• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြေပိုင်သူများကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ် ငွေချေးမည်

by ထက်နိုင်ဇော်
20 January 2014
in စီးပွားရေး
A A
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးဘဏ်,ဘဏ်ချေးငွေ, မြေပိုင်ရှိသူများ,အဆောက်အအုံ ဆောက်လုပ်ရန်, CHD

ရန်ကုန်မြို့ နဝဒေး လမ်းရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHD) ဘဏ် ရုံးချုပ် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

6.5k
VIEWS
Share on FacebookShare on Twitter

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး (CHD) ဘဏ်က မြေပိုင်ရှိသူများ အတွက် ဘဏ်ချေးငွေ ထုတ်ပေးသော စနစ်ကို မြန်မာနိုင်ငံတွင် စတင် ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြီးကြပ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားသည့် CHD ဘဏ်က မတည်ရင်းနှီးငွေ ကျပ် ဘီလီယံ ၁၀၀ ဖြင့် ဆောက်လုပ်ရေးအထူးချေးငွေများ၊ အိမ်ရာဆောက်လုပ်ရေး ချေးငွေများ၊ အိမ်ရာ ဝယ်ယူရန် ချေးငွေများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း CHD ဘဏ်က တရားဝင် ထုတ်ပြန်ထားသည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
198
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k

အခြေခံ လူတန်းစားများ ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင်ရန်၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ဝယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း CHD ဘဏ်၏ လက်ထောက် အထွေထွေ မန်နေဂျာ ဦးတင်ယုက ဧရာဝတီသို့ ပြောသည်။

“ငွေချေးမယ်ဆိုရင် အတိုးက ၁၃ ကျပ်နှုန်းနဲ့ ၃လ တခါ ပေးရမယ်။ နှစ်တိုပဲ ချေးမှာ။ Extenstion (ငွေချေးကာလ ထပ်တိုး)နဲ့ဆိုရင် တော့ ၃ နှစ်လောက်အထိ ရနိုင်တယ်။ မြေပိုင်ရှင်နဲ့ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ပြီးမှ ဒီမှာ ငွေချေးလို့ ရမှာ။ ချေးငွေလိုချင်ရင် လျှောက် လွှာ လာတင်လို့ ရပါပြီ”ဟု ဦးတင်ယုက ပြောပြသည်။

မြေပိုင်ရှိသူများမှာ ဂရမ် အမည်ပေါက် ပေ ၄၀x ပေ ၆၀ မြေကွက် ပိုင်ဆိုင်ရန်လိုအပ်ပြီး ယင်းမြေပေါ်တွင် အဆောက်အအုံ ဆောက် လုပ်လိုပါက မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ချေးငှားပေးမည် ဖြစ်သည်။ မြေဂရမ်ကို ဘဏ်တွင် အပေါင် အဖြစ် အပ်နှံထားရမည့်အပြင် မြေပေါ်တွင် ဆောက်လုပ်မည့် ကန်ထရိုက်တာ အနေဖြင့်လည်း မြေနှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ဘဏ်သို့ ပေးသွင်းထားရမည် ဖြစ်သည်။

“ဘဏ်ရဲ့ အားသာချက်က ဆောက်လုပ်ရေး ချေးငွေ ပေးတာပဲ။ မြေချည်းပဲ အပေါင်ထားရုံနဲ့ ပိုက်ဆံ ထုတ်ချေးမယ်။ တခြားဘဏ် တွေမှာ ဒါမျိုးမရဘူး။ တခြားဘဏ်တွေက အခြေခံ လူတန်းစားထက် လုပ်ငန်းရှင်တွေကိုပဲ ကြည့်တာ များတယ်။ နှစ်ရှည်ချေးဖို့ အတွက် ဗဟိုဘဏ်က ခွင့်မပြုသေးဘူး။ ဒါပေမယ့် Project Loan (စီမံကိန်းချေးငွေ)တွေကိုတော့ နှစ်ရှည် ချေးပေး သွားမယ်။ ကန်ထရိုက်ဆီက အပေါင်ယူထားရတာ ကလည်း ပိုခိုင်မာအောင်လို့။ အဆောက်အအုံပြီးလို့ ငွေအကြေ ပြန်ဆပ်ရင် ဒီပိုက်ဆံ ပြန် ထုတ်ပေးမယ်”ဟုလည်း ဦးတင်ယုက ပြောဆိုသည်။

မြေပိုင်ရှိသူသည် ၃ လ တကြိမ် အတိုး ၁၃ ရာခိုင်နှုန်း ပေးရမည် ဖြစ်ပြီး အဆောက်အအုံ ဆောက်လုပ်ရန် အတွက် ကန်ထရိုက်နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ပြသရမည် ဖြစ်ကြောင်း၊ ချုပ်ဆိုထားသည့် စာချုပ်တွင်ပါသည့် အချိန်ကာလအတွင်း ချေးငွေကို အကျေ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

မြေပိုင်ဆိုင်မှုရှိပါက ငွေချေးမည့် အစီအစဉ်ကို စိတ်ဝင်စားသူများ ရှိနေသော်လည်း ဘဏ်၏ စည်းကမ်းချက်များထဲတွင် မြေ နှင့် အဆောက်အအုံ တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း အပေါင်သွင်းထားရမည့် အချက်မှာ အဆင်မပြေနိုင်ကြောင်း ဘဏ်ချေးငွေ ရယူလိုသူများက ပြောဆိုကြသည်။

“ဘဏ်ရဲ့ ငွေချေးတဲ့ ပုံစံမှာ ကန်ထရိုက်ကို ၂၀ ရာခိုင်နှုန်း သွင်းခိုင်းတာတော့ အဆင်မပြေဘူး။ အစ်မတို့က ကိုယ်ပိုင် ဆောက်ချင် တာ။ အခုက ကန်ထရိုက်ပါ လိုနေတယ်။ ပြီးတော့ သူ(ဘဏ်)က ၃၀ ရာခိုင်နှုန်းပဲ ချေးမှာ။ နှစ်ရှည်ချေးမယ့့် ပုံစံလည်း မဟုတ်တော့ ပြန်မဆပ်နိုင်ရင် ဘယ်လိုလုပ်မလဲ”ဟု ဘဏ်ချေးငွေအတွက် သာကေတမြို့နယ်မှ လာရောက်စုံစမ်းသော ဒေါ်ယုယု ဆိုသည့် အမျိုး သမီး တဦးက ပြောသည်။

မြေပိုင်ဆိုင်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရန်အတွက် CHD ဘဏ်၏ ဝန်ဆောင်မှုသစ် ဖြစ်သော်လည်း အာမခံ ယူထားသည့် နှစ်တိုချေးငွေ ပုံစံသာ ဖြစ်သောကြောင့် ထူးခြားမှု မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ပြုလုပ် ပေးနေသော ဆင်းရဲသားများ တန်ဖိုးနည်း အိမ်ရာ ပိုင်ဆိုင်နိုင်ရေး အတွက် အစိုးရ၏ နှစ်ရှည်ချေးငွေ ပုံစံ ပြုလုပ်မှသာလျှင် အဆင်ပြေမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း ပညာရှင်နှင့် ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဖြစ်သူ ဦးသန်းလွင်က ဧရာဝတီသို့ ပြောသည်။

“တခြားဘဏ်တွေလည်း နှစ်တို ချေးငွေကတော့ ပေးနေတာပဲ။ သိပ်မထူးခြားပါဘူး။ သူက အာမခံကို မြေယူတာ တခုတော့ သာ တယ်။ ဒါကလည်း ၂ နှစ်လောက် အတွင်းမှာ အိမ်ဆောက်ပြီး ပြန်ဆပ်ရမှာ။ နှစ်ရှည် ချေးငွေကျတော့လည်း အစိုးရ ပါမှ ရမှာ။ အပ် ငွေကလည်း နှစ်ရှည်အပ်မှ ဘဏ်ကနှစ်ရှည် ပြန်ချေးလို့ ရမှာ။ နောက်ပြီး ဒီမှာ အတိုးနှုန်းကလည်း မငြိမ်သေးဘူး။ ငွေကြေး ဖောင်း ပွ မှုတွေလည်း ငြိမ်ဖို့လိုတယ်။ အခြေခံ စီးပွားရေး တည်ငြိမ်မှ ဒီလို လုပ်ငန်းတွေ စလို့ရမှာ။ နိုင်ငံခြားငွေတွေ ဝင်လာဖို့ လိုတယ်။ အဲဒါတွေ သိပ်မပြည့်စုံဘဲနဲ့တော့ သိပ်မလွယ်သေးဘူး”ဟု ဦးသန်းလွင်က ပြောဆိုသည်။

အခြေခံ လူတန်းစားများ အတွက် ကောင်းမွန်သော အိမ်ရာများ၊ တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို အရစ်ကျ ဝယ်ယူနိုင်စေရန် ဆိုသော ရည်ရွယ်ချက်ဖြင့် နှစ်တို ချေးငွေများ ထုတ်ပေးမည် ဆိုသော်လည်း ပထမဆုံး ဝန်ဆောင်မှုမှာ မြေပိုင်ရှိသူများ အတွက် အဆင်ပြေမည့် သဘော ဖြစ်နေသည်ဟုလည်း ဆိုသည်။

CHD ဘဏ်၏ ဝန်ဆောင်မှု ကြေညာ စာရွက်တွင် လုံးချင်းအိမ် ဝယ်လိုသူများ၊ ကွန်ဒိုအခန်း ဝယ်လိုသူများ ၊ တိုက်ခန်းဝယ်လိုသူများ ချေးငွေ လိုအပ်ပါက ဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ယင်းဝန်ဆောင်မှုကို လတ်တလော စတင် နိုင်ဦးမည် မဟုတ်ကြောင်း CHD ဘဏ် မန်နေဂျာတဦးကလည်း ပြောဆိုသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ အိမ်ရာမှ CHD ဘဏ်သို့ လာရောက်စုံစမ်းသည့် ဒေါ်ခင်ဖြူဖြူလှက“တန်ဖိုးနည်း အိမ်ရာဝယ်ချင်လို့ လာစုံစမ်းတာ။ ဘဏ်က တိုက်ရိုက် မရောင်းဘူး။ သူက အိမ်ရာဆောက်မယ့်သူတွေကိုပဲ ငွေအရင် ချေးမှာ။ မိသားစု လေး ယောက် ရှိတာ အိမ်ရှိ လူအကုန် အလုပ်လုပ်တာ အိုးပိုင်အိမ်ပိုင် မရှိသေးဘူး။ တန်ဖိုးနည်း အိမ်ရာလေး တခုမှာ အိုးပိုင်အိမ်ပိုင်လေး တော့ ဖြစ်ချင်တယ်”ဟု ပြောသည်။

CHD ဘဏ်က ထုတ်ပြန် ကြေညာချက်၌လည်း ဆောက်လုပ်ရေး အထူးချေးငွေအဖြစ် ငွေချေးယူလိုပါက လုပ်ငန်းရှင်များ အနေဖြင့် မရွှေ့မပြောင်းနိုင်သော မြေ၊ အဆောက်အအုံ ပစ္စည်းတို့ကို ဘဏ်သို့ အာမခံ အပေါင်အဖြစ် ပေးထားရမည် ဖြစ်ပြီး ချေးယူမည့် ပိုင်ဆိုင်မှု တန်ဖိုးအပေါ်တွင် မူတည်၍ ၃၀ ရာခိုင်နှုန်း ချေးငှားပေးမည် ဖြစ်ကြောင်း၊ အစိုးရ အကောင်အထည်ဖော်သော စီမံကိန်းများ အတွက် စီမံကိန်း တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ချေးငှားပေးသွားမည် ဖြစ်ကြောင်း ပါရှိသည်။

CHD ဘဏ် ရုံးချုပ်ကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေး လမ်းတွင် ဖွင့်လှစ်ထားပြီး ပထမဆုံး ဘဏ်ခွဲအနေနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အိုးအိမ် ဦးစီး ဌာနရုံးတွင် ဖွင့်လှစ်ထားသည်။

နေပြည်တော် ၊ မန္တလေး၊ မကွေး၊ ပြည်၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင်လည်း ဘဏ်ခွဲများ ဆက်လက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး တလလျှင် တဘဏ်နှုန်း ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။

Your Thoughts …
Tags: Economy
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
စာအုပ်အညွှန်း, အဝိဇ္ဇာမြို့ကလေး, ခင်မြဇင်

အဝိဇ္ဇာ ပိတ်ကာဆို့ မိစ္ဆာမြို့ ပြင်ပြင်

အပူပိုင်းဇုန်ဒေသ, ဆင်းရဲနွမ်းပါးမှု, စားနပ်ရိက္ခာ မလုံလောက်မှု, ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်, ကလေးသူငယ် စောင့်ရှောက်ရေးအဖွဲ့, မွေးမြူရေး၊ ရေလုပ်ငန်း, နယ်စပ်ရေးရာ ဝန်ကြီးဌာန, ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ ဆင်းရဲနွမ်းပါးမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate