စီးပွားရေး

အမေရိကန် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မလုပ်ဆောင်သေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်မှုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) စာရင်းတွင် တခုမှမရှိသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြော သည်။

လက်ရှိအချိန်တွင် အမေရိကန်အမှတ်တံဆိပ် အများအပြား မြန်မာနိုင်ငံသို့ ဝင်ရောက်မှုရှိနေသော်လည်း ယင်းမှာ ဒေသတွင်း အခြားနိုင်ငံများမှ တဆင့် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရင်းနှီးမြှုပ်နှံမှုတွေတော့ ရှိပါတယ်၊ ဒါပေယ့် စင်္ကာပူ စရင်းထဲမှာ သွားရောက်နေတာ’’ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့သည့် အမေရိကန် လုပ်ငန်းစုစုပေါင်းမှာ ယခင်က ၁၅ ခုရှိခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုစတင်ခဲ့ပြီးနောက်ပိုင်း လုပ်ငန်းများ ပြန်လည်ရုပ်သိမ်း သွားခဲ့ကြောင်း၊ ယခုအခါတွင် MIC မှ ခွင့်ပြုသည့် အမေရိကန် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းမှာ တခုမှ မရှိတော့ကြောင်း သိရသည်။

ပြီးခဲ့သည့် လအတွင်းက အမေရိကန် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း တခုဖြစ်သည့် ACO Investment Group က မြန်မာနိုင်ငံ မြင်းခြံ ခရိုင်နှင့် မိထ္တီလာခရိုင်တို့တွင် ဒေါ်လာသန်း ၄၈၀ တန်ဖိုးရှိ နေရောင်ခြည်သုံး လှျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ထုတ်ပြန်ခဲ့သော်လည်း MIC သို့ တရားဝင် လှျှောက်လွှာ ရောက်မလာသေးဟု ဆိုသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဦးအောင်နိုင်ဦးက “ဒီဆိုလာ စီမံကိန်းကလည်း MIC ကိုမရောက်သေးပါဘူး။ သက်ဆိုင်ရာ ဝန်ကြီး ဌာနနဲ့ ရင်းနှီးမြှုပ်နှံသူ ပြောဆိုဆွေးနွေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ထင်တယ်။ ကျနော်တို့ဆီ တရားဝင် လျှောက်လွှာတင် တာ တော့ မရှိသေးပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံက အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေလာသည်နှင့်အမျှ ယင်းကဲ့သို့ စီမံကိန်းများ ပြည်တွင်းသို့ ဝင်ရောက်တော့ မည် ဖြစ်သည်နှင့်အတူ ယခုလ ၂၄ ရက်နေ့တွင်လည်း အမေရိကန် နယူးယောက်မြို့သို့ မြန်မာအစိုးရနှင့် လုပ်ငန်းရှင်များ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး ဆွေးနွေးကြဦးမည် ဖြစ်သည်။

အစိုးရသစ်တက်လာပြီး နောက်ပိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိုကြည့်မည်ဆိုလှျှင် နှစ်အလိုက် တိုး လာ သည်ကို တွေ့ရသည်။

နှစ်အလိုက် ဝင်ရောက်မှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၃၀၀၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁.၄၁၉ ဘီလီယံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄.၁၀၇ ဘီလီယံ ဖြစ်ပြီး ယခုဘဏ္ဍာနှစ် ပြီးခဲ့သည့် သြဂုတ်လကုန် အထိ ဝင် ရောက်မှုမှာ ဒေါ်လာ ၃.၃၂၅ ဘီလီယံ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများ၌ ပါရှိသည်။

ယခုနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုကို အမေရိကန် ဒေါ်လာ ၅ ဘီလီယံ အထိ မှန်းထားကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading