• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကျောက်စိမ်း တူးဖော်ရေး ပြန်စမည်

by ကျော်ဆုမွန်
12 July 2014
in စီးပွားရေး
A A
ကျောက်စိမ်း တူးဖော်ရေး ပြန်စမည်

ဖားကန့်မှ တနိုင်တပိုင် ကျောက်တူးသမား (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာပေါ်တွင် ကျောက်စိမ်းအများဆုံး ထုတ်လုပ်ပေးနေသည့် နေရာဖြစ်သော မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများ မကြာမီ လုပ်ငန်းများ စတင်နိုင်တော့မည်ဟု သိရသည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂ နှစ်ကြာ ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။

သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ အသေးစားနှင့် အကြီးစား တူးဖော်ရေး လုပ်ငန်းများ ပြန်လည် စတင်နိုင်မည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ကချင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၂ ခုနှစ်တွင် ရပ်နားထားခဲ့ရ သည်။ ရပ်ဆိုင်းထားစဉ် အတွင်း အသေးစားတူးဖော်သူများနှင့် လက်နှင့်တူး၍ ရှာဖွေသူများသာ တရားမဝင် ခိုးဝှက် လုပ် ကိုင်နိုင်ခဲ့ကြသည်။

နှစ်ဘက် အပစ်အခတ်ရပ်စဲရေး မပြုလုပ်နိုင်သေးသော်လည်း အစိုးရနှင့် KIA တို့ လတ်တလောပြုလုပ်ခဲ့သည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများတွင် တိုးတက်မှုများ ရရှိခဲ့သည်ဟု သတ္တုတွင်း ဝန်ကြီးဌာနက ဆိုသည်။

လုပ်ငန်းများ ပြန်လည်စတင်ရန် ဆုံးဖြတ်ချက်သည် မကြာသေးမီက နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် ကျောက်မျက်ရတနာပြပွဲ အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ပြပွဲတွင် ကျောက်စိမ်းတွဲများ ပြသရောင်းချနိုင်မှု ယခင်နှစ် များထက် နည်းပါးခဲ့သည်။ သို့သော်လည်း ကျောက်စိမ်းရောင်းချရမှုသည် မျှော်မှန်းထားသည်ထက် ကျော်လွန် ခဲ့ ပြီး အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ အထိရောက်ရှိခဲ့သည်။ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံသာ ရရှိခဲ့ သည်။

ကျောက်စိမ်းတူးဖော်ရေးနှင့် ကုန်သွယ်ရေး ရပ်ဆိုင်းသွားရခြင်းမှာ ကျောက်တွင်းများ ပိုင်ဆိုင်ရယူလိုမှုကို အစိုးရ စစ်တပ်နှင့် KIA အကြား အငြင်းပွားကာ စစ်ပွဲပိုပြီး အရှိန်မြင့်တက်စေသောကြောင့် ဖြစ်သည်။

ကျောက်စိမ်း အများဆုံးထွက်သည့် ကချင်ပြည်နယ် ဖားကန့်နှင့် လုံးခင်းဒေသများတွင် ၂၀၁၂ ခုနှစ် မတိုင်ခင်အထိ တူးဖော်ရေး ကုမ္ပဏီ ၇၀၀ ခန့် ရှိသည်ဟု သတ္တုတွင်း ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ တာဝန်ရှိသူတဦး က ပြောသည်။

“လိုင်စင် ရထားတဲ့ ကုမ္ပဏီတွေက သူတို့အလုပ်တွေ ပြန်စနိုင်ပြီး ကျောက်စိမ်းတွေရှာဖွေဖို့ တက်ကြွနေကြတုန်းပဲ။ ဒါပေမယ့် သူတို့ လိုင်စင်တွေကို အသစ်ပြန်လုပ်ဖို့ လိုပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။

“အစိုးရက ကျောက်စိမ်းတူးဖော်မှုကို ခဏ ရပ်ဆိုင်းလိုက်တဲ့အတွက် ၂၀၁၃ နဲ့ ၂၀၁၄ နှစ်ပတ်လည် ကျောက်မျက် ပြပွဲတွေမှာ ကျောက်စိမ်းတွဲ အရေအတွက် ကျဆင်းသွားတယ်။ သူတို့ကို ပြန်လုပ်ခွင့်ပြုလိုက်ရင် နောက်နှစ်မှာ ပြပွဲ တကြိမ် က ၂ ကြိမ်ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု သူက ဆိုသည်။ အစိုးရက အနာဂတ်တွင် အရိုင်းတုံးအတိုင်း ရောင်းချမှု လျှော့ချပြီး တန်ဖိုးမြှင့် ကျောက်စိမ်း ထုတ်ကုန်များ ပိုမိုရောင်းချနိုင်ရန် မျှော်လင့်ထားကြောင်းလည်း သူက ထပ်ပြောသည်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း (မန္တလေး) ၏ ဒုတိယ ဥက္ကဌ ဒေါ်ခင်လေးမြင့်က ကျောက်စိမ်း ထုတ်လုပ် မှု ပုံမှန်အခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိရန် မျှော်လင့်ထားကြောင်းပြောသည်။ “ကျောက်တူးကုမ္ပဏီတွေကို အလုပ် ပြန်လုပ်ခွင့်ပြုလိုက်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ ကြိုဆိုပါတယ်” ဟု သူကဆိုသည်။

ဖားကန့်မှ ကျောက်စိမ်းကုန်သည်တဦး ဖြစ်သော ဒေါ်ခါ က ကျောက်တူးကုမ္ပဏီများကို ပြန်လည် တူးဖော်ခွင့် ပေးလိုက် ခြင်း အားဖြင့် တရားမဝင်တူးဖော်နေမှုများ အဆုံးသတ်သွားလိမ့်မည်ဟု ပြောသည်။

“တချို့ဒေသခံတွေက ကုမ္ပဏီတွေ လုပ်ငန်းရပ်ထားတုန်းမှာ ကုမ္ပဏီပိုင် ကျောက်တွင်းတွေမှာ ဝင်ပြီးရှာဖွေကြတယ်။ ဒါက တရားမဝင်ဘူးလေ။ ဒါတွေကို ရပ်ဖို့ လိုတယ်” ဟု သူကဆိုသည်။

Your Thoughts …
Tags: EconomyJade
ကျော်ဆုမွန်

ကျော်ဆုမွန်

Contributor

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း စင်ကာပူ ချစ်ကြည်ရေးခရီးသွား

ဒီရေတောထိန်းသိမ်းရေး နော်ဝေကူညီမည်

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate