• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အာဆီယံ ခရီးသွားလုပ်ငန်း ပြပွဲ ဈေးကြီးလွန်းသည်

by မောင်မောင်
21 October 2014
in စီးပွားရေး
A A
အာဆီယံ ခရီးသွားလုပ်ငန်း ပြပွဲ ဈေးကြီးလွန်းသည်

ပုဂံမြို့ အဝင် တနေရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

2.3k
VIEWS
Share on FacebookShare on Twitter

ATF (Asean Tourism Forum) အာဆီယံ ခရီးသွားလုပ်ငန်း ဖိုရမ် ၂၀၁၅ ကို နေပြည်တော်မှာရှိတဲ့ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC) မှာ ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ပြီး ၂၉ ရက်နေ့အထိ ၈ ရက်တိုင်တိုင် တခမ်းတနား ကျင်းပတော့မှာ ဖြစ်ပါတယ်။ ၁၉၈၁ မှ စတင်ကာ နှစ်စဉ်နိုင်ငံအလိုက် အလှည့်ကျ ကျင်းပလာခဲ့တာ ၃၃ ကြိမ်ရှိသွားခဲ့ပါပြီ။ အခု မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရတဲ့ ၂၀၁၅ ခုနှစ်ဟာ ၃၄ ကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ဘဲ ဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်း ပေးခဲ့ရတယ်လို့ သိရပါတယ်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
894
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

နိုင်ငံအလိုက် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့တဲ့ အကြိမ်အရေအတွက်ကို ကြည့်မယ်ဆိုရင် စုစုပေါင်း ၃၃ ကြိမ်မှာ မလေးရှား ၆ ကြိမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင် ၅ ကြိမ်စီ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း ၂ ကြိမ်စီနှင့် ဗီယက်နမ်၊ မြန်မာ ၁ ကြိမ်စီတို့ ဖြစ်ပါတယ်။

ATF ၂၀၁၅ မှာ အာဆီယံ ၁၀ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က မီဒီယာတွေ ခရီးသွားလုပ်ငန်းနှင့် ပါဝင် သက်ဆိုင်သူ (Stakeholder) ၁၅၀၀ ကျော် တက်ရောက်မယ့် ခရီးသွားလုပ်ငန်းပြပွဲ (Travel Expo =Travex) ကိုလည်း ဇန်နဝါရီလ ၂၆ ရက်မှ ၂၉ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။ Travex မှာ Seller-Meet-Buyer (SMB) နဲ့ Buyer-Meet-Seller (BMS) ရောင်းသူ ဝယ်သူတွေ့ဆုံပွဲ အစီအစဉ်များ ပါဝင်ပါတယ်။ Seller ဆိုတာ မိမိနိုင်ငံအတွင်းမှာရှိတဲ့ ခရီးစဉ်ဒေသများကို ရောင်းချတဲ့သူဖြစ်ပြီး Buyer ဆိုတာ ရောင်းချသူ Seller ရဲ့ ခရီးစဉ် များကို ဝယ်ယူသူဖြစ်တယ်။ တနည်းဆိုရင် Seller ဟာ Inbound Tour လုပ်ကိုင်သူဖြစ်ပြီး Buyer ဟာ Outbound Tour လုပ်ကိုင်သူဖြစ်တယ်။

ATF ရဲ့ ရည်ရွယ်ချက်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) အာဆီယံကို တခုတည်းသော ဆွဲဆောင်မှုရှိသည့် လည်ပတ်စရာ နေရာဒေသတခုဖြစ်လာစေရန်၊

(၂) အာရှ ဖစိဖိတ်ဒေသအတွင်း အာဆီယံကို ပြိုင်ဖက်ကင်းသော နေရာဒေသတခုဖြစ်လာစေရန်အတွက် အသိပညာ မြှင့်တင်ပေးရန်၊

(၃) အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်စေရန်၊

(၄) အာဆီယံဒေသအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊

(၅) အာဆီယံခရီးသွားလုပ်ငန်း ရပ်ဝန်းရှိ ကဏ္ဍအသီးသီးအကြား ပူးပေါင်းဆောင်ရွက်မှုအား ကောင်းလာစေရန်တို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခြင်းဟာ နိုင်ငံအတွက်သာမက ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်သူ Stakeholder တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် အထူးအခွင့်အရေးကောင်း ဖြစ်ပါတယ်။ မိမိတို့၏ ရောင်းကုန် (Product) များနဲ့ ဝန်ဆောင်မှု (Service) များကို နိုင်ငံတကာမှ မီဒီယာများ၊ လုပ်ငန်းအမျိုးစားတူ Stakeholder များအား လက်တွေ့ကျကျ ထိတွေ့ သိရှိစေနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကြိမ် ၂၀ ကျော် လာရောက်ခဲ့ဖူးသော ပြင်သစ်လူမျိုး ရှေးဟောင်းသုတေသန ပညာရှင် Dr. Alain Mahuzier က သူ၏ (L’Or de L’ Asie) အာရှ ရွှေနိုင်ငံဟု တင်စားထားသော မြန်မာနိုင်ငံ အကြောင်းစာအုပ်တွင် “မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ တမူထူးခြားသော ခရီးသွား အရင်းအမြစ်များ ပြည့်နှက်နေကြောင်း၊ နှစ်ပေါင်းများစွာ တည်တံ့နေသော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ရှုမငြီးဖွယ်ရာ သဘာဝအလှအပဝန်းကျင်များ၊ သွားလိုသည့်ခရီးစဉ်များကို လုံခြုံမှု အပြည့်ဖြင့် သွားနိုင်သော တည်ငြိမ်အေးချမ်းမှုများ တိုင်းရင်းသား သွေးချင်းတို့၏ တဖက်သားကို ရိုင်းပင်းကူညီတတ်သည့်၊ လှိုက်လှဲပျူငှာ ဧည့်ဝတ်ကျေပွန်တတ်သော လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့် ခရီးသည်များကို ထူးထူးခြားခြား ဆွဲဆောင်နေကြောင်း အခြားသော နိုင်ငံနှင့် လူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့စရိုက်ဟန်ပန်များ ရောယှက်မှု ကင်းရှင်းသော ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှုတို့ဖြင့် သီးသီးသန့်သန့် ထည်ထည်ဝါဝါ ရှိနေကြောင်း” စသည့်တို့ကို ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီလို ကိုယ့်နိုင်ငံရဲ့ အနေထားကောင်းတွေကို နိုင်ငံတကာက မီဒီယာတွေ၊ Stakeholder တွေကို လက်တွေ့ကျကျ သိရှိစေနိုင်တာဟာ နိုင်ငံအတွက် မဟာအခွင့်အလမ်းကောင်းကြီးတခုဖြစ်သလို တိုင်းရင်းသား လုပ်ငန်းရှင်အတွက်လည်း ကြုံတောင်ကြုံခဲ မျှော်လင့်တကြီး စောင့်စားနေရတဲ့ အခွင့်အရေးတခုဖြစ်ပါတယ်။ နိုင်ငံတကာမှ တက်ရောက်လာကြတဲ့ လုပ်ငန်းအမျိုးအစားတူ လုပ်ငန်းရှင် တွေနဲ့ ချိတ်ဆက်မိကာ မိမိလုပ်ငန်းကို ဖြန့်ကျက်တိုးချဲ့နိုင်ပြီး ဝင်ငွေတိုးပွားလာစေမှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားကို စရိတ်စက အကုန်ခံပြီး သွားစရာမလိုဘဲ ကုန်ကျစရိတ်သက်သာစွာနဲ့ တက်ရောက်ပြသ နိုင်မယ့်ပွဲလို့ ယူဆထားတာကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်တွေ အတွက်တော့ ရတောင့်ရခဲ အခွင့်အရေး တခုပါ။

သို့ပေမယ့်လည်း ခရီးသွားပြပွဲမှာ တက်ရောက်ပြသခွင့်အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေက တိုင်းရင်းသား လုပ်ငန်းရှင်တွေအတွက်တော့ မတတ်နိုင်တဲ့ ဈေးဖြစ်နေတာပါ။ ကြီးမားတဲ့ အဟန့် အတားကြီး တခုဖြစ်နေတာပါ။ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး နှင့်ဈေးကွက် ရရှိရေးကော်မတီက စေတနာအပြည့်နဲ့ အသင်းဝင်တွေ ပါဝင်ပြသနိုင်အောင် ဖိတ်ခေါ်ခဲ့တာ ကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း အရောင်းပြခန်းငယ် (Booth) တခုအတွက် သတ်မှတ် ထားတဲ့ဈေးနှုန်းနဲ့ အခြားသော ဈေးနှုန်းတွေဟာ တိုင်းရင်းသား လုပ်ငန်းရှင်တွေအတွက် အဆမတန် ကြီးမားနေပါတယ်။

Travex ကို သွားရောက်ပြသနိုင်မယ့် သတ်မှတ်ဈေးနှုန်းတွေကတော့

UMTA ၏ ဈေးနှုန်း

အရောင်းပြခန်းငယ် Booth တခု = ၁၂ သိန်း

Full delegate                       = US Dollor 630

Co-Delegate                        = US Dollor 450

Delegate တဦးတည်းလည်း တက်ရောက်ခွင့်ရှိသည်။ အနိမ့်ဆုံးဈေးနှုန်း (၁၂ သိန်း + ၆၃၀ $ )

MTM (Myanmar Tourism Marketing) ၏ ဈေးနှုန်း

Booth + Full Delegate + Co- Delegate = 2400 US Dollar  (တဦးတက်သည်ဖြစ်စေ၊ နှစ်ဦး တက်သည်ဖြစ်စေ အနိမ့်ဆုံးဈေးဖြစ်သည်။)

စုစုပေါင်း ၂၂ သိန်းနှင့် ၂၄ သိန်းကြား ကုန်ကျမှာဖြစ်ပါတယ်။ နေစရိတ်၊ စားစရိတ် သွားလာရေး စရိတ်တွေနဲ့ဆိုရင် အနည်းဆုံး သိန်း ၃၀ လောက် အကုန်ကျခံနိုင်မှသာ ဒီပွဲကို တက်ရောက်ပြသခွင့် ရကြမှာဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ တိုင်းရင်းသား လုပ်ငန်းရှင် (SME) အများစုအနေနဲ့ တက်ရောက် နိုင်ကြမှာ မဟုတ်ပါဘူး။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အင်အားစုတွေဖြစ်ကြတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်အများစု ATF ၂၀၁၅ ရဲ့ Trevex မှာ ပါဝင်တက်ရောက်နိုင်ခွင့် ရရှိရေးအတွက် နိုင်ငံတော် သမ္မတကြီးမှသည် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးအဆုံး ဝိုင်းဝန်းစဉ်းစား ဆောင်ရွက်ပေးနိုင်ရန် ဆန္ဒပြုတိုက်တွန်းလိုက်ရပါတယ်။

(စာရေးသူသည် ရန်ကုန်အခြေစိုက် World Quest International Tours ၏ Managing Director ဖြစ်သည်)

Your Thoughts …
Tags: Business
မောင်မောင်

မောင်မောင်

Contributor

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post

၂၀၁၅ ရွေးကောက်ပွဲ အတွက် လာမည့်လတွင် မဲစာရင်းကောက်မည်

သမ္မတ, ဂျိုကိုဝီ, အင်ဒိုနီးရှား, ဒီမိုကရေစီ

သမ္မတ ဂျိုကိုဝီကို မွေးဖွားခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate