မြန်မာ့ လောင်စာဆီ လုပ်ငန်းဟူသည်
This article has been converted from Zawgyi One to Unicode
မတ်လတွင် ပြီးဆုံးခဲ့သည့် ဘဏ္ဍာရေး နှစ် အတွင်း လောင်စာဆီဝယ်လိုအားက ၅ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး တနေ့လျှင် စည် ပေါင်း ၄၀၇၀ဝ ခန့် ရှိသည်ဟု မြန်မာနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက် များအရ သိရသည်။
သို့သော်လည်း စာရင်းမဝင်သည့် လောင်စာဆီ စီးဆင်းမှုများလည်း ရှိနေကြောင်း ကုန်သည်များက ပြောကြသည်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လောင်စာဆီ မှောင်ခို ဝင်ရောက်မှု ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံသည် နိုင်ငံခြားမှ လောင်စာဆီတင်သွင်းမှုကို မှီခိုနေရပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက တနေ့လျှင် လောင်စာဆီ ၂၄၉၉၀ စည် တင်သွင်းခဲ့သည်။
Denko နှင့် Myawaddy Trading တို့သည် အများဆုံး တင်သွင်းသည့် ပြည်တွင်း ကုမ္ပဏီကြီးများထဲတွင် ပါဝင်ပြီး အဆိုပါ ကုမ္ပဏီ ၂ ခုသည် ပြီးခဲ့သည့်နှစ်က လောင်စာဆီ တနေ့လျှင် စည်ပေါင်း ၇၄၅၀ စီ တင်သွင်းခဲ့ကြသည် ဟု ကုန်သည်များက ဆိုသည်။
အစိုးရက ထုတ်ပြန်သည့် အချက်အလက်များ အရ၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းမြန်မာနိုင်ငံက တနေ့လျှင် လောင်စာဆီ ၁၅၈၂၅ စည် ခန့် တင်သွင်းခဲ့ရာ ဒီဇယ်ဆီက စုစုပေါင်း၏ တဝက်နီးပါး ဓာတ်ဆီက ၃ပုံ ၁ ပုံနှင့် ကျန် ပမာဏက လေယာဉ်ဆီဖြစ်သည်ဟု သိရ သည်။
၂၀၁၃ခုနှစ် အတွင်းတွင် ရေကြောင်းမှ ဒီဇယ်တင်သွင်းမှု တနေ့လျှင် ၃၇၂၅၀ စည်မှ ၆၂၀၈၃ စည်အထိရှိပြီး ၂၀၁၃ ခုနှစ် ဒုတိယနှစ် ဝက် ကာလအတွင်း ဓာတ်ဆီ တင်သွင်းမှုက တနေ့လျှင် စည် ၂၀ဝဝဝ အထိ ရှိသည်ဟု ဆိုသည်။
ရေနံချက်စက်ရုံများ
အစိုးရပိုင် ရေနံနှင့် ဓာတုဗေဒလုပ်ငန်းက ရေနံချက်စက်ရုံငယ် ၃ခုကိုလည်ပတ်နေပြီး အဆင့်မြှင့် ပြင်ဆင်ရန်အတွက် ရင်းနှီးမြှုပ်နှံသူများ လိုအပ်နေသည်။
စက်ရုံ ၂ ခုက အပြည့်အဝ လည်ပတ်နိုင် ခြင်းမရှိဘဲ ကျန်တခုဖြစ်သည့် တနေ့လျှင် စည်ပေါင်း ၁၅၀ဝ ချက်လုပ်နိုင်သော သန်လျင် ရေနံချက် စက်ရုံသည်လည်း ထုတ်လုပ်နိုင်စွမ်း၏ တဝက်ခန့်သာ လည်ပတ်နေရပြီး ပြည်တွင်းမှထွက်ရှိသည့် လေဆီ (Condensate) များကို အရည်အသွေး ညံ့သည့် ဓာတ်ဆီများအဖြစ် ချက်လုပ်နေရသည်ဟု ကုန်သည်များက ဆိုသည်။
ထိုင်းနိုင်ငံမှ အကြီးဆုံး ရေနံချက်လုပ်ငန်းဖြစ်သည့် Thai Oil PCL က ရှိနှင့်ပြီးသား၊စက်ရုံ ၂ ရုံကို အဆင့်မြှင့် ပြင်ဆင်ရန် သဘော တူညီချက် အစိတ်အပိုင်း တရပ်အနေဖြင့် တနေ့လျှင် စည် ၁၅၀ဝဝဝ ချက်လုပ်နိုင်မည့် ရေနံချက်စက်ရုံတခု ဆောက်လုပ်ရန် အဆိုပြုထားကြောင်းလည်း သိရသည်။
ထောက်ပို့လမ်းကြောင်း
ဆီလက်ခံရန် တည်ဆောက်ထားသည့် ရန်ကုန်နှင့် သီလဝါ ဆိပ်ကမ်းများကို ရောက်ရှိရန် ရေတိမ်သည့် ရန်ကုန်မြစ်ဝကို ဖြတ်သန်း ၍ လောင်စာဆီ တန်ချိန် ၆၀ဝ၀ မှ ၁၀ဝဝဝ အတွင်းသာ သယ်ဆောင်နိုင်သော ရေနံတင် သင်္ဘောငယ်များသာ ဝင်ရောက် နိုင် သည်။
ဓာတ်ဆီ တန် ၆၀ဝ၀ ကို သီလဝါ ဆိပ်ကမ်းသို့ ပို့ဆောင်ပြီးနောက် ထိုမှတဆင့် ဆီသယ်ယာဉ်များဖြင့် လွှဲပြောင်းကာ ဖြန့်ဖြူးပေး သည်။
ဒီဇယ်အတွက် အလတ်စား ဆီတင်သင်္ဘောများက ဆီတွဲများအတွင်းသို့ သင်္ဘောချင်း ကူးပြောင်းထည့်ပေးရသည်။
အဆိုပါ ဆီတွဲများသည် မန္တလေးသို့ ရောက်ရန် ရေကြောင်းမှ ၁၀ ရက်ခန့် သွားရပြီး ပုံမှန်အားဖြင့် သင်္ဘောမှ ဆီချခြင်း အလုပ် သည် အချိန်ယူရပြီး သဲသောင်များ၊ ကမ်းပါးများနှင့် မတိုက်မိစေရန် ဒီရေ မြင့်တက်လာချိန်ကို စောင့်ဆိုင်းရန် လိုအပ်သည်။
ရေနံဆိပ်ကမ်းတခုနှင့် သိုလှောင်ကန်များ
ဆီနီဂေါ အစိုးရပိုင် ရေနံကုမ္ပဏီ Angolan နှင့် ကမ္ဘာ့အဆင့် ကုန်သွယ်ရေးလုပ်ငန်းတခုဖြစ်သည့် Trafigura တို့၏ လုပ်ငန်းခွဲတခုဖြစ်သော Puma Energy က Asia Sun ကုမ္ပဏီနှင့် ချိတ်ဆက်၍ ရေနံဆိပ်ကမ်းတခုနှင့် သိုလှောင်ကန်များ တည်ဆောက်နေ သည်။
၂၀၁၅ ခုနှစ်တွင် ဆိပ်ကမ်းပြီးစီးသွားပါက တန်ချိန် ၃၀ဝဝဝ ခန့်အထိ သယ်ဆောင်နိုင်သည့် အလယ်အလတ် အရွယ်အစား သင်္ဘော များကို လက်ခံသွားနိုင်မည်ဖြစ်ပြီး ကုဗမီတာ ၈၈၀ဝ၀ အထိရှိသည့် သိုလှောင်ကန်များတွင် ကတ္တရာစေး၊ ဓာတ်ဆီနှင့် ဂျက် လေယာဉ်ဆီများ သိုလှောင်သွားနိုင်မည်ဟု ကုမ္ပဏီက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က ရန်ကုန်တွင် လောင်စာသိုလှောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်တွင်း ကုမ္ပဏီ ၃ ခု သို့မဟုတ် ၄ ခုကို ခွင့်ပြုချက် ချထားပေးပြီးပြီဟု ဆိုသည်။
သိုလှောင်နိုင်မည့် ပမာဏမှာ ဂါလန် ၄၀ဝဝဝ၀ မှ ၅၀ဝဝဝ၀ အထိ (၁၄၀ဝ၀ တန်မှ ၁၇၀ဝ၀ တန်) ဖြစ်သည်ဟု သိရသည်။
စွမ်းအင် လုပ်ငန်းဆိုင်ရာ သတင်းရင်းမြစ်များ၏ အဆိုအရ လောင်စာဆီ သိုလှောင်ရေးအတွက် မြေနေရာ ငှားရမ်းခွင့် လျှောက် ထားရန် စီစဉ်နေသည့် ကုမ္ပဏီများမှာ Denko, Myawaddy Trading, Newday, Max Myanmar, MMTM နှင့် Greenluck တို့ ဖြစ်သည်ဟု သိရသည်။
Reuters သတင်းထောက်များဖြစ်သော Florence Tan နှင့် Aung Hla Tun ၏ Myanmar’s oil sector attracts investment ကို ဆီလျော်အောင် ဘာသာပြန်သည်။