• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အမေရိကန် အထည် ကုမ္ပဏီ Gap မြန်မာ စက်ရုံများအား စာရင်းစစ်မှု ထုတ်ပြန်

by ဆိုင်မွန်လူးဝစ်
13 September 2014
in စီးပွားရေး
A A
အမေရိကန် အထည် ကုမ္ပဏီ Gap  မြန်မာ စက်ရုံများအား စာရင်းစစ်မှု ထုတ်ပြန်

၂၀၁၃ ဇွန်လအတွင်း ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ ပြိုကျအပြီး အထည်ဝယ်ယူသော ကို ဆန္ဒပြဖိအားပေးမှုများဖြစ်ပွားစေခဲ့သည်

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ နိုင်ငံတွင် စက်ရုံ ၂ ခု တည်ဆောက်လုပ်ကိုင်လျက်ရှိသော အမေရိကန် အခြေစိုက် အထည်လက်လီရောင်းကုမ္ပဏီ Gap က စာရင်းစစ်ဆေးတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး အလုပ်ခွင် အခြေအနေ၊ ကျန်းမာရေး နှင့် လုံခြုံမှု အစရှိသည့် အချက်အလက်များလည်း ထည့်သွင်း ဖော်ပြထားသည်။

ယင်းသို့ စစ်ဆေးချက်သည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသော အမေရိကန်ကုမ္ပဏီများအဖို့ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း ပြသရန်လိုသောကြောင့် မဖြစ်မနေ လုပ်ရမည့် လုပ်ဆောင်ချက်ဖြစ်သည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.5k
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
1k
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
937

Gap ကုမ္မဏီက စီးပွားရေးပိတ်ဆို့မှုကို ခေတ္တ ဆိုင်းငံ့ထားသည့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ၎င်းတို့၏ Old Navy နှင့် Banana Republic အမှတ်တံဆိပ်များအတွက် “မြန်မာပြည်တွင် ထုတ်လုပ်သည်” ဟူသော တံဆိပ်ပါရှိသည့် အပေါ်ထပ် အင်္ကျီ နှင့် စွပ်ကျယ် အင်္ကျီများကို ပထမဦးဆုံးသော တင်ပို့ ရောင်းချသည့် အမေရိကန်ကုမ္မဏီ ဖြစ်သည်ဟု ဇွန်လအတွင်းက ထုတ်ပြန်ကြေငြာခဲ့သည်။

ယခု “Responsible Sourcing in Myanmar” ဟုခေါင်းစဉ်ပါရှိသည့် အစီရင်ခံစာကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပေးပို့ ခဲ့ပြီး ယင်းကို သံရုံး အင်တာနက် စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။

၎င်းအစီရင်ခံစာတွင် Gap ၏ မြန်မာ့ နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို အကျယ်တဝင့် ဖော်ပြထားပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် International Labor Organization၊ အခြားသော အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ နှင့် လက်တွဲ လုပ်ကိုင်ခြင်းများ၊ ၎င်းတို့ Gap ကုမ္မဏီ အတွက် အထည်များ ထုတ်လုပ်ပေးလျက်ရှိသော ရန်ကုန်ရှိ တောင်ကိုးရီးယား ပိုင် အထည်စက်ရုံ ၂ ခုနှင့် ပတ်သက်သော အသေးစိတ် လေ့လာအကဲဖြတ်ချက်များ ကို ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ အကဲဖြတ်လေ့လာရာတွင် အဆောက်အအုံ နှင့် မီးဘေး အန္တရာယ်နှင့် ပတ်သက်သည့် လိုအပ်ချက်များကိုပါ စစ်ဆေး အကဲ ဖြတ်သွား ခြင်းဖြစ်ပြီး အလုပ်သမားများအား အန္တရာယ်ဖြစ်စေမည့် ခြိမ်းခြောက်မှုများ မတွေ့ ရှိခဲ့ရဟု ဆိုသည်။ ထိုစက်ရုံများ နှင့်ပတ်သက်သည့် စာရင်းစစ်ခြင်းကို အလုပ်သမား အခွင့်အရေး အဖွဲ့အစည်း ဖြစ်သည့် Verite မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“နိုဝင်ဘာ ၂၀၁၃ မှာ ထုတ်ပြန်ခဲ့တဲ့ အကဲဖြတ် မှတ်တမ်း အပြည့်အစုံမှာ ကနဦး အနေနဲ့ စက်ရုံရဲ့ ကုန်ထုတ်စွမ်းအား အပေါ် ကြည့်ရှု အကဲဖြတ်ထားပြီး အဲဒီနောက်မှာ တော့ တခြား ပြဿနာတွေကို ရှာဖွေခဲ့ပါတယ်” ဟု Verite ရဲ့ စာရင်းစစ်မှု နဲ့ပတ်သက်ပြီး အစီရင်ခံစာက ဆိုထားပါတယ်။

Gap အတွက် ပြုလုပ်ခဲ့သော အကဲဖြတ်မှတ်တမ်းတွင် မြန်မာနိုင်ငံရှိ အလုပ်သမားများအား အနိမ့်ဆုံး တရက် လုပ်အားခကို များစွာ နှိမ်၍ ပေးသော နေရာများ ဖြစ်သည့် မြန်မာ့ အထည်စက်ရုံ များအကြောင်းကိုလည်း ထင်ဟပ်ပြလျက်ရှိသည်။

လက်ရှိ တွေ့မြင် နေရသော ဖြစ်ရပ်များက ၎င်း စက်ရုံ ၂ ခုလုံးတွင် ဝန်ထမ်း အလုပ်သမားများအား စည်းကမ်း ထိန်းသိမ်း ရန်အတွက် ချမှတ်ထားသော မူဝါဒ များ မရှိပဲ ထိုအခြင်း အရာများက စည်းကမ်း နှင့်အညီ လုပ်ကိုင်နိုင်မှု မရှိခြင်း နှင့် ပြစ်ဒဏ်အတွက် ဒဏ်ငွေများ သတ်မှတ် ကောက်ခံ ခြင်း အစရှိသည့် အရာများ ကို ဖြစ်ပေါ်စေနိုင်ကြောင်း ရေးသားအစီရင်ခံထားသည်။

“အလုပ်သမားများက ၎င်းတို့ အထက်အရာရှိ အုပ်ချုပ်သူများဟာ နှုတ်ရေးဖြင့် ဆူပူခြင်း၊ မလိုအပ်တဲ့ ဆိုးရွားတဲ့ အပြုအမူများ ပြုလုပ်ခြင်းတို့ ကို ပြုမူကြောင်း သတင်းပို့ ကြတယ်။ ဖော်ပြခဲ့သလို နှုတ်ရေးဖြင့် ဆူပူပြောဆိုခြင်း ကဲ့သို့ ဖြစ်ရပ်တွေကို မျက်မြင် ကြုံတွေ့ နေရခြင်းများက စက်ရုံ တခုထက် အခြားတခုက ပိုပြီး နေ့စဉ် ကြုံတွေ့နေရပြီး မထူးဆန်းတဲ့ ဖြစ်ရပ်များကဲ့သို့ပင် ဖြစ်နေပြီ” ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

“တချို့ စက်ရုံတွေက Line Supervisor တွေ ရှင်းလင်းပြတ်သားတဲ့ ထုတ်ပြန်ချက်မျိုးတွေ မရှိဘဲ စည်းကမ်းထိန်းသိမ်းရေးမှာ ပြစ်ဒဏ်ကြေး ကောက်ခံမှုများ လုပ်နေတာကိုတောင် တွေ့ရတယ်” ဟုလည်း အစီရင်ခံသည်။

Gap က စာရင်းစစ်မှ ထိုစက်ရုံများအား စည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်သည့် မူဝါဒများကို အသုံးပြုရန် မိတ်ဆက်ပေးခဲ့ပြီး အလုပ်သမားများ အပေါ် နှုတ်စကား ဖြင့် ပြစ်တင်ဝေဖန်မှုများ နှင့် မသင့်လျော်သော လုပ်ရပ်များ လွန်လွန်ကဲကဲ ပြုလုပ်တတ်သည့် အထက်အရာရှိ အုပ်ချုပ်သူများကို သင်တန်းပေး လေ့ကျင့်ပေးသည့် အစီအစဉ်များ စတင်လုပ်ဆောင်နေသည် ဟု ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Verite က လည်း အလုပ်သမားများမှာ အချိန်ပို အလုပ်ချိန် ကို ပုံမှန် ဆင်းနေရပြီး လုပ်အားခမှာ မူ သင့်လျော်သော နှုန်းထား ဖြင့် ပုံမှန်ပေးခြင်း မရှိကြောင်း ပြောဆိုထားသည်။

“အလုပ်ချိန်ဟာ အချိန်ပို အပါအဝင် သတ်မှတ်ထားတဲ့ နာရီ ၆၀ ကို ကျော်လွန်နေတဲ့ အပြင် အလုပ်သမားတွေက တပတ်မှာ ပျက်ရက်တရက်မှ မယူကြပါဘူး။ နောက်တချက်က စက်ရုံ တခုမှာ အလုပ်သမားတွေကို အင်တာဗျူးခဲ့တုန်းကဆိုရင် သူတို့တွေက အချိန်ပိုကို လုပ်အားပေး သဘောမျိုး ထင်နေကြတာကို တွေ့ခဲ့ရတယ်” ဟု အစီရင်ခံစာတွင်ဆိုသည်။ ဆက်လက်၍ အစီရင်ခံစာက “အလုပ်သမားတွေက သူတို့ရဲ့ လုပ်အားခကို ဘယ်လိုတွက်ချက်ရမလဲ ဆိုတာ သေချာ နားမလည်ကြဘူး” ဟု ရေးသားထားသည်။

စက်ရုံများတွင် ကျန်းမာရေး နှင့် လုံခြုံရေး ကိစ္စရပ်များ နှင့်ပတ်သက်သည့် အရေးကိစ္စများကိုလည်း တွေ့ရှိရသည်။ အလုပ်သမားများမှာ လုံခြုံရေး ဝတ်စုံများ ဝတ်ဆင်အသုံးပြုရမည့် အချက်များကို ညွှန်ကြားခံထားရခြင်း မရှိဘဲ စက်ရုံများတွင် လုံလောက်သော လေဝင်လေထွက် များ မရှိသည်ကိုလည်း တွေ့ရှိရကြောင်း ဆိုသည်။

Gap က “စက်ရုံတွေမှာ လျှပ်စစ်၊ ဓာတုဗေဒ စတဲ့ အရာတွေနဲ့ ပတ်သက်တဲ့ လိုအပ်ချက် ပြဿနာတွေကိုလည်း တဆက်တည်း တွေ့ရပါတယ်။ အလုပ်သမားတွေကို ဓါတုဗေဓ ပစ္စည်းများ ကိုင်တွယ် အသုံးပြုနည်း ၊ လျှပ်စစ် ပစ္စည်းများကို ကောင်းမွန်စွာ ကိုယ်တွယ် အသုံးပြုနည်း နဲ့ သတိပေးချက်လို အသိပညာ သတင်းအချက်အလက်တွေကို အကျွမ်းဝင်စေဖို့ သင်တန်းပေးတာမျိုးတွေလည်း မတွေ့ရပါဘူး” ဟု ရေးသားဖော်ပြခဲ့သည်။

အစီရင်ခံစာက ဆက်လက်ပြီး စာရင်းစစ်အဖွဲ့သည် စက်ရုံများတွင် ကလေးသူငယ်များ အလုပ်သမား အဖြစ် လုပ်ကိုင်နေရသည့် အချက် နှင့်ပတ်သက်၍ သက်သေမရှိဟု ရေးထားသည်။ သို့သော်လည်း စက်ရုံ ၂ ခုလုံးသည် အသက်မပြည့်သေးသော ကလေး လုပ်သားများကို ယခင်က အသုံးပြုဖူးခဲ့ပြီး စာရင်းစစ်သော အချိန်အထိ အသက် ကန့်သတ်ချက် နှင့် ပတ်သက်သော လုပ်ဆောင်ချက်များ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် လုပ်ထားခြင်း မရှိကြောင်း ဆိုသည်။

စာရင်းစစ်ချိန်မှ စတင်၍ ၎င်းတို့ စက်ရုံများ အနက် မှ တခုမှာ လုပ်ငန်းလုပ်ကိုင်သူတို့ လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများကို လုံလောက်သည့် အနေအထားဖြင့် လိုက်လျောစွာ ကျင့်သုံးလာနေသည်ကို တိုးတက်မှုအဖြစ် မြင်တွေ့ရသည်ဟုလည်း Gap က ဆိုသည်။ အခြားသောအချက်မှာ အဓိက ပြုပြင်ရမည့် အချက်များ ကျန်ရှိနေသေး သော်လည်း အလုပ်ခွင် အနေအထား နှင့် စက်ရုံတွင်း လုံခြုံရေး ကိစ္စရပ်များ တိုးတက်မြှင့်တင်လျက်ရှိသော လုပ်ငန်းစဉ်များ လုပ်ကိုင်လျက်ရှိနေပြီဟုလည်း ဖော်ပြထားသည်။

Gap မှ တင်သွင်းသော အစီရင်ခံစာက “ရလဒ်ကောင်းတွေ စဉ်ဆက်မပျက် ဖြစ်ပေါ်နေဖို့ နဲ့ တိုးတက်မှုတွေ မျက်ခြေပျက် မသွားဖို့ ကျနော်တို့ ရည်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့  ကိုက်ညီ ဖို့ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် Vertie ဘက်က ပထမဆုံးအနေနဲ့ စစ်ယူရရှိထားတဲ့ စာရင်းတွေကို နိုဝင်ဘာ ၂၀၁၃ မှာ စတင် ဖော်ပြခဲ့ပြီးတဲ့အချိန်က စလို့ စက်ရုံတွေ က မြင်သာဖွယ်ဖြစ်တဲ့ လုပ်ငန်းခွင်နဲ့လုပ်ငန်းတွင်း တိုးတက်စေမယ့် အရေးပါတဲ့ အချက်တွေကို စတင်လုပ်ဆောင်တာ တွေ့ မြင်ရပြီး ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုက်လျောညီထွေ လုပ်ကိုင်လာတာကိုလည်း တွေ့ရပါတယ်” ဟု ဆက်လက်ဖော်ပြထားသည်။

Gap ကုမ္မဏီသည် မြန်မာပြည်တွင် အလုပ်နေရာ ပေါင်း ၇၀၀ ကျော်ကို ဖန်တီး ပေးထားလျက်ရှိပြီး ၎င်းထံမှ အထည် အမှာစာ များသည် အလုပ်သမားပေါင်း ၄၀၀၀ ဝန်းကျင်၏ အလုပ်ကို အထောက်အကူ ပေးနိုင်လိမ့်မည်ဖြစ်သည် ဟု ဆိုသည်။ စက်ရုံ ၂ ခု၏ အမည်ကိုမူ ဖော်ပြရေးသားထာခြင်း မရှိပေ။

Your Thoughts …
Tags: Economy
ဆိုင်မွန်လူးဝစ်

ဆိုင်မွန်လူးဝစ်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.2k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
188

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
နိုင်ငံရေး, အကြမ်းဖက်မှု, အယ်ကိုင်းဒါး, နိုင်ငံတော် လုံခြုံရေး

ဆန္ဒမရှိသေးလို့ စိုးရိမ်စရာ မရှိတာပါ

ထိုင်း-မြန်မာ နယ်စပ်, NCPO, မဲဆောက်, Bangkok Bank, PTT

မြန်မာနယ်စပ်တွင် အထူးကုန်သွယ်ရေးဇုန်များဖွင့်ရန် ထိုင်းကြိုးစား

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate