရေး

နိုင်ငံရေး အကျဉ်းသားများ “အပြစ်ရှိတယ်” ဟု ဦးခင်ညွန့် ပြော

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate