• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာနိုင်ငံတွင် Viber သုံးစွဲသူ ၅ သန်း အထိ ရှိလာ

by သစ်နေမိုး
1 August 2014
in စီးပွားရေး
A A
မြန်မာနိုင်ငံတွင် Viber သုံးစွဲသူ ၅ သန်း အထိ ရှိလာ

Viber အား မြန်မာနိုင်ငံ အတွင်း တွင်ကျယ်စွာ သုံးစွဲနေကြပြီ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

4.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် Viber ကို မှတ်ပုံတင်ပြီး သုံးစွဲသူဦးရေ ၅ သန်း အထိ ရှိလာပြီဖြစ်ကြောင်း ဗိုက်ဗာ (Viber) ကုမ္ပဏီက ထုတ်ဖော် ကြေညာသည်။

ဇူလိုင် ၃၀ ရက်က ပြုလုပ်သော မြန်မာနိုင်ငံနှင့် ဆိုင်သည့် ပထမဆုံး Viber ပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

RelatedPosts

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

UWSA ထိန်းချုပ် မြန်မာ့မြေရှားသတ္တုများ တရုတ်ဆီ တင်ပို့နေ

13 June 2025
522
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
341
မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

မျှော်သာမျှော် ပေါ်မလာသည့် ရုရှားဧည့်သည်

12 June 2025
1.2k

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ viber သုံးစွဲသူ များပြားလာခြင်းနှင့် ပတ်သတ်ပြီး Viber ၏ အလုပ်အမှုဆောင် အရာရှိချူပ် Talmon Marco က “ သုံးစွဲသူတွေရဲ့နှုန်းက အံအားသင့်ဖွယ်ပဲ။ မြန်မာက ကျနော်တို့အတွက် အရမ်းအရေးကြီးတဲ့ ဈေးကွက် တခုပါပဲ” ဟု ပြောသည်။

နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တခုဖြစ်သော On Device Research က Viber သည် မြန်မာနိုင်ငံတွင် သုံးစွဲသူ အများဆုံး မိုဘိုင်း အပလီကေးရှင်း တခုဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ကြောင်း Viber က ဆိုသည်။

မြန်မာနိုင်ငံတွင် လူမှုဆက်သွယ်ရေး ကွန်ရက်အတွက် မိုးဘိုင်း စာပို့စနစ်နှင့် အသုံးပြုမှုများကို viber ဖြင့် အသုံးပြုမှုနည်းတူ ဖေ့ဘွတ်စ်(facebook) ၊ ဂျီတော့(Gtalk) တို့ကိုလည်း ယှဉ်တွဲ အသုံးပြုကြသည်။

viber က ပေးသည့် ဝန်ဆောင်မှုမျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက် အဆင်ပြေကြောင်းကို viber ကို ပုံမှန်သုံးစွဲသူ မရမ်းကုန်း မြို့နယ်တွင် နေထိုင်သည့် ကိုသီဟက “ Viber က free message service  လည်းဖြစ်၊ အကောင့်ဖွင့်ရတာလည်း ဖုန်းနံပါတ်ရှိရုံနဲ့ ဖွင့်ဖို့ လွယ်တယ်။ ဖုန်းနဲ့ ရိုးရိုးမက်ဆေ့ ပို့ရင် တစောင်ကို ၂၅ ကျပ် ပေးရတယ်၊ Viber နဲ့ဆို တမိနစ်အတွင်း သုံးလေးငါးစောင် ရိုက်ပို့လို့ ရတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာတယ်။ မက်ဆေ့မှာ အသံဖိုင်လည်း ပို့ရတယ်၊ ပုံလည်းပို့လို့ ရတယ်၊ သူငယ်ချင်းတွေစုပြီး အုပ်စုဖွဲ့ ချက်တင်တွေ လုပ်လို့ရတယ်။ဒီဟာတွေကို လွယ်ကူစွာနဲ့ အလကား သုံးလို့ရတဲ့အတွက် အများကြီး အဆင်ပြေတယ်”ဟု ပြောသည်။

Viber သုံးစွဲမှုသည် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကိုပါ လွယ်ကူစွာ ဝန်ဆောင်မှု ပေးထားသည့်အပေါ် လက်ရှိသုံးစွဲနေသူ မအေးအေးက “ Viber ကို ပိုသဘောကျတာက နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို အင်တာနက် အသုံးပြုတဲ့ နှုန်းထားအတိုင်း ပေးရလို့ပါ။ Viber က ဂျီတော့၊ ဖေ့စ်ဘုတ်တွေထက် လိုင်းအားပိုကောင်းပြီး တိုက်ရိုက်စကားပြောလို့ အဆင်ပြေတယ်။ ဖုန်းပြောသလိုပဲ ခံစားရတယ်။ ဒါကြောင့် ၃ ရက်ခြားလောက် နိုင်ငံခြားဖုန်း ခေါ်ဖို့ ပုံမှန်သုံးဖြစ်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရခဲ့သည့် Telenor ကုမ္ပဏီက ယခုနှစ် ဧပြီလအတွင်းက Facebook တွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသန ပြုချက်အရ သုံးပုံနှစ်ပုံခန့်သော မိုဘိုင်းဖုန်း သုံးစွဲသူတို့သည် ၎င်းတို့အနှစ်သက်ဆုံး စာပို့စနစ် အပ်ပလီကေးရှင်းအဖြစ် Viber ကို ရွေးချယ်ခဲ့ကြသည်ဟု Viber ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Viber ကို လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက အသုံးပြုနေကြပြီး  သုံးစွဲသူဦးရေ စုစုပေါင်း သန်း ၃၇၀ ကျော် ရှိကြောင်း Viber က သတင်းထုတ်ပြန် ထားသည်။

Viber သည် ကမ္ဘာ့ထိပ်တန်း မိုဘိုင်း စာပို့စနစ်နှင့် VoIP ကုမ္ပဏီ ဖြစ်သော Viber Media ကုမ္ပဏီ၏ ထုတ်ကုန်တခု ဖြစ်ပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိန္ဒိယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘယ်လာရုစ် နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

Viber သည် လက်ရှိတွင် အခမဲ့ ဆက်သွယ်နိုင်ရန် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိပြီး သုံးစွဲသူများ အနေဖြင့် အခမဲ့ စာပို့စနစ်များ၊ ရုပ်ပြောင်စတစ်ကာများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ပုံကြမ်းများနှင့် အခြားဒေတာ အချက်အလက်များ ပေးပို့နိုင်သည့် အပလီကေးရှင်း တခုဖြစ်သည်။

Your Thoughts …
Tags: CommunicationTechnology
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
5.1k

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။...

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

စမတ်ဖုန်း တလုံး အကျိုးရှိရှိသုံးပါ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
13 October 2014
8.7k

အဲဒီဖုန်းကို သင် ဘယ်လောက် အထိ အသုံးချသလဲ ဆိုတာ ဆင်ခြင် ကြည့်သင့် ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းကို ကြူဖို့ ကြောင်ဖို့ပဲ သုံးဦးမှာလား၊ အကျိုးရှိရှိ သုံးမှာလား သင့် ဘာသာသင် ဆုံးဖြတ်ပါတော့။

Next Post
မီဒီယာသမားများ "နစ်နာမှု" မရှိစေရန် လုပ်ပေးမည်ဟု သမ္မတ ကတိပေး

မီဒီယာသမားများ "နစ်နာမှု" မရှိစေရန် လုပ်ပေးမည်ဟု သမ္မတ ကတိပေး

မရေရာတဲ့ ဘဝကြားက ထူးချွန်ဆုရခဲ့တဲ့ မောင်ရာဇာ

မရေရာတဲ့ ဘဝကြားက ထူးချွန်ဆုရခဲ့တဲ့ မောင်ရာဇာ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate