• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စတော့ အိတ်ချိန်း ဝင်ရန် ပြည်တွင်း ဦးဆောင်ကုမ္ပဏီကြီးများ မသေချာသေး

by သစ်နေမိုး
29 September 2014
in စီးပွားရေး
A A
စတော့ အိတ်ချိန်း, Security ကုမ္ပဏီ , MSEC , MAPCO , AGD , FMI

ရန်ကုန်တွင် ဖွင့်လှစ်ထားသော Myanmar Securities Exchange Centre (MSEC) ရုံးခန်း (ဓာတ်ပုံ – Reuters)

2.3k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်းရှိ ဦးဆောင် ကုမ္ပဏီကြီးများသည် လာမည့် ၂၀၁၅ တွင် ဖွင့်လှစ်မည်ဖြစ်သော စတော့ အိတ်ချိန်း(Stock Exchange) သို့ ဝင်ရန်အတွက် စဉ်းစားနေဆဲသာ ဖြစ်ကြောင်း စတော့ ရှယ်ယာ အရောင်းအဝယ် ကြားခံ ကုမ္ပဏီ က ပြောသည်။

“သူတို့က အကုန်လုံးစဉ်းစားနေတယ်။ ကျနော်တို့ဘက်က တွေ့ပြီးပြီ။ လက်ရှိစကားပြောနေတာက အလားအလာရှိတဲ့ သူတွေ ပေါ့။ အခုဟာတော့ အဲ့ဒီလို အလားအလာရှိတဲ့ ဟာတွေ အများကြီးပဲ။ ဦးအိုက်ထွန်း ရွှေတောင်တို့၊ ကမ္ဘောဇတို့ City Mart Holding တို့ ဒါတွေက အကုန်ပါတာ။ နောက်တော့  ဦးဇော်ဇော်တို့၊ ဒေါက်တာ ကိုကိုကြီးတို့ပေါ့”ဟု စတော့ ရှယ်ယာ အရောင်းအဝယ် ကြားခံ ကုမ္ပဏီ Myanmar Securities Exchange Centre (MSEC) ၏ Executive Director ဦးတင်မြင့်က ပြောပြသည်။

RelatedPosts

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

ငလျင်ကြောင့် ကာလရှည် စီးပွားရေးဒဏ်ရာ ရနိုင်သည်

24 May 2025
151
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.9k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.8k

လက်ရှိအချိန်တွင် ယင်းကဲ့သို့ ပြည်တွင်း ဦးဆောင် ကုမ္ပဏီကြီးများ အပါအဝင် စတော့ ရှယ်ယာ ဈေးကွက်သို့ ဝင်ရန် ပြောဆိုထား သည့် ကုမ္ပဏီပေါင်းမှာ ၆၀ ခန့် ရှိကြောင်း၊ ထို ကုမ္ပဏီများတွင် အများပိုင်အဖြစ် မပြောင်းလဲသေးသည် ကုမ္ပဏီများပါရှိနေပြီး အများပိုင် ပြောင်းလဲရန် အချိန်ယူနေသည်များလည်း ရှိကြောင်း သိရသည်။

ဦးတင်မြင့်က“ကုမ္ပဏီကြီးတွေက ဘယ်အပိုင်းကို သွားမယ်၊ ဘယ်အပိုင်းကို မသွားသေးဘူး စဉ်းစားနေတုန်းပဲပေါ့။ ဥပမာ KBZ မှာဆို ကုမ္ပဏီခွဲတွေ အများကြီးရှိတယ်။ အဲလိုင်း ကို သွားမလား၊ ဟိုတယ်ကို သွားမလား၊ ဘဏ်ကို သွားမလား စဉ်းစားနေတဲ့ အနေ
အထားမျိုးပေါ့”ဟု ပြောသည်။

သို့သော် စတော့အိတ်ချိန်းတွင် လိုအပ်သော ငွေချေး သက်သေခံ လက်မှတ်ဥပဒေ Security Exchange Law ကိုပြဌာန်းပြီး စတော့ အိတ်ချိန်း ကော်မရှင်(SEC) ကို ဖွဲ့စည်းပြီးဖြစ်သော်လည်း လုပ်ထုံးလုပ်နည်း ဥပဒေကို ပြဌာန်းရန် ကျန်နေသေးသည့်အတွက် ကုမ္ပဏီ များဘက်က အားမရမှု ရှိနေကြောင်းလည်း သိရသည်။

စတော့ အိတ်ချိန်း ကော်မရှင်(ငွေချေး သက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင်) မှာ ပြီးခဲ့သည့် လအတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းကော်မရှင်က စတော့ အိတ်ချိန်းကို လိုင်စင်ချပေးခြင်း၊ Security ကုမ္ပဏီများကို လိုင်စင်ချပေးခြင်း စသော လုပ်ငန်းများကို လုပ်ဆောင် ပေးရမည် ဖြစ်သည်။

လက်ရှိတွင် စတော့ အိတ်ချိန်းသို့ ဝင်နိုင်ရန် သေချာလုနီးပါးအထိ ရှိနေပြီး လက်တွေ့ အကောင်အထည်ဖော်မှုများ ပူးပေါင်း လုပ်ဆောင် နေသော အများပိုင်ကုမ္ပဏီ အရေအတွက်မှာ ၃ ခု ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အများပိုင် ကုမ္ပဏီ ၃ခုမှာ မြန်မာ့ လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်း(MAPCO) ၊ First Myanmar Investment Company (FMI) နှင့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်တို့ ဖြစ်သည်ဟု ဆိုသည်။

စတော့အိတ်ချိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ လအတွင်း ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပြီး ထိုကာလထက် စော လျှင် စောနိုင်ကြောင်းလည်း MSEC ၏ Deputy Director ဦးသက်ထွန်းဦး က ပြောသည်။

အဆိုပါ စတော့ အိတ်ချိန်းဖွင့်မည့် ကာလသတ်မှတ်ချိန်တွင် ကုမ္ပဏီအရေအတွက် အနည်းအများကို ကြည့်နေတော့မည်မဟုတ်ဘဲ ရှိသလောက် နှင့် စတင်ဖွင့်လှစ်သွားမည်ဟု ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီးက ပြောဆိုထားသည်။

ရန်ကုန် စတော့အိတ်ချိန်းကို မြန်မာအစိုးရ၊ ဂျပန် စတော့အိတ်ချိန်းနှင့် Daiwai ကုမ္ပဏီတို့က ဖက်စပ်စနစ်ဖြင့် တည်ထောင်မည် ဖြစ်ပြီး အများပိုင်ကုမ္ပဏီများက ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်စေရန် ပြုလုပ်၍ ရှယ်ယာများ ရောင်းချကြရမည် ဖြစ်သည်။

စတော့ အိတ်ချိန်းပေါ်လာပါက စတော့အိတ်ချိန်းဝင်(Listed) ကုမ္ပဏီကြီးများနှင့် ၎င်းတို့ ရှယ်ယာများကို ဝယ်ယူလိုသူများကြား ကြားခံ အရောင်းအဝယ်လုပ်ပေးမည့် Security ကုမ္ပဏီများလည်း လိုအပ်လာမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ယင်းကဲ့သို့ လုပ်ဆောင်ပေးမည့် Security ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် MSEC ကုမ္ပဏီ တခုတည်းသာ ရှိသည်။

စတော့ ဈေးကွက် ဆိုသည်မှာ အများပိုင်ကုမ္ပဏီများက စတော့ အိတ်ချိန်းသို့ စာရင်းဝင်အဖြစ် ဝင်ရောက်၍ ၎င်းတို့၏ ရှယ်ယာများကို တန်ဖိုးသတ်မှတ် ရောင်းချခြင်းဖြစ်သည်။

ထိုသို့ စတော့ အိတ်ချိန်း စာရင်းဝင်ဖြစ်ရန်မှာ စတော့ အိတ်ချိန်းက သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီမှသာ ရမည်ဖြစ်သည်။

စတော့ အိတ်ချိန်း ထူထောင်ရန်အတွက် အစိုးရက Share Certificate ငွေချေး သက်သေခံ လက်မှတ် ဥပဒေကို ပြဌာန်းရပြီး ယင်း ဥပဒေအတိုင်း ငွေချေးသက်သေခံ လက်မှတ် ကြီးကြပ်ရေးကော်မရှင်ကို ဖွဲ့စည်းရသည်။

ထို ကော်မရှင်သည် စတော့ အိတ်ချိန်းတွင် အရေးအပါဆုံး အဖွဲ့အစည်း ဖြစ်သည်။

Your Thoughts …
Tags: Economy
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.1k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
186

ကာတွန်း

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

စီးပွားဖြစ် ဝါး စိုက်ပျိုး ထုတ်လုပ်, တရုတ်, အိန္ဒိယ, မြန်မာ, ဂေဟ စနစ်, သဘာ၀ ပတ်ဝန်းကျင်, သစ်တော ဦးစီးဌာန

စီးပွားဖြစ် ဝါး စိုက်ပျိုးထုတ်လုပ်မှု အလေးထား လုပ်ကိုင်ရန် တိုက်တွန်း

by ခိုင်ပြည့်စုံ
16 January 2014
4.8k

“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိ က က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း...

Next Post
ဆာကူရာ, ပုဂံ, သံတဲ, သီရိပစ္စယာ, သရပါ,

ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့ ပြင်ဆင်တော့မည်

ဟောလိဝုဒ် စတား

မင်းသားကြီး ဂျော့ချ် ကလူနီနဲ့ ရှေ့နေ လှပျိုဖြူတို့ လက်ထပ်ပြီ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

23 hours ago
3.8k

Most Read

  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate