• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြစ်ဆုံကို တရုတ် စွန့်လွှတ်ဖွယ်ရှိ

by ဝီလျံဘွတ်
3 May 2014
in စီးပွားရေး
A A
စီးပွားရေး, မြစ်ဆုံ, တရုတ်, သမ္မတဦးသိန်းစိန်, ချေးငွေ

သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၏ ဖိအားကြောင့် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံ စီမံကိန်းကို ၂၀၁၁ ခုနှစ် ကတည်းက ရပ်နားထားခဲ့သည် (ဓာတ်ပုံ - internationalrivers.org)

10.8k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၏ ဖောင်းပွနေသည့် စီးပွားရေးကို ဖြေရှင်းရန်အတွက် တရုတ်အာဏာပိုင်များက ဘဏ္ဍာရေးဆိုင်ရာ တင်းကျပ် ကန့်သတ်မှု အသစ်များ ချမှတ်လာခြင်းကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် စီမံကိန်းကို တိတ်ဆိတ်စွာ စွန့်လွှတ်ရန် အကြောင်းများဖြစ်လာနေသည်။

China Power Investment Corporation (CPI) က ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည် တည်ဆောက် ခြင်းကို ရပ်နားရန်ဆုံးဖြတ်လိုက်ခြင်းအား ပယ်ဖျက်ပေးရန် မြန်မာ အစိုးရအား ဖိအားပေးခဲ့သော်လည်း တရုတ်အစိုးရ၏ ဘဏ္ဍာရေး ဦစားပေးချက် အသစ်များအရ မြစ်ဆုံဆည်စီမံကိန်းသည် ပျက်စီးသွားဖွယ်ရှိကြောင်း လေ့လာအကဲခတ်သူ များက ပြောကြသည်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.2k
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

10 May 2025
2.4k
ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

9 May 2025
791

“မကြာသေးခင်ကာလအထိ တရုတ်ဖွံ့ဖြိုးရေးဘဏ် နဲ့ သူ့လောက် မကြီးတဲ့ တရုတ် ထုတ်ကုန်သွင်းကုန်ဘဏ် တို့ဟာ ကြီး ထွားလာတဲ့ ဈေးကွက်တွေအတွက် အမြဲတမ်း မိတ်ဆွေကောင်းဖြစ်ခဲ့ပါတယ်။ အရင်းအနှီး နည်းနေတဲ့ နေရာတွေအတွက် သူတို့က အစိုးရကိုရော ကုမ္ပဏီတွေကိုပါ အတိုးနှုန်းမြင့်မြင့်နဲ့ ကာလတိုချေးငွေ ထုတ်ချေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ အဲဒီ တရုတ်နိုင်ငံပိုင် ဘဏ်ကြီးတွေ နောက်ပြန်ဆုတ်သွားကြပါပြီ” ဟု လန်ဒန်မြို့မှ Financial Times သတင်းစာက ရေး သားခဲ့သည်။

“တရုတ်အစိုးရက ဘဏ်တွေကို မှန်မှန်ဖိအားပေးလာတာနဲ့ အမျှ ပြည်မကြီးရဲ့ချေးငွေက ပြည်တွင်းမှာရော ပြည်ပမှာပါ ခက်ခဲ လာပါတယ်။ အမေရိကန်မှာ ချေးငွေထိန်းချုပ်မှု  ဆက်လက်ရှိနေမယ်လို့ ခန့်မှန်းချက်တွေ  ထွက်ပေါ်နေချိန်မှာ တရုတ်နိုင်ငံမှာတော့ အကြီးအကျယ်ကို ဖြစ်ပေါ်နေပါပြီ” ဟု Financial Times ကဆိုသည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာနေသူ ပညာရှင်တဦးဖြစ်သော Sean Turnell က တရုတ်အစိုးရ၏ ချေးငွေ အတားအဆီး များကြောင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိသည့် မြစ်ဆုံဆည် စီမံကိန်းသည် တိတ်တဆိတ် အဆုံးသတ်သွား နိုင်သည်ဟု ဆိုသည်။

“မြစ်ဆုံဆည် စီမံကိန်းက ၂ ဘက်လုံးအတွက် စိတ်ကသိကအောင့်ဖြစ်စရာတခု ဖြစ်ပါတယ်။ ဒီတိုင်းဆက်သွားမယ် ဆိုရင်လည်း တဘက်ဘက်က မျက်နှာပျက်ရမယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ဘဏ်တွေရဲ့ ချေးငွေကို ထိန်းချုပ်လိုက်ခြင်းက ရှုပ်ထွေးနေတဲ့ အခြေအနေတခုအတွက် အဖြေဖြစ်လာမှာ သေချာပါတယ်” ဟု သူကပြောသည်။

သမ္မတဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းပြီးဆုံးသည့် ၂၀၁၅ ခုနှစ်အထိ ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ရပ်တန့်ထားရန် အမိန့်ထုတ်လိုက်ပြီး များမကြာမီမှာပင် CPI က လုပ်ငန်းများကို အမြန်ဆုံးပြန်လည် စတင်နိုင်ရေး အတွက် ဆူဆူညံညံတောင်းဆိုခဲ့သည်။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ Macquarie တက္ကသိုလ်၏ ပါမောက္ခဖြစ်၍ Burma Economic Watch ၏ ပူးတွဲ အယ်ဒီတာလည်းဖြစ်သူ Sean Turnell က အစိုးရပိုင် လုပ်ငန်းကြီးများ၏ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုများအတွက် ချေးငွေကို တရုတ်အစိုးရက ထိန်းချုပ်လိုက်ခြင်းသည် ပြဿနာအတွက် အလွန်မှန်ကန်သည့် ထွက်ပေါက်ဗျူဟာ တခုဖြစ်သည်ဟု ဆိုသည်။

“ပြုပြင်ပြောင်းလဲရေးအတွက် အထင်ရှားဆုံးသာဓက ဖြစ်တဲ့ မြစ်ဆုံဆည် စီမံကိန်းရပ်တန့်ထားခြင်းကို ဆက်ထိန်းလိုက်နိုင်တဲ့ အတွက် မြန်မာအစိုးရအနေနဲ့လည်း အသက်ရှူချောင်ပြီး သက်သာရာ ရသွားနိုင်ပါတယ်။ တရုတ်နိုင်ငံလည်း ဣန္ဒြေ မပျက် စီမံကိန်းကနေ ပြန်ထွက်သွားလို့ရပါပြီ။ ၂ ဘက်လုံးအတွက် အကျိုးရှိမယ်လို့ ကျနော်မြင်ပါတယ်” ဟု သူကပြော သည်။

မြန်မာနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးကျဆင်း သွား ရခြင်းမှာ တရုတ်အစိုးရ၏ ဘဏ္ဍာရေးမူဝါဒ ပြင်းထန် တင်းကျပ် လာမှုကြောင့်ဟုလည်း ဆိုနိုင်ပါသည်။

ဧပြီလ အစောပိုင်းတွင် China Radio International အသံလွှင့်ဌာနက ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှု အမေရိကန် ဒေါ်လာ သန်း ၂၀ သာရှိခဲ့ပြီး ၂၀၁၂ အတွင်း ရင်းနှီးမြှုပ်နှံခဲ့မှု၏ ၅ ရာခိုင်နှုန်း၊ တရုတ် ရင်းနှီး မြှုပ်နှံမှု အများဆုံး ဖြစ်သည့် ၂၀၁၀ ခုနှစ်၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်ဟု ထုတ်လွှင့်ခဲ့သည်။

The China Business News သတင်းစာကလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲတွင် ၄ နှစ် အတွင်း ပထမဆုံးအနေဖြင့် အဆင့် ၁၀ ဝန်းကျင်သို့ ကျသွားကြောင်းရေးသားခဲ့သည်။

“ဖြစ်ပေါ်နေတဲ့ ဈေးကွက်အခြေအနေတွေကို ရင်ဆိုင်တဲ့နေရာမှာ လက်တွေ့ကျဖို့ အရေးကြီးပါတယ်။ အခုအချိန်မှာ တရုတ် နိုင်ငံက သူရဲ့ ပြည်တွင်းပြဿနာတွေနဲ့ လိုအပ်ချက်တွေ အပေါ်မှာ အရမ်းကို ပိုပြီး အာရုံစိုက်နေပါတယ်” ဟု စွမ်းအင် ဆိုင်ရာပညာရှင် တဦးဖြစ်သော John Richardson က ICIS မဂ္ဂဇင်းတွင် မှတ်ချက်ပြုရေးသားခဲ့သည်။

ထိုသို့ ချေးငွေ ဖြတ်တောက် ထိန်းချုပ်လိုက်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသည့် အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေး စီမံကိန်းများ အပေါ်သို့သက်ရောက် မှုများရှိနိုင်ပြီး အထူးသဖြင့် မြန်မာ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများမှ ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်ဟု သူကပြောသည်။

တရုတ် အစိုးရပိုင် ကုမ္ပဏီကြီး ၃ခုဖြစ်သည့် Sinohydro Corporation၊ China Three Gorges Corporation နှင့် China Southern Power Grid တို့က ငွေကြေးစိုက်ထုတ်၍ မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ် ယူနိုင်မည့် ဆည် အမြောက်အများတည်ဆောက်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ၎င်းတို့ထဲမှ မည်သည့် စီမံကိန်းကို ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို သေချာစွာ မသိရပေ။

ဝါရှင်တန် အခြေစိုက် Stimson Center မှ ပညာရှင်တဦး ဖြစ်သော Yun Sun က မြစ်ဆုံစီမံကိန်းကို ရွှေ့ဆိုင်းလိုက်ပြီး ကထဲက မြန်မာနိုင်ငံအတွင်းမှ အဓိက ရင်းနှီးမြှုပ်နှဲမှု အသစ်များ အားလုံးကို တရုတ်နိုင်ငံက ရွှေ့ဆိုင်းခဲ့သည်ဟု ဖေဖော် ဝါရီ လ အတွင်းတွင်ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ စီးပွားရေး စီမံကိန်းတခုကို ကံတရားက ပြောင်းလဲပေးတဲ့ အတိုင်းပဲ ထားလိုက်မှာလား၊ တရုတ်-မြန်မာဆက်ဆံရေးရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု အဖြစ်ခံ မှာလား ဆိုတာကို အမျှော်အမြင် ရှိရှိနဲ့ ပြန်လည် ဆင်ခြင်စဉ်းစားဖို့ လိုပါတယ်” သူကရေး သားခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ လက်ရှိစီးပွားရေးပြဿနာများက ပိုမိုကြီးမားနေသဖြင့် မြစ်ဆုံဆည် စီမံကိန်း မှေးမှိန်သွား ရခြင်းလည်း ဖြစ်နိုင်ပါသည်။

“တရုတ်နိုင်ငံရဲ့ GDP ဖွံ့ဖြိုးမှုနှုန်းက ပြီးခဲ့တဲ့ မတ်လကုန်အထိ ၃ လပတ် ကာလတွေတိုင်းမှာ ၁.၄ ရာခိုင်နှုန်း အထိ နှေးကွေး သွားပါတယ်။ နိုင်ငံခြားကုန်ပစ္စည်းတင်သွင်းမှုက ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် ၁.၆ ရာခိုင်နှုန်း တိုးလာပါတယ်” ဟု Financial Times သတင်းစာက ဆိုသည်။

“ပြီးခဲ့တဲ့ မတ်လအတွင်းမှာ နိုင်ငံခြား နိုင်ငံခြားကုန်ပစ္စည်းတင်သွင်းမှုက ၂၀၁၃ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် ၁၁.၃ ရာခိုင် နှုန်းကျဆင်းသွားပါတယ်။ ဒါတွေအားလုံးက ကမ္ဘာ့ဖွံ့ဖြိုးမှုရဲ့ မောင်းနှင် အားအဖြစ်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ (အထူးသဖြင့် ပေါ်ထွက်လာနေတဲ့ ဈေးကွက်တွေ အတွက်) က အနာဂတ်ကာလမှာ မှေးမှိန်သွားမယ် ဆိုတာကို ဖော် ပြနေပါတယ်” ဟုလည်း Financial Times ကရေးသားခဲ့သည်။

Your Thoughts …
Tags: DamEconomy
ဝီလျံဘွတ်

ဝီလျံဘွတ်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
Vol.1, No.18, May 4, 2014

Vol.1, No.18, May 4, 2014

ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

သတင်း စာနယ်ဇင်းသည် အစိုးရ ပြိုင်ဘက် မဟုတ်ပါ

Please login to join discussion
No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate