• English
Saturday, September 23, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home စီးပွားရေး

          ၂၀၁၅ ရွေးကောက်ပွဲအထိ ဆောက်လုပ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု အေးနေဦးမည်

          by ဝီလျံဘွတ်
          4 February 2014
          in စီးပွားရေး
          Reading Time: 1 min read
          A A
          4.9k
          VIEWS
          Share on FacebookShare on Twitter

          ရွေးကောက်ပွဲနှင့် ပတ်သက်သော နိုင်ငံရေးတည်ငြိမ်မှုအခြေအနေအပေါ် စိုးရိမ်ပူပန်ကြသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက ချီတုံချတုံ ဖြစ်နေကြသည့်အတွက် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးမှုသည် ၂၀၁၅ ခုနှစ်ကုန်ပိုင်း လောက်အထိ သာမန်အနေအထားလောက်သာရှိ နေဦးမည်ဟု စီးပွားရေးလေ့လာမှုတခုက ဆိုသည်။

          အဆောက်အဦနှင့် အခြေခံအဆောက်အဦများ အထူးနည်းပါးနေမှုကြောင့် မြန်မာနိုင်ငံကအရေးပါသည့် စီမံကိန်းအခွင့် အလမ်းများကို ရင်းနှီးမြှုပ်နှံ မှုများအတွက် ကမ်းလှမ်းခဲ့သည်ဟု Business Monitor International (BMI) ၏ မြန်မာနိုင်ငံ ပြုပြင်တည်ဆောက်မှုဆိုင်ရာ အကဲဖြတ်ချက်တခုတွင် ဖော်ပြထားသည်။

          RelatedPosts

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          22 September 2023
          423
          စစ်ကောင်စီသတ်မှတ်သည့် မိုးစပါးဈေး တောင်သူ တွက်ခြေမကိုက်

          စစ်ကောင်စီသတ်မှတ်သည့် မိုးစပါးဈေး တောင်သူ တွက်ခြေမကိုက်

          22 September 2023
          716
          စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

          စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

          21 September 2023
          1.6k

          သို့သော်လည်း ရင်းနှီးမြှုပ်နှံသူ အများအပြားက နိုင်ငံရေးတည်ငြိမ်မှုကို သံသယရှိနေဆဲဖြစ်သည့်အတွက် အဆောက်အဦ တည်ဆောက်မှုများသည် ၂၀၁၂ ခုနှစ်တွင် မြင်ရသည့် အနေအထားမျိုးအတိုင်း နောက်လာ မည့် ကာလအနည်းငယ်အထိ ဆက်လက်ရှိနေဦးမည် ဖြစ်သည်ဟုလည်း BMI က ကြိုတင်ခန့် မှန်းလိုက်သည်။

          “ဆောက်လုပ်ရေး ကဏ္ဍမှာ အရင်းအနှီးကြီးတဲ့ လုပ်ငန်းတွေ အကောင်အထည်မဖော်ခင် ပိုကောင်းတဲ့ နိုင်ငံရေး တည်ငြိမ်လာဖို့ကို ရင်းနှီးမြှုပ်နှံသူအများစုက စောင့်ဆိုင်းနေနိုင်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အဆိုပါ လေ့လာချက်တွင်ဖော်ပြထားသည်။ Business Monitor International (BMI) သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အခြေစိုက်ပြီး နယူးယောက်နှင့် စင်ကာပူတို့တွင် ရုံးခန်းများဖွင့်လှစ်ထားသည်။

          မြန်မာနိုင်ငံတွင် လွှတ်တော်အသစ်အတွက် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည်။ လွှတ်တော်အသစ်က သမ္မတ အသစ်ကို ရွေးချယ်မည်ဖြစ်သည်။

          လက်ရှိသမ္မတ ဦးသိန်းစိန်က နောက်တကြိမ် ပြန်လည်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိ၊ မရှိ မသေချာသေးသလို ပြည်ထောင်စု လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကလည်း သမ္မတ ရာထူးအတွက် အသင့်ဖြစ်နေသည်။ သို့သော် လက်ရှိကျင့်သုံးနေသည့် အခြေခံ ဥပဒေက အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ် ခွင့်မရှိအောင် တားဆီးထားသည်။

          မြန်မာနိုင်ငံ၏ စီးပွားရေးကို ခေတ်မီတိုးတက် လာအောင် ဆောင်ရွက်ရာတွင် အဓိကကျသော လမ်း၊ ဆိပ်ကမ်း၊ အိမ်ရာမှသည် စက်ရုံအလုပ်ရုံများ အထိပါဝင်သည့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးလာရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများက မရှိမဖြစ် လိုအပ်သည်ဟု ယူဆထားကြသည်။

          “ဆောက်လုပ်ရေး ကဏ္ဍဖွံ့ဖြိုးမှုနှုန်းက ၂၀၁၃ ခုနှစ်မှာ ၉ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ၂၀၁၄ ခုနှစ်မှာ ၉ ဒသမ ၇ ရာခိုင်နှုန်းရှိမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ဒီလို အနည်းငယ်မြင့်မားတဲ့ ဖွံ့ဖြိုးမှုနှုန်းတွေဖြစ်လာရ တာက မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် ခိုင်မာတဲ့အခြေခံတွေ ဆက်လက်တည်ရှိနေလို့ ဖြစ်ပါတယ်” ဟု BMI ၏ “Construction Boom Not a Guarantee” အမည်ရှိ လေ့လာမှုစာတမ်းတွင် ဖော်ပြထားသည်။

          “ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး ကဏ္ဍဟာ ဖွံ့ဖြိုးမှုအလားအလာကို ချဲ့ထွင်နိုင်ပြီး တော့ဖွံ့ဖြိုးမှုနှုန်း ဂဏန်း ၂ လုံး (ဆယ်ဂဏန်း)အထိ ဖြစ်လာဖွယ်မရှိဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဒီကဏ္ဍ ကျဆင်းသွားပြီးတော့ ဖွံ့ဖြိုးမှုနှုန်း ၈ ဒသမ ၅ အထိ ကျဆင်းသွားမယ်လို့ ကျနော်တို့ ယူဆထားပါတယ်” ဟုလည်း BMI က ခန့်မှန်းထားသည်။

          အဆိုပါ မှန်းဆမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အကန့်အသတ်ရှိနေခြင်းနှင့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများ ပေါ်ပေါက်လာရန် အလွန်အလား အလာရှိနေခြင်းဆိုသည့်အချက် ၂ ချက်ကြောင့် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

          ဥရောပ သမဂ္ဂ၊ တရုတ်နှင့် အမေရိကန်နိုင်ငံ များမှရင်းနှီးမြှုပ်နှံသူများကလည်း ၎င်းတို့ နိုင်ငံများတွင် စီးပွားရေးနာလန်ပြန်ထရန် ခက်ခဲမှုကြောင့် တုံ့ဆိုင်းနေကြမည်ဖြစ်သည်။

          “စီးပွားရေး ရာသီဥတု မသေချာမှုကြောင့် ကုမ္ပဏီတွေက သတိကြီးကြီးနဲ့ ဆက်လက်စောင့်ကြည့် နေဖွယ်ရာရှိပြီးတော့ စွန့်စားရမှုများတဲ့ မြန်မာနိုင်ငံလို နေရာမျိုးက ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချတာတွေ ရှိလာနိုင်ပါတယ်” ဟု BMI က ဖော်ပြခဲ့သည်။

          ထို့ပြင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်သက်ဝင် နိုးကြားလာရေးအတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်မှုကို တွန်းအားတခုသဖွယ် ကြီးမားစွာ မှီခိုနေရခြင်းက အဓိကကျသည့် ခြိမ်းခြောက်မှု တခု ဖြစ်နေခြင်းကိုလည်းထို မသေချာ မရေရာမှုများက ပြသနေသည်ဟုလည်း BMI ကဆိုသည်။

          မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် လိုအပ်သောငွေကြေး အရင်းအနှီးနှင့် ဘဏ္ဍာရေး ဆိုင်ရာကျွမ်းကျင်မှုများ အားနည်းနေကြောင်းလည်း BMI ကပြောသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေသည် ၂၀၁၃ ခုနှစ်တွင် GDP ၏ ၈ ရာခိုင် နှုန်းခန့်သာရှိသည်ဟု ခန့်မှန်းခဲ့သည်။

          အစီရင်ခံစာကကာလတိုအတွက် ဆောက်လုပ် ရေးကဏ္ဍဖွံ့ဖြိုးမှုကို သတိထား၍ ခန့်မှန်းခဲ့သော်လည်း နိုင်ငံရေးတည်ငြိမ်မှုသာ ဆက်လက်ရှိနေခဲ့လျှင် ၂၀၁၅ နောက်ပိုင်း၏ အလားအလာသည် အလွန်ကောင်း နေကြောင်း ဖော်ပြထားသည်။

          “၂၀၁၆ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြားမှာ အမှန် တကယ်ဖွံ့ဖြိုးမှုနှုန်းက ပျမ်းမျှ တနှစ်ကို ၁၀ ဒသမ ၈ ရာခိုင်နှုန်းရှိပြီးတော့ အာရှမှာဖွံဖြိုးတိုးတက်မှု အမြန်ဆုံး ဆောက်လုပ်ရေးဈေးကွက် ဖြစ်လာမယ်လို့ ခန့်မှန်းပါတယ်”ဟု ဆိုသည်။

          ယခုလို ကာလလတ်တခုအတွက် အကောင်းမြင်သုံးသပ်ရခြင်းမှာ မြန်မာနိုင်ငံသည် နိမ့်ကျသော စီးပွားရေးအခြေအနေမှ စတင်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟုလည်း သုံးသပ်ချက်က ဆိုသည်။ လုပ်ခ နည်းပါးခြင်းနှင့် အရင်းအမြစ်ကြွယ်ဝခြင်းတို့ကို ပေါင်းစပ်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက် ဆွဲဆောင်နိုင်လိမ့်မည်ဟုလည်းရေးသည်။ မြန်မာနိုင်ငံတွင် အလုပ်သမားခက တရုတ်နိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများထက် သိသိသာသာနည်းပါးသည်။

          ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းကလည်း ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများဖြစ်သော လမ်းများ၊ လေဆိပ်များနှင့် ဟိုတယ်များ တည်ဆောက်ရေးအတွက် အဓိက တွန်းအားဖြစ်လာနိုင်သည်။ သို့သော်လည်း ဆောက်လုပ်ရေးကဏ္ဍအတွက် ခရီးသွားလုပ်ငန်းထက်ပို၍ ကြီးမားသည့် အရာမှာ မြို့ပြ များဖွံ့ဖြိုးလာသည့် အချက်ဖြစ်လိမ့် မည်ဟု BMI ကပြောသည်။

          “စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှအဓိက မြို့ကြီးတွေမှာဝင်ငွေကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်း တွေ ပေါ်လာမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ မြို့ပြလူဦးရေဟာ ၂၀၁၃ ခုနှစ်မှာတနိုင်ငံ လုံးလူဦးရေရဲ့ ၃၄ ရာခိုင်နှုန်း ရှိရာက နေ ၂၀၂၂ ခုနှစ်မှာ ၃၉ ရာခိုင်နှုန်းအထိဖြစ်လာမယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ လူနေအိမ်ခန်းတွေနဲ့ လူနေအိမ်မဟုတ်တဲ့ အဆောက်အဦလိုအပ်ချက်လည်း မြင့်တက်လာပါလိမ့်မယ်။ ဒီပြဿနာက မြန်မာနိုင်ငံမှာ ရှိနှင့်ပြီးသားလည်း ဖြစ်နေပါတယ်။ ဒါကြောင့် အိမ်ခြံမြေ ဈေးနှုန်းတွေအများကြီး တက် သွားပါလိမ့်မယ်” ဟု လည်းသူတို့က ခန့်မှန်းထား သည်။

          နောက်ထပ်အရေးကြီးသောအခြေခံ အဆောက် အဦလိုအပ်ချက်မှာ မြန်မာနိုင်ငံသည် အာရှ-ဥရောပ ကုန်သွယ်လမ်းကြောင်း၏ ဗျူဟာမြောက်နေသော နေရာတွင် တည်ရှိနေသည့်အတွက် အဆင့်မြင့် ပြုပြင်ဖို့ အလျင်အမြန် လိုအပ်နေခြင်းဖြစ်သည်။

          မြန်မာနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သော လမ်းများနှင့်ဆိပ်ကမ်းများသည် အာရှ၏ အခြေအနေ အဆိုးဆုံးများတွင် ပါဝင်နေကြောင်း ယမန်နှစ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ ညွှန်းကိန်းများ ထဲတွင် ဖော်ပြထားသည်။

          နောက်တဖက်မှကြည့်လျှင် အဆိုပါလမ်း ကြောင်းများ အဆင့်မြှင့်ပြုပြင်နိုင်ရေးသည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုအပေါ်တွင် မူတည်နေသည်ဟု ယူဆနိုင်ပြန်သည်။

          “ဒီလိုအဆိုးဘက်က အခြေအနေတွေရှိနေပေမယ့် ကျနော်တို့ အခြေခံထားတဲ့ ဖြစ်နိုင်ချေ အလားအလာက တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု ဆက်လက်တည်ရှိနေပြီးတော့ နိုင်ငံရဲ့ စီးပွားရေးမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်ရှိနေမယ်လို့ ယူဆပါတယ်။ ဒီအမြင်အတိုင်းဖြစ်လာလို့ ကတော့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးကဏ္ဍရဲ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းဖွံ့ဖြိုးမှုအလားအလာက အရမ်းကို ကောင်း ပါတယ်” ဟု BMI က နိဂုံးချုပ်လိုက်သည်။

          William Boot ၏ Investment in Burma’s Building Industry “ Modest” Until After Elections ကို ဘာသာပြန်ဆိုသည်။

          Your Thoughts …
          Tags: Economy
          ဝီလျံဘွတ်

          ဝီလျံဘွတ်

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          နယ်လှည့်ပါးရိုက်စို့

          နယ်လှည့်ပါးရိုက်စို့

          ထိုင်း-မြန်မာ နယ်စပ်, အုန်းဖျန် ဒုက္ခသည် စခန်း, မီးလောင်, နေအိမ် ၁၁ လုံး, UNHCR, KRC, NGO

          ထိုင်း-မြန်မာ နယ်စပ် အုန်းဖျန် ဒုက္ခသည် စခန်း အိမ် ၁၁ လုံး မီးလောင်

          No Result
          View All Result

          Recommended

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          25.2k
          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          1 week ago
          40.5k

          Most Read

          • စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို PDF တိုက်ခိုက်

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved