မေလမှ စ၍ တနင်္သာရီတိုင်း မြိတ်မြို့ နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြားတွင် တိုက်ရိုက်ခရီးစဉ်တခု တပတ် လျှင် ၂ ကြိမ် ပျံသန်းသွားမည်ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ၏ မြို့တော်နှင့် မြန်မာနိုင်ငံ၏ တောင်ဖက်ရှိ ကမ်းခြေမြို့ကို ဆက်သွယ်ပေးရန် ခရီးသည် ၁၆၈ ဦး လိုက်ပါနိုင် သည့် ဘိုးအင်း ၇၃၇ လေယာဉ် ၁စီးဖြင့် တည်ထောင်လိုက်သည့် လေကြောင်းလိုင်းသစ်က ကမ္ဘာလှည့် ခရီးသည်များ လာရောက်နိုင်ရန် လမ်းဖွင့်လိုက်ပြီဖြစ်သော လူသူအရောက်အပေါက်နည်းသည့် ကျွန်းစုဒေသသို့ ရောက်ရှိနိုင်ရန် လမ်းကြောင်းတခုဖြစ်လာသည်။
Union Express Charter လေကြောင်းလိုင်းကို Myanmar Union Express Aviation Group နှင့် Myeik Public Corporation တို့က ဖက်စပ်တည်ထောင်ခြင်းဖြစ်သည်။ မည်သည့် ကုမ္ပဏီမှ အင်တာနက်ဝက်ဘ်ဆိုတ်ရှိသည်ကို မတွေ့ရှိ ရသလို မည်သူတွေပါဝင်သည် ဆိုခြင်းမှာလည်း မရှင်းလင်းပါ။
၂၀၁၂ ခုနှစ် တွင် ဖွဲ့စည်းခဲ့သည့် အများပိုင် ကုမ္ပဏီတခုဖြစ်ပြီး မြိတ်ကျွန်းစု ဒေသတွင် ခရီးသွားစီမံကိန်း ၄ ခု အကောင် အထည်ဖော်ရန် စီစဉ်နေသော Myeik Public Corporation ၏ ကိုယ်စားလှယ်တဦးက ခရီးစဉ်များကို အပတ်စဉ် အင်္ဂါ နှင့် သောကြာနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ပြီး အသွားအပြန်လက်မှတ် တစောင်အတွက် အမေရိကန်ဒေါ်လာ ၁၄၀ ကျသင့် မည်ဟု ပြောသည်။
“ဒါက မြိတ်ကနေ ဘန်ကောက်ကို ပထမဆုံး တိုက်ရိုတ်ပျံသန်းတာ ဖြစ်ပါတယ်။ ဒေသခံတွေက ဘန်ကောက်ကို သွားတဲ့ အခါ ရန်ကုန်ကနေ တဆင့်သွားနေကြရတယ်” ဟု Myeik Public Corporation မှ မန်နေဂျာ ဦးကျော်မျိုးပိုင် ကပြော သည်။
ခရီးသည်များအတွက် တိုက်ရိုတ်ခရီးစဉ်က ပိုပြီး အဆင်ပြေစေလိမ့်မည်ဟု သူကပြောသည်။ ထိုင်းဈေးကွက်သို့ ပင်လယ် ထွက်ကုန်များ မြန်မြန်ဆန်ဆန် ပို့ဆောင်ပေးရန် အတွက်လည်း အသုံးပြုမည်ဟု သိရသည်။
Myiek Public Corporation မှ အခြားသော အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ခရီးစဉ်တွင် ကုန်စည် ၂ တန်နှင့် ခရီး သည် ၁၆၅ ဦးတင်ဆောင်မည်ဟုဆိုသည်။
“ဘန်ကောက်နဲ့ မြိတ်ကြားမှာ လေယာဉ် တဆင့်ပြောင်းစီးစရာ မလိုတော့တဲ့အတွက် လေယာဉ်ခ တဝက်လောက် လျှော့ ချ နိုင်ပါလိမ့်မယ်။ ဒေသတွင်းက ရေထွက်ကုန်ပစ္စည်းတွေကိုလည်း အချိန်တိုတိုအတွင်း လတ်လတ်ဆတ်ဆတ် တင်ပို နိုင် ပါပြီ။ ကမ္ဘာလှည့်ခရီးသည်တွေလည်း ကျနော် တို့မြို့ကို ပိုပြီးတော့ လာနိုင်ကြပါလိမ့်မယ်” ဟု သူကပြောသည်။
မြိတ်မြို့သည် မြန်မာနိုင်ငံ၏ တောင်ဖက်စွန်း ကပ္ပလီပင်လယ်ပြင်မှ ကျွန်းတကျွန်း၏ ကမ်းစပ်တွင်တည်ရှိသည်။ တောင် ဖက်နှင့် အနောက်ဖက်တွင် ကျွန်းပေါင်း ၈၀၀ ကျော်က ဝိုင်းရံထားပြီး ၎င်းတို့ထဲမှ အများစုသည် လူသူအရောက်အပေါက် မရှိသည့် သဘာဝကမ်းခြေများနှင့် ရေငုပ်၍လေ့လာကြည့်ရှုနိုင်သော သန္တာကျောက်တန်းများလည်းရှိသည်။
ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀ ဖြင့်တည်ထောင်ခဲ့ သော Myeik Public Company က မြိတ်ကျွန်းစုများထဲမှ ကျွန်း ၄ ကျွန်းတွင် ဟိုတယ်များ၊ နေအိမ်များ၊ ဂေါက်ကွင်းများနှင့် ဈေးဆိုင်များ တည်ဆောက်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ကိုယ်စားလှယ်တဦးက ဇန်နဝါရီလ အတွင်းတွင်ပြောကြားခဲ့သည်။ နောက်လာမည့် ၄ နှစ်အတွင်း လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်း သုံးစွဲရန် ရည်မှန်းထား ကြောင်းလည်း သိရသည်။