စီးပွားရေး

ထိုင်း စစ်အာဏာသိမ်းမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ထိုင်းစစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှုလျော့ကျသွားရာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ထိခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတွင် မေလ ၂၂ ရက်နေ့က စစ်တပ် အာဏာသိမ်းယူမှု ဖြစ်ပေါ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ခေတ္တမျှ ရပ်ဆိုင်း သွားခဲ့ရာ ရက်အနည်းငယ်အကြာမှ ကုန်သွယ်ရေးပြန်လည် စတင်နိုင်ခဲ့သော်လည်း ထိုင်းကုန်စည်များသာ မြန်မာနိုင်ငံတွင်း တင် သွင်းခွင့်ရပြီး မြန်မာ ပို့ကုန်များ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခွင့် မရှိသေးဟု ကုန်သည်များက ပြောသည်။

ဟင်းသီးဟင်းရွက်မှစ၍ မော်တော်ယာဉ်၊ ဘိလပ်မြေနှင့် ဓာတ်ဆီအထိ ထိုင်းကုန်ပစ္စည်းအမျိုးမျိုး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက် လျက် ရှိသော်လည်း၊ ထိုင်းစစ်တပ်၏ ညမထွက်ရအမိန့်ကြောင့် ကုန်သွယ်မှုသည် အချိန် အကန့်အသတ်ဖြင့် ဆောင်ရွက်နေရ သည့် အတွက် ကုန်သွယ်ရေးကျဆင်းမှုနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

“ကျနော်တို့ ထိုင်းနိုင်ငံဘက်က ပစ္စည်းတွေပို့လို့ရတယ်၊ ဒါပေမယ့် ထိုင်းစစ်တပ်က သတ်မှတ်ပေးတဲ့ အချိန် အကန့်အသတ်အတွင်း မှာလုပ်ရတယ်။ အရင်တုန်းကလောက် မလွတ်လပ်တော့ဘူး”ဟု ထိုင်း ကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းစစ်တပ် အာဏာမသိမ်းမီက ဈေးကွက်ဝယ်လိုအားကြောင့် ကုန်ပစ္စည်းများကို အရောင်းကိုယ်စားလှယ်များက မြန်မာနိုင်ငံ ဘက် သို့ တရားမဝင် ကုန်သွယ်ရေးစခန်းများမှတဆင့် နေ့စဉ် ည ၁၀ နာရီ၊ ၁၁ နာရီထိအောင် ပို့ပေးခဲ့ရသော်လည်း ယခုအခါတွင် မူညနေ ၄ နာရီတွင် ပိတ်သိမ်းရကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် တရားမဝင် မှောင်ခိုကုန်သွယ်မှု ပမာဏကသာ ကြီးမားပြီး တရားဝင် နယ်စပ်ကုန်သွယ် ရေး မှာ နည်းပါးလွန်းလှသည်။

သောင်ရင်းမြစ်ကို ဖြတ်၍ မြဝတီမြို့နှင့် မဲဆောက်မြို့ကို ဆက်သွယ်ထားသော ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် တံတားပေါ်တွင် ၂ နိုင်ငံပြည်သူများ ဖြတ်သန်းသွားလာမှု ပုံမှန်အတိုင်း ဖွင့်လှစ်လျက်ရှိသည်။

မဲဆောက်မြို့မှ နယ်စပ်အခြေပြု ကုန်သည်တဦးဖြစ်သော ဦးဟိန်းသူက“အခုထိတော့ အရင်လို လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရတဲ့ အခြေအနေကို ပြန်မရောက်သေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။

နယ်စပ်ဖြတ်ကျော် ဝင်ထွက်ရန် ခွင့်ပြုထားသည့် နေရာများကို ထိန်းချုပ်စစ်ဆေးရန် ထိုင်းစစ်တပ်က ဆုံးဖြတ်ခဲ့သည့် အတွက် ကုန် သည်များက သူတို့၏လုပ်ငန်းများကို ပိုမို၍ စောစီးစွာ ပြီးစီးရေးလုပ်ရကြောင်း သူက ပြောဆိုသည်။

လတ်တလော နယ်စပ်ကုန်သွယ်ရေး ဝယ်လိုအား နည်းသည့်အခြေအနေကို ကြုံတွေ့နေရပြီး အထူးသဖြင့် ကားဈေးကွက်တွင် အဝယ် နည်းနေကြောင်း၊ ပုံမှန်အားဖြင့် မြန်မာနိုင်ငံဘက်မှ ကား အရောင်းကိုယ်စားလှယ်များ၊ ဝယ်ယူသူများသည် ထိုင်းနိုင်ငံသို့ သွားရောက်၍ လိုချင်သည့် ကားများကို ရွေးချယ် ဝယ်ယူကြောင်းလည်း ဆိုသည်။

မြဝတီတွင် ထိုင်းကုန်ပစ္စည်း ဈေးနှုန်းများ ထိုင်းစစ်တပ် အာဏာမသိမ်းမီ ကာလနှင့်စာလျှင် များစွာခြားနားမှုမရှိဘဲ အတက်အကျ နည်းပါးကြောင်း၊ သို့ရာတွင် နယ်စပ်ကုန်သွယ်မှု ကျဆင်းနေသည့်အတွက် နယ်စပ်ဒေသမှ အလုပ်သမားများနှင့် ဒေသခံတချို့၏ စားဝတ်နေရေး အခြေအနေကို သွယ်ဝိုက်သောနည်းဖြင့် ထိခိုက်မှုများ ဖြစ်ပေါ်စေကြောင်း သိရှိရသည်။

“ထိုင်းပစ္စည်းတွေ ဈေးတက်တယ်လို့တော့ အခုချိန်အထိ ကျနော်မကြားရသေးပါဘူး။ ထိုင်းဘက်က ကုန်ပစ္စည်းတွေ တံတားကနေ တင်သွင်းနေတာ တွေ့ရပါတယ်”ဟု မြဝတီ မြို့ခံတဦးဖြစ်သည့် ဦးစိန်ဘိုက ဧရာဝတီသို့ ပြောသည်။

တခြားသော ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်သော ထိုင်းနိုင်ငံ ဆန်ခလဘူရီ မြို့နယ်အတွင်းမှ ဘုရား သုံး ဆူ အထိ လမ်းကြောင်းမှာ လုံးဝပိတ်ထားပြီး မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း၊ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် တံတားတစင်းဖြစ်သော မယ်ဆိုင်- တာချီလိတ် ချစ်ကြည်ရေး တံတားကိုမူ ပုံမှန်အတိုင်း ဖွင့်ထားဆဲဖြစ်ကြောင်း သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading