စီးပွားရေး

လေဆာ သွားတိုက်ဆေး လုပ်ငန်းကို Colgate ဝယ်ယူ

This article has been converted from Zawgyi One to Unicode

အမေရိကန် ကုမ္ပဏီတခုဖြစ်သော Colgate-Palmolive Co က မြန်မာနိုင်ငံမှ လေဆာ အမှတ်တံဆိပ် သွားတိုက်ဆေး လုပ်ငန်း ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်ဖြင့် ဝယ်ယူလိုက်ကြောင်း သိရသည်။

အမေရိကန်၏ The U.S. consumer-goods ကုမ္ပဏီက မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် လေဆာ သွားတိုက်ဆေး ကုမ္ပဏီကို ဝယ်ယူမှုသည် ၂၀၁၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံအား စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ပေးခဲ့ပြီးနောက် အမေရိကန် ကုမ္ပဏီ တခု၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုလည်းဖြစ်ကြောင်း Bloomberg သတင်းတပုဒ်က ဆိုသည်။

မြန်မာနိုင်ငံရှိ ရွှေဧရာနဒီ ကုမ္ပဏီ လိမိတက်မှ ထုတ်လုပ်သည့် လေဆာသွားတိုက်ဆေးနှင့် လူသုံးကုန်ပစ္စည်းများကို အမေရိကန် Colgate ကုမ္ပဏီက ဝယ်ယူခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင်လည်း အတည်ပြုဖော်ပြထားသည်။

ယခု ရင်းနှီးမြှုပ်နှံမှုသည် အရှေ့တောင် အာရှ နိုင်ငံတခုတွင် အရေးကြီးပြီး မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးမှု ရှိစေရေး အခိုင် အမာ လုပ်ဆောင်မည်ကို ပြသခြင်းဖြစ်သည်ဟုလည်း Colgate ကုမ္ပဏီက ဆိုသည်။

ကုမ္ပဏီအနေဖြင့် လေဆာ၏ ထုတ်လုပ်မှုဖြန့်ဖြူ လုပ်ငန်းများနှင့် သွားတိုက်ဆေးဘူးများကိုပါ ဝယ်ယူ၍ ထိုင်းနိုင်ငံမှတဆင့် တင်သွင်းမည့် Colgate ကုန်ပစ္စည်များနှင့်အတူ ဆက်လက်ထုတ်ဝေမည်ဟုလည်း သိရသည်။

Colgate ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်သည့် အမေရိကန် ကုမ္ပဏီများဖြစ်သော GE ကုမ္ပဏီ (General Electric Co)၊ ကိုကာကိုလာ ကုမ္ပဏီ၊ Gap Inc ကုမ္ပဏီတို့နှင့် အလားတူ ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်ကြောင်း သတင်း တွင် ပါရှိသည်။

ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နောက် ၅ နှစ်ကျော်အထိ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၂၀၀ ကျော်ရှိမည် ဖြစ် သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံသည် ပွင့်လင်းလာပြီးနောက် နိုင်ငံပေါင်းစုံမှ ပစ္စည်းများ သုံးစွဲခွင့်ရရှိလာသောကြောင့် ယမန်နှစ်က အလှအပနှင့် အသားအရေထိန်းသိမ်းသည့် ထုတ်ကုန်ဈေးကွက်လည်း ကျယ်ပြန့်လာကြောင်း၊ Euromonitor International ၏ သုတေသနပြုချက်အရ ယမန်နှစ်က အလှအပနှင့် အသားအရေထိန်းသိမ်းသည့် ထုတ်ကုန်ပစ္စည်း ဈေးကွက်တန်ဖိုး ဈေးကွက် တန်ဖိုး ဒေါ်လာ ၃၁၈ သန်းအထိ ရောက်ခဲ့ပြီး ၂၀၀၉ ခုနှစ်က ဈေးကွက်ထက် ၁၄ ရာခိုင်နှုန်း မြင့်တက်ကြောင်း သိရသည်။

Euromonitor International က ကမ္ဘာတဝန်း လူသုံးကုန်ပစ္စည်းများအတွက် အခွင့်အလမ်းအများဆုံး ဈေးကွက် ၂၀ တွင် မြန်မာ နိုင်ငံသည် တခုဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် မြန်မာ ဈေးကွက်သည် ယခုထက် ထပ်မံ တိုးတက်ရန်ရှိကြောင်း မျှော်လင့်ရသည်ဟုလည်း ဆိုသည်။

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့(IMF)၏ ယခုလထုတ် အစီရင်ခံစာတစောင်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက် လာ နေ သော မြန်မာ့ စီးပွားရေးသည် လာမည့်နှစ်များတွင် နှစ်စဉ် ပျမ်းမျှ ၈ ရာခိုင်နှုန်း တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံပေါင်းစုံက ပြည်တွင်း စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ် လုပ်ငန်းများ လုပ်ကိုင်ရန် နှစ်ခြိုက်နေလာနေသည့် မြန်မာ နိုင်ငံ တွင် ဈေးကွက်လက်ဦးမှု ရရှိရေးအတွက် ယခု Colgate က လေဆာကို ဝယ်ယူမှုသည် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများထဲက တခုဖြစ်သည်။

လာမည့် နှစ်များတွင် မြန်မာဈေးကွက်အပေါ် မူတည်ပြီး ထိုင်းနိုင်ငံတွင် ထုတ်လုပ်နေသော Colgate အမှတ်တံဆိပ် သွား တိုက် ဆေး ထုတ်လုပ်မှုကို မြန်မာ နိုင်ငံတွင် ပြောင်းရွှေ့ထုတ်လုပ်မည်ဟုလည်း Bloomberg သတင်း၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က လုပ်ငန်းအရောင်းအဝယ်ပြုမှု တန်ဖိုးသည် ဒေါ်လာ သန်း ၅၀ မျှသာ ရှိခဲ့သည်ဟု Dealogic ဟူ သည့် သုတေသန အဖွဲ့က ဆိုသည်။

အမေရိကန်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုသည် အခြားနိုင်ငံများထက် များစွာနည်းပါးနေသေးသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ တရုတ်နိုင်ငံဖြစ်သည်။

မြန်မာအစိုးရ၏ လွန်ခဲ့သည့် သြဂုတ်လ စာရင်းများအရ မြန်မာနိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း ဒေါ်လာ ၂၄၃.၆ သန်းရှိပြီး တရုတ်နိုင်ငံက ဒေါ်လာ ၁၄ ဘီလျံရှိသည်။

ထိုင်းနိုင်ငံက ဒေါ်လာ ၁၀ ဘီလျံနှင့် စင်ကာပူနိုင်ငံက ဒေါ်လာ ၄.၇ ဘီလျံတို့သာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

အခြား အနောက်နိုင်ငံများကလည်း မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံနေကြရာ ဒိန်းမတ်နိုင်ငံက နာမည်ကြီး Carlsberg ဘီယာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဘီယာထုတ်လုပ်ရန် ၂၀၁၃ ခုနှစ်ကတည်းက ဖက်စပ်လုပ်ငန်း စတင်ခဲ့ပြီး လာမည့် လတွင် ဘီယာ စတင်ရောင်းချမည်ဟု ဆိုသည်။

Loading