• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကနေဒါ နိုင်ငံသားများ ဦးထွန်းမြင့်နိုင်နှင့် စီပွားရေး လုပ်နိုင်ဟု ဆို

by ရှေးမျူ မားတော့ဗ်
29 July 2014
in စီးပွားရေး
A A
ဦးထွန်းမြင့်နိုင်, စတီဗင်လော, ကနေဒါ, ပိတ်ဆို့အရေးယူမှု

ဦးထွန်းမြင့်နိုင် ကို ကနေဒါ နိုင်ငံ တိုရန်တို မြို့၌ ဇွန်လ ၅ ရက်က ကျင်းပသော အာဆီယံ စီးပွားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် တွေ့ရစဉ် (Photo Courtesy - APF)

4.6k
VIEWS
Share on FacebookShare on Twitter

အမေရိကန် အရာရှိတွေက မူးယစ်ဆေးနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာ စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောနဲ့ စီးပွားရေး လုပ်ခြင်းဟာ ကနေဒါ ဥပဒေအရ တရားဝင်ကြောင်း ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဂုဏ်ထူးဆောင် ကောင်စစ်ဝန် Bryon Wilfert က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းလောက်က အာဆီယံ စီးပွားရေး ဝန်ကြီးတွေရဲ့ ကနေဒါမှာ ကျင်းပတဲ့ ဆွေးနွေးပွဲတခု ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက အမျိုးသားစီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး ဒေါက်တာ ကံဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့မှာ အေးရှားဝေါလ် ကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးထွန်းမြင့်နိုင်လည်း တခြား စီးပွားရေး လုပ်ငန်းရှင် ၃ ဦး နဲ့ အတူ တက်ရောက်ခွင့် ရခဲ့ပါတယ်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
2.9k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
900
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
687

အဲဒီအစည်းအဝေးပွဲကို တက်ရောက်ဖို့ ဦးထွန်းမြင့်နိုင်ဟာ သူ့ရဲ့ တရုတ်နာမည် ဖြစ်တဲ့ Lo Ping Zhong နဲ့ ကနေဒါနိုင်ငံက ပေးတဲ့ဗီဇာ ရခဲ့တာဖြစ်ပြီး မြန်မာလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကချင်အမျိုးသမီးကတော့ ကနေဒါ ဗီဇာ ငြင်းပယ်ခံခဲ့ရတဲ့အကြောင်း နဲ့ ဒီလို ဗီဇာ ထုတ်ပေးခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာကို ဧရာဝတီက သတင်းရေးသားတင်ပြ ခဲ့ဖူးပါတယ်။

ကနေဒါနိုင်ငံမှာ ဦးထွန်းမြင့်နိုင် ရောက်ရှိခဲ့စဉ် တခြား မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်တွေနဲ့ အတူ ကနေဒါ အမတ်ဟောင်း Bryon Wilfert က ပူးတွဲ စီစဉ်ခဲ့တဲ့ တိုရန်တိုမြို့က စီးပွားရေး ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေအတွင်း ကနေဒါ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်း သဘောတူ လက်မှတ်ရေးထိုးမှုတွေမှာ ဦးထွန်းမြင့်နိုင် ပါဝင် လက်မှတ်ရေးထိုးမှု ရှိ၊ မရှိတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

“သူ (ဦးထွန်းမြင့်နိုင်) ဒီမှာ ရှိနေတုန်းက သူနဲ့တွေ့ခဲ့သူ ဘယ်သူ မဆို၊ သူနဲ့ စီးပွားရေး တွဲလုပ်နေတယ် ဆိုရင်တောင် ကနေဒါ ဥပဒေကို ချိုးဖောက်ခဲ့ကြတာ မဟုတ်ဘူး” လို့ ကနေဒါနိုင်ငံ အော်တဝါ အခြေစိုက် သံရုံးရဲ့ အပတ်စဉ် သတင်းစာမှာ ဇွန်လ ၈ ရက်နေ့က Bryon Wilfert က ရေးသားခဲ့ပါတယ်။

အဲဒီ သတင်းစာက ကနေဒါ နိုင်ငံခြားရေးရာ ကိစ္စတွေကို အထူး ဖော်ပြလေ့ရှိပါတယ်။

အမေရိကန်ကုမ္ပဏီတွေ အနေနဲ့ အေးရှားဝေါလ် ကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးထွန်းမြင့်နိုင်နဲ့ စီးပွားရေးလုပ်ခွင့်ကို အမေရိကန် အစိုးရက ပိတ်ပင် ကန့်သတ်ထားပေမယ့် ကနေဒါနိုင်ငံမှာ ကနေဒါနိုင်ငံသားတွေ အနေနဲ့ စီးပွားရေး တွဲမလုပ်ရဘူးလို့ တားမြစ်ပိတ်ပင်ထားတဲ့ တသီးပုဂ္ဂလ စာရင်းမှာ စတီဗင်လော သို့မဟုတ် ဦးထွန်းမြင့်နိုင်ဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဦးထွန်းမြင့်နိုင်ကို ကနေဒါအနေနဲ့ ပြစ်မှတ်ထား တသီးပုဂ္ဂလ ပိတ်ဆို့ဒဏ်ခတ် အရေးယူတဲ့စာရင်းမှာ ထည့်သွင်းဖို့ ရှိ၊ မရှိ ဧရာဝတီက မေးမြန်းရာမှာတော့ ကနေဒါ နိုင်ငံ နိုင်ငံတကာ ကုန်သွယ်ရေး ဝန်ကြီးရဲ့ ပြောခွင့်ရသူက တုံ့ပြန်ဖြေကြားမှု မပြုပါဘူး။

Bryon Wilfert က ကနေဒါ လုပ်ငန်းရှင်တွေဟာ ဦးထွန်းမြင့်နိုင်နဲ့ စီးပွားရေး တွဲလုပ်နိုင်တယ်လို့ ဆိုပေမယ့် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ Foreign Asset Control ခေါ် အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ထားသူများရဲ့ ငွေကြေးနဲ့ ပစ္စည်းထိန်းချုပ်ရေးဌာနရဲ့ စာရင်းမှာပါဝင်လို့ ဦးထွန်းမြင့်နိုင် အနေနဲ့ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်နေရဆဲပါပဲ။

ကနေဒါနိုင်ငံ တိုရန်တိုနယ်မြေ လွှတ်တော် ကိုယ်စားလှယ်ဟောင်း၊ လက်ထောက်ဝန်ကြီးဟောင်း Bryon Wilfert ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ကနေဒါ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံရသူပါ။

၂ဝဝ၅ ခုနှစ် မေလတုန်းက မြန်မာစစ်အစိုးရက စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတာကြောင့် ကနေဒါ အစိုးရအနေနဲ့ ကန့်ကွက်ရှုတ်ချဖို့ တောင်းဆိုမှုကိုလည်း သူက ကန့်ကွက်မဲပေးခဲ့ပြီး မြန်မာနဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့တောင် တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံပေါ် ကျယ်ပြန့်တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ပြစ်ဒဏ်ခတ်ခဲ့ပြီး ၂ နှစ်အကြာ ၂ဝ၁၂ ခုနှစ်မှာ အဲဒီ ပြစ်ဒဏ်တွေကို ကနေဒါက ဖယ်ရှားခဲ့ပါတယ်။

ကနေဒါနိုင်ငံ အော်တဝါမှာရှိတဲ့ မြန်မာသံရုံး ကြေညာချက်အရ Bryon Wilfert ရဲ့ အခန်းကဏ္ဍဟာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေ တိုးတက်ရေးအတွက် သံရုံးကို အထောက်အကူပြုဖို့ ဖြစ်တယ်လို့ ဆိုထားတယ်။

ကနေဒါ နိုင်ငံရေး အတိုက်အခံတွေကတော့ ဦးထွန်းမြင့်နိုင် ကနေဒါကို အလည်အပတ် ရောက်လာတဲ့ အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပါတယ်။

ကနေဒါ လွှတ်တော်ထဲမှာ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ ဒီမိုကရေစီပါတီသစ် (New Democratic Party) က ဦးထွန်းမြင့်နိုင် အဆင့်မြင့် ကုန်သွယ်ရေး ကိုယ်စားလှယ်အနေနဲ့ ကနေဒါကို ရောက်လာတာဟာ ကနေဒါ အစိုးရအနေနဲ့ လူ့အခွင့်အရေးကိစ္စထက် ကုန်သွယ်ရေးကိစ္စက ပိုအရေးကြီးတယ်လို့ နောက်ဆုံး ပြသလိုက်တဲ့ နမူနာ တခုဖြစ်တယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာနယ်က လွှတ်တော် ကိုယ်စားလှယ် Don Davies ကလည်း ဦးထွန်းမြင့်နိုင် ကုန်သွယ်ရေး အဆင့်မြင့် ကိုယ်စားလှယ်အနေနဲ့ ကနေဒါကို ရောက်လာခြင်းဟာ ကွန်ဆာဗေးတစ် လွှမ်းမိုးထားတဲ့ ကနေဒါအစိုးရက ဗီဇာထုတ်ပေးမှု မူဝါဒအပေါ် မေးခွန်းထုတ်စရာဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကွန်ဆာဗေးတစ်တွေက လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေး တိုးတက်အောင်မြင်အောင် လုပ်တာကို ဟန်ချက် မထိန်းညှိရုံ သာမက သူတို့ ဒီဆက်နွှယ်မှုကိုပါ လျစ်လျူ ရှုနေကြတယ်” လို့ Davies က ပြောပါတယ်။

ဗဟိုအမေရိက နိုင်ငံတခုဖြစ်တဲ့ ဟွန်ဒူရပ်စ်နဲ့ ကနေဒါ နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူမှုတခု မကြာသေးခင်က လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး  လူ့အခွင့်အရေးအဖွဲ့တွေက လူသတ်လက်မရွံ့တွေကို ကျောထောက်နောက်ခံ ပေးထားတဲ့ ဟွန်ဒူရပ်စ်အစိုးရနဲ့ ဒီလို သဘောတူစာချုပ်တာ ကန့်ကွက်ခဲ့တဲ့ အကြောင်းလည်း သူက နောက်ထပ် နမူနာတခုအဖြစ် ထပ်ပြောပြီး စတီဗင် ဟာ့ပါရဲ့ ကွန်ဆာဗေးတစ် အစိုးရဟာ ကုန်သွယ်ရေးမူဝါဒကို မှားယွင်းစွာ အကောင်အထည် ဖော်နေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ကနေဒါ ကုန်သွယ်ရေး ဝန်ကြီး Ed Fast ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဧရာဝတီကို ဖြေကြားခဲ့စဉ်မှာ ကနေဒါကို လာမယ့် မြန်မာကိုယ်စားလှယ်ထဲ ဦးထွန်းမြင့်နိုင် ပါဝင်ခြင်းဟာ ကနေဒါအစိုးရရဲ့ အားနည်းချက် မဟုတ်ဘဲ ဒါဟာ မြန်မာအစိုးရမှာသာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် ကနေဒါ အခြေစိုက် Abbotsford News သတင်းဌာနကို မကြာသေးခင်က သူပြောတာမှာတော့ ကနေဒါနိုင်ငံကို ဦးထွန်းမြင့်နိုင် လာရောက်နိုင်ခဲ့တာဟာ စိတ်ပျက်စရာလည်းဖြစ်ခဲ့သလို စိုးရိမ်မှုလည်း ရှိခဲ့တယ်လို့ ဆိုထားတယ်။

မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ်က လူ့အခွင့်အရေး လှုပ်ရှားသူ Seng Zing ဟာ ကနေဒါမှာ လုပ်မယ့် စွမ်းဆောင်ရည်မြှင့် အလုပ်ရုံဆွေးနွေးပွဲတက်ဖို့ ကနေဒါ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရပြီး မူးယစ်ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ နာမည်ကြီးတဲ့ ဘိန်းဘုရင် လော်စစ်ဟန်ရဲ့သား ဦးထွန်းမြင့်နိုင်ကို ကနေဒါက ပြည်ဝင်ခွင့် ဗီဇာပေးခဲ့ပါတယ်။

ဒီကိစ္စအပေါ် ကနေဒါ အတိုက်အခံတွေက လူ့အခွင့်အရေး ကိစ္စအပေါ် ကနေဒါ အစိုးရက မျက်ကွယ်ပြုတာပဲလို့ ထောက်ပြ ဝေဖန်နေကြပါတယ်။

ကမ္ဘာတလွှား မူးယစ်ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယဖြစ်ခံရသူ ခရိုနီစီးပွားရေး လုပ်ငန်းရှင်ကို ကနေဒါ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတာကို ကွန်ဆာဗေးတစ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒရဲ့ ကျဆုံးခြင်းတခုလို့ အတိုက်အခံ အမတ် Davies က ဆိုထားပါတယ်။

Your Thoughts …
Tags: Economy
ရှေးမျူ မားတော့ဗ်

ရှေးမျူ မားတော့ဗ်

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.2k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
188

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ယာဉ်တိုက်မှု, ဆူးလေဘုရားလမ်းမပေါ် , ရမ်းကားမောင်းနှင်မှု, ယာဉ်စည်းကမ်း

ရန်ကုန် မြို့လယ်တွင် ရမ်းကားမောင်းနှင်သော ယာဉ်ကြောင့် ၃ ဦးသေ၊ ရဲ ၁ ဦး ဒဏ်ရာရ

Ooredoo, Telenor, MPT, ဆက်သွယ်ရေးဝန်ဆောင်မှု, ရတနာပုံ တယ်လီပို့စ်,

အော်ရီဒူး၊ တယ်လီနောနဲ့ MPT၊ ရတနာပုံတို့ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် မြန်မာ့ ဆက်သွယ်ရေး အနာဂတ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate