• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စင်္ကာပူ SilkAir မန္တလေး တိုက်ရိုက်ပျံမည်

by ဇာနည်မာန်
20 May 2014
in စီးပွားရေး
A A
စီးပွားရေး, စင်္ကာပူ, SilkAir, မန္တလေး, လေကြာင်း, ခရီးစဉ်

SilkAir က ခရီးစဉ်ကို Airbus A319 နှင့် A320 လေယာဉ်များဖြင့် ပျံသန်းမည် (ဓာတ်ပုံ - airlinesanddestinations.com)

4.3k
VIEWS
Share on FacebookShare on Twitter

ဒေသတွင်း ထိပ်တန်း လေကြောင်းလိုင်းတခုဖြစ်သော SilkAir လေကြာင်းလိုင်းက ဇွန်လ ၁၀ ရက်တွင် ပထမဆုံး အကြိမ်အဖြစ် မန္တလေး-စင်္ကာပူ တိုက်ရိုက် ခရီးစဉ် စတင် ပျံသန်းတော့မည်ဖြစ်ကြောင်း စင်္ကာပူအခြေစိုက် အဆိုပါ လေကြောင်းလိုင်းမှ ပြောသည်။

“မြန်မာနိုင်ငံက တံခါးဖွင့်လာတဲ့ အချိန်မှာ စီးပွားရေးဖွံ့ဖြိုးလာပြီးတော့ မြန်မာနဲ့ စင်္ကာပူကြားမှာ ပြည်သူတွေ ခရီးသွားလာမှုကလည်း တိုးလာနေပါတယ်” ဟု SilkAir ၏ မြန်မာနိုင်ငံရုံးမှ အထွေထွေမန်နေဂျာ Lim Wei Peng က မန္တလေးမြို့တွင် မေလ ၁၅ ရက်နေ့ကပြုလုပ်သည့် ဈေးကွက် မြှင့်တင်ရေး အခန်းအနားတခုတွင် ပြောကြားလိုက်သည်။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
52
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k

“မန္တလေးမြို့က ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နေရာတခုဖြစ်ပြီး ကျနော်တို့ အတွက် မန္တလေးကို တိုက်ရိုက်ခရီးစဉ်တခု ပျံသန်းပြီး ဈေးကွက်တိုးချဲ့ဖို့နဲ့ မန္တလေးမြို့က ကျနော်တို့ရဲ့ဖောက်သည်တွေအတွက် သင့်လျှော်ကိုက်ညီတဲ့ ဝန်ဆောင် မှုတွေ ယူဆောင်ပေးဖို့ ကျနော်တို့အတွက် အခွင့်အရေးကောင်းတခုရှိတယ်လို့ ခံစားရပါတယ်” ဟု သူကဆိုသည်။

ဒေသတွင်းတွင် လူသိများသည့် စင်္ကာပူလေကြောင်းလိုင်းဖြစ်ပြီး ရှယ်ယာအများစုကို စင်္ကာပူ အစိုးရက ပိုင်ဆိုင်ထားသည့် SilkAir က ခရီးစဉ်ကို Airbus A319 နှင့် A320 လေယာဉ်များဖြင့် ပျံသန်းမည်ဖြစ်သည်။ မန္တလေးမှ စင်္ကာပူနိုင်ငံ ချန်ဂီလေ ဆိပ်သို့ တပတ်လျှင် ၃ ကြိမ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင် တိုက်ရိုက်ပံျသန်းမည်ဖြစ်သည်။ အပြန်ခရီးစဉ် (စင်္ကာပူ-မန္တလေး) ခရီးစဉ်တွင်မူ ရန်ကုန်လေဆိပ်တွင် တထောက်ရပ်နားမည်ဟု သိရသည်။

စင်္ကာပူနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် ရှိလာသည့်အတွက် မန္တလေး နိုင်တကာလေဆိပ်မှ ခရီးသည်များသည် ကမ္ဘာ့ အနှံ့မှ မြို့ကြီး ၉၉ မြို့သို့ ခရီးစဉ် တကြိမ်လွှဲပြောင်းရုံနှင့် ဆက်သွယ်ရောက်ရှိနိုင်မည် ဖြစ်ကြောင်းလည်း SilkAir လေကြောင်း လိုင်း၏ ကြေညာချက်တွင်ဖော်ပြထားသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ကျနော်တို့ရဲ့ ကုန်သွယ်ရေး စီးပွားဖက်တွေဆီက အကူအညီလည်း ရရှိပါတယ်။ ကျနော် တို့ရဲ့ တန်ဘိုးရှိတဲ့ ခရီးသည်တွေ လွယ်ကူချောမွေ့စွာ လေယာဉ်ပေါ်ကို တက်ရောက်နိုင်၊ ဆင်းသက်နိုင်ရေးအတွက် လေဆိပ်တာဝန်ရှိသူတွေနဲ့ အတူ ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ဇွန်လ ၁၀ရက်နေ့ မှာ ခရီးစဉ်ကို အဆင် ပြေပြေစတင်နိုင်လိမ့်မယ်လို့ အတော်လေးကို ယုံကြည်ထားပါတယ်” ဟု Lim Wei Peng က ထပ်ပြောသည်။

အသွား-အပြန် လက်မှတ်တစောင် ၏တန်ဖိုးမှာ အရောင်းမြှင့်တင်ရေးကာလဖြစ်သည့် မေလမကုန်မီအတွင်း ကြိုတင်စာရင်း ပေးမှာယူလျှင် ၂၅၃ အမေရိကန် ဒေါ်လာ ကျသင့်မည်ဟု လေကြောင်းလိုင်း၏ အဆိုအရသိရသည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်မှ စ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခဲ့ရာတွင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်ဟု သိကြသည့် မန္တလေးမြို့လည်း အပါအဝင်ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်းတွင် ကမ္ဘာလှည့် ခရီးသည် ၃၀၀၀၀ ခန့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံတကာ လေကြောင်းလိုင်းများဖြင့် လာရောက်ခဲ့ကြသည်။ ထိုင်းလေကြောင်းလိုင်းများဖြစ်သည့် Bangkok Airways၊ AirAsia၊ Thai Smile နှင့် Thai Airways International တို့က ၂၀၁၃ ခုနှစ်ကထဲက မန္တလေး-ဘန်ကောက် ခရီးစဉ်များ ပျံသန်းနေခဲ့ကြ ပြီဖြစ်သည်။

Your Thoughts …
Tags: AirwaysEconomy
ဇာနည်မာန်

ဇာနည်မာန်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ဆင်ဆာ မရှိတော့သော်လည်း လွတ်လပ်မှု မရှိသေး

ခရီးသွား ပြည်သူတို့၏ အသက်အန္တရာယ် လုံခြုံစေရေး ဦးထိပ်ထားပါ

သံဃာ, မဟာနာယက, အမျိုး, ဘာသာ, သာသနာ, သီတဂူဆရာတော်

ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေးကြီးက ဘာတွေ ဆုံးဖြတ်လိုက်သလဲ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate