• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ဇောတိက လုပ်ကွက်မှ မြန်မာ့ဓာတ်ငွေ့ ထိုင်းပိုထုတ်မည်

by ဝီလျံဘွတ်
21 August 2014
in စီးပွားရေး
A A
သဘာဝဓာတ်ငွေ့

ထိုင်းအစိုးရပိုင် PTTEP က ဇောတိက လုပ်ကွက်သည် နိုင်ငံ ၉ နိုင်ငံတွင် ၎င်းတို့လုပ်ဆောင်နေသည့် ကမ်းလွန်ထုတ်လုပ်မှုများထဲတွင် အကြီမားဆုံး ဖြစ်သည်ဟု ပြောကြားသည် (ဓာတ်ပုံ - Reuters)

2.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းရှိ ကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းသစ်မှ သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့ စတင် တင်ပို့နေသည့်အချိန်တွင် တာဝန်ယူ လုပ်ကိုင်နေသည့် ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ရေရှည်ထုတ်လုပ်နိုင်ရေးကို အထောက်အကူဖြစ်စေရန် မကြာမီကာလတွင် စီမံကိန်းလုပ်ကွက်အတွင်း တူးဖော်မှုများ တိုးချဲ့လုပ်ဆောင် သွားမည်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် နှစ်စဉ် သဘာဝဓာတ်ငွေ့ သုံးစွဲမှု၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ တင်သွင်းလျက်ရှိသည်။ ထိုင်းနိုင်ငံ ပြည်တွင်း ထုတ်လုပ်မှုကလည်း တဖြည်းဖြည်း ကျဆင်းလာနေသဖြင့် တင်သွင်းမှုက မြင့်တက်လာနေသည်ဟု လေ့လာစောင့်ကြည့်သူတို့က ပြောကြသည်။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
64
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k

ယခင် မြန်မာစစ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ မုတ္တမ ပင်လယ်ကွေ့တွင် အသစ်ထုတ်လုပ်နေသည့် ဇောတိက သဘာဝ ဓာတ်ငွေ့နယ်မြေမှ ထွက်ရှိသော ဓာတ်ငွေ့များ၏ ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံက ရရှိမည်ဖြစ်သည်။

ယခုနှစ် မတ်လမှစတင်၍ PTTEP က ၎င်း၏ စီးပွားဖက်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းသို့ ဓာတ်ငွေ့အနည်းငယ် စတင်ပေးပို့ခဲ့သည်။ သို့သော်လည်း နေ့စဉ်ထွက်ရှိမှုမှ အများစုဖြစ်သော ကုဗပေ သန်း၂၄၀ သည် တနင်္သာရီတိုင်းကို ဖြတ်ကျော်သွယ်တန်းထားသည့် ပိုက်လိုင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၅ ရက်နေ့တွင် စတင် စီးဆင်းနေပြီဖြစ်သည်ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းအစိုးရပိုင် PTTEP က ဇောတိက လုပ်ကွက်သည် နိုင်ငံ ၉ နိုင်ငံတွင် ၎င်းတို့လုပ်ဆောင်နေသည့် ကမ်းလွန်ထုတ်လုပ်မှုများထဲတွင် အကြီမားဆုံး ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ဇောတိက လုပ်ကွက်၏ အရွယ်အစားကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သို့သော်လည်း ထွက်ရှိနိုင်မှု ကုဗမီတာ ၅၀ ဘီလီယံ အနည်းဆုံးရှိနိုင်ပြီး အသစ်ထပ်မံ ရှာဖွေတူးဖော်မှုများ ပြုလုပ်ပါက ပိုများလာနိုင်သည်ဟု စွမ်းအင်ကဏ္ဍဆိုင်ရာ မဂ္ဂဇင်းတခုဖြစ်သည့် Asian Oil & Gas Monitor ကဆိုသည်။

PTTEP ၏ပြောဆိုချက်ကို ကိုးကား၍ စွမ်းအင်ဆိုင်ရာ လေ့လာဆန်းစစ်ရေး အဖွဲ့အစည်းတခုဖြစ်သည့် Platts  က “ PTTEP ထုတ်လုပ်မှုကို မြှင့်တင်နိုင်ဖို့အတွက် ဇောတိကမှာ ဓာတ်ငွေ့ထုတ်ယူရေးစင် ၄ ခု ထပ်မံ ဆောက်လုပ်နေပါတယ်။ ဓာတ်ဆီ အရန်ပမာဏကို မြှင့်တင်ဖို့နဲ့ ကာလရှည် ထုတ်လုပ်နိုင်ရေးကို အထောက်အကူဖြစ်အောင် ၂၀၁၄ နဲ့ ၂၀၁၅ အတွင်းမှာ နောက်ထပ် ၁၀ တွင်း တူးဖို့လည်း စီစဉ်နေပါတယ်” ဟု ဖော်ပြခဲ့သည်။

“ဒီတွင်းတွေကို စတူးဖို့ စီစဉ်ထားပါတယ်” ဟု Platts ကဆိုသည်။

ဖက်စပ်လုပ်ငန်းတွင် PTTEP က အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး MOGE က ကျန် ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်။

PTTEP ၏အမှုဆောင်ချုပ် Tevin Vongvanich က ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ “ထိုင်းနဲ့ မြန်မာ၂ နိုင်ငံလုံးရဲ့ စွမ်းအင်ဖူလုံမှုအတွက် သဘာဝဓာတ်ငွေ့ ထောက်ပံ့ဖြည့်တင်းပေးရာမှာ ဇောတိကရဲ့ အောင်မြင်မှုက အရေးပါတဲ့ နောက်ထပ် မှတ်တိုင်တခု ဖြစ်ပါတယ်” ဟု ပြောကြားလိုက်သည်။

PTTEP နှင့်ပြုလုပ်ခဲ့သော ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းသည် ယခင် မြန်မာစစ်အစိုးရနှင့် နောက်ဆုံးပြုလုပ်ခဲ့သည့် သဘောတူညီချက်ဖြစ်သည်။ လက်ရှိအစိုးရက အနာဂတ်တွင် ရှာဖွေတွေ့ရှိသည့် ကုန်းတွင်းနှင့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း စွမ်းအင်လိုအပ်ချက် မပြည့်စုံမချင်း နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့ရောင်းချခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ထုတ်ဖော်ပြော ဆိုထားခဲ့သည်။

ဇောတိက စီမံကိန်းအတွက် PTTEP က မည်မျှ  ရင်းနှီးမြှုပ်နှံထားသည်ကို ထုတ်ပြန်ထားခြင်း မရှိပါ။ သို့သော်လည်း အသစ်ထပ်မံရှာဖွေမှုများ ပြုလုပ်မည်ဆိုလျှင် နောက်ဆုံးတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံမျှ ရှိနိုင်သည်ဟု စွမ်းအင်ကဏ္ဍဆိုင်ရာ မီဒီယာသတင်းများက ဖော်ပြခဲ့ကြသည်။ ကုမ္ပဏီက စီမံကိန်းကုန်ကျစရိတ်ကို မျှဝေကျခံမည့် နိုင်ငံတကာမှ စီးပွားဖက် ရှာဖွေခဲ့သေးသော်လည်း မရရှိခဲ့ဟု Asian Oil & Gas Monitor က မကြာသေးမီက ရေးသားခဲ့သည်။

ဇောတိက စီမံကိန်းသည် ရန်ကုန်မြို့တောင်ဘက်  ကီလိုမီတာ ၃၀ဝ ခန့်နှင့် ထားဝယ်မြို့ အနောက်ဘက် ကီလိုမီတာ ၃၀ဝ ခန့်အကွာတွင် တည်ရှိပါသည်။

မြန်မာနိုင်ငံတွင် PTTEP က အဓိက ပိုင်ဆိုင်ထားသည့် အခြားကုန်းတွင်းနှင့် ကမ်းလွန်ရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများလည်း ရှိသေးသည်။ ထို့ပြင် ထိုင်းနိုင်ငံသို့ ကာလရှည်ကြာစွာ ဓာတ်ငွေ့များ တင်ပို့ပေးနေသည့် ရဲတံခွန်နှင့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ တွင်းများတွင်လည်း ရှယ်ယာအနည်းငယ် ပိုင်ဆိုင်ထားသည်။

မုတ္တမ ပင်လယ်ကွေ့အတွင်းရှိ PTTEP ၏ လုပ်ကွက် M3 နှင့် M11 တို့သည် စတုရန်း ကီလိုမီတာ ၁၁၇၀ဝ ကျယ်ဝန်းပြီး ရေနံအနည်းငယ်နှင့် သဘာဝဓာတ်ငွေ့အမြောက်အမြားထွက်ရှိရန် အလားအလာ အလွန်ကောင်းနေသည်ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုလုပ်ကွက်များသည် ရှာဖွေရေးနှင့် လေ့လာအကဲဖြတ်ခြင်း အဆင့်များတွင်သာ ရှိနေသေးပြီး ထွက်ရှိနိုင်မည့် ပမာဏကို ညွှန်ပြနိုင်ခြင်း မရှိသေးပေ။

ယခုနှစ်အစောပိုင်းတွင် PTTEP ၏ အမှုဆောင်ချုပ်က မြန်မာနိုင်ငံကို PTTEP ၏ ဒုတိယအိမ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ခြင်းမှာ အံ့အားသင့် စရာမဟုတ်ပါ။ ထိုင်းနိုင်ငံသည် ၎င်း၏ နှစ်စဉ် သဘာဝဓာတ်ငွေ့ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်းအတွက် မြန်မာနိုင်ငံကို မှီခိုနေရသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ သဘာဝ ဓာတ်ငွေ့ လောင်စာမှ ထုတ်လုပ်နေခြင်းလည်း ဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်းတွင် ထိုင်းနိုင်ငံက တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ ၄ ဘီလီယံ သုံးစွဲခဲ့ပြီး ၎င်း ပမာဏထဲမှ ကုဗမီတာ သန်း ၉၉၀ ကို မြန်မာနိုင်ငံမှ နေ့စဉ်တင်သွင်းနေရခြင်း ဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ထိုင်းနိုင်ငံ စွမ်းအင်မူဝါဒနှင့် စီမံ ကိန်းရုံးကို ကိုးကား၍ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနနှင့် MOGE အပါအဝင် အစိုးရ အဖွဲ့အစည်းများက မတ်လအတွင်းက ကမ်းလွန်လုပ်ကွက် ၂၀ အတွက် လုပ်ပိုင်ခွင့်ပြုရန် ယာယီသဘောတူညီချက် ရရှိထားပြီးဖြစ်သည့် နိုင်ငံတကာမှ ကုမ္ပဏီကြီးများ၊ ကုမ္ပဏီငယ်များနှင့် ရှာဖွေရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည်။ အဆိုပြုလွှာများ ခေါ်ယူစဉ်က လုပ်ကွက် ၃၀ အတွက် ခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း ၂၀၁၃ နှစ်လယ်ပိုင်းတွင် ချထားရေးလုပ်ငန်းစဉ် နောက်ပိုင်းရောက်သည့်အခါ လုပ်ကွက် ၁၀ ခုကို ချန်လှပ်ခဲ့ခြင်းအတွက် တာဝန်ရှိသူများဘက်က ရှင်းလင်းဖော်ပြမှု မရှိသေးပါ။

အကြိုအဆင့်အနေဖြင့် အဆိုပြုလွှာတင်သွင်း အောင်မြင်ခဲ့သည့် ကုမ္ပဏီများထဲတွင် Royal Dutch Shell၊ Chevron Corporation၊ ConocoPhillips၊  နော်ဝေနိုင်ငံမှ StatOil နှင့် အီတလီမှ Eni တို့ ပါဝင်နေသည်။

Your Thoughts …
Tags: EconomyOil
ဝီလျံဘွတ်

ဝီလျံဘွတ်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ပညာသင်ဆု

ပညာသင်ဆုလား၊ ခြေချုပ်မိစေတာလား

ရေကြီးရေလျှံခြင်း, ကူးစက်ရောဂါများ, ဝမ်းပျက်ဝမ်းလျှောရောဂါ,

ရေကြီးရေလျှံခြင်းရဲ့ နောက်ဆက်တွဲ ရောဂါများ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.7k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate