ကမ္ဘာဘဏ် အုပ်စုအဖွဲ့ဝင် နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (International Finance Corporation – IFC) က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ၁ထောင် ရင်းနှီးမြှုပ်နှံသွားရန် ရှိကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။
IFC အနေဖြင့် လာမည့် ၃ နှစ်ကျော် ကာလအတွင်း အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင် ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ၂၀၁၄ နိုဝင်ဘာမှ ၂၀၁၅ ဇန်နဝါရီအထိ အမေရိကန်ဒေါ်လာ ၉၂ သန်းအထိ ရှိနေကြောင်း သိရသည်။
IFC ၏ အရှေအာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Vivek Pathak က “ကျနော်တို့အနေနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍကို အစိုးရနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းတို့အနေဖြင့် ပြည်တွင်းရှိ ဘဏ်များအား အကူအညီပေးမည့် အစီအစဉ်တွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အထောက်အပံ့ ရစေရေး ဦးတည်ချက်ထား၍ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သလို မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှု အခြေအနေနှင့် ပတ်သက်၍လည်း ဝေဖန်ပြောဆိုလိုက်သည်။
Vivek Pathak က “ရင်းနှီးမြှုပ်နှံသူ တော်တော်များများဟာ မြန်မာဈေးကွက်ကို မျက်စေ့ကျနေကြ ပေမယ့်လည်း ရှင်းလင်းမှု မရှိသေးတဲ့ ဥပဒေစည်းမျဉ်း အမြောက်အများ ကျန်ရှိနေပါသေးတယ်။ စီးပွားရေး ဆောင်ရွက်မှုလုပ်ငန်းကို ပိုမိုလွယ်ကူစေမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိသော ဥပဒေများစွာ ကျန်ရှိနေသေးပြီး လက်ရှိ တည်ဆဲ ဥပဒေများထဲတွင် ရုပ်သိမ်း၊ ပြင်ဆင်၊ အသစ် ရေးဆွဲရမည့် ဥပဒေများမှာ ၁၃၆ ခုအထိ ရှိနေသေးကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။
IFC ၏ မြန်မာနိုင်ငံအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပုဂ္ဂလိက ဖွံ့ဖြိုးရေးဟု ဆိုကာ လုပ်ငန်းရှင်များသို့ ချေးငွေများ ထုတ်ချေးပေးခြင်း အပေါ်လည်း ဝေဖန်မှုများ ရှိခဲ့သည်။
အဆိုပါ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ပုဂ္ဂလိကဖွံ့ဖြိုးရေးဟု ဆိုသော ခေါင်းစဉ်များနှင့် FMI ဥက္ကဋ္ဌ ဦးသိမ်းဝေပိုင် ကုမ္ပဏီတချို့နှင့် Shangri-La အုပ်စုတို့အပြင် တခြား ရင်းနှီးမြှုပ်နှံသူများကို ချေးငွေထုတ်ချေးပေးရန် ဆုံးဖြတ်ခဲ့မှုအပေါ် အမေရိကန် အခြေစိုက် US Campaign For Burma အဖွဲ့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့အဖွဲ့က အဆိုပါချေးငွေများမှာ အမှန်တကယ် ဆင်းရဲမွဲတေမှု လျှော့ချရေး နှင့် ပုဂ္ဂလိက ဖွံ့ဖြိုးရေးတို့အတွက် ထိရောက်သော ကူညီမှုများ မဟုတ်ဟု ထောက်ပြ ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။
ယခုဘဏ္ဍာနှစ်ထဲတွင် Shangri-La Asia Limited သို့ ခရီးသွား ဧည့်ခံကြိုဆိုရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် ဟိုတယ်ခန်းမ လုံလောက်မှုများ ရှိစေရန်အတွက် ရည်ရွယ်၍ IFC က အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ပံ့ပိုးပေးခဲ့သည်။ ၎င်းတို့က အဆိုပါစီမံချက်မှာ တိုက်ရိုက်အလုပ်အကိုင် ၁၀၀၀ ခန့်နှင့် သွယ်ဝိုက်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီပေးနိုင်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ခဲ့သည်။
IFC သည် ယခု ၂၀၁၄ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပံ့ပိုးသည့် ရင်းနှီးမြှုပ်နှံမှုများအဖြစ် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်ကို ထောက်ပံ့ထားကြောင်း သိရသည်။
ပုံစာ – အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီရှိ International Finance Corporation ရုံးချုပ်
http://www.google.com.mm/imgres?imgurl=http%3A%2F%2Fupload.wikimedia.org%2Fwikipedia%2Fcommons%2F0%2F04%2FInternational_Finance_Corporation_Building.JPG&imgrefurl=http%3A%2F%2Fen.wikipedia.org%2Fwiki%2FInternational_Finance_Corporation&h=2434&w=3072&tbnid=Ld1q2A7n-aWxRM%3A&zoom=1&q=International%20Finance%20Corporation&docid=bgdiOjw5qOCZ5M&ei=072KVNqMMcGSuAS454CAAg&tbm=isch&ved=0CDIQMygCMAI&iact=rc&uact=3&dur=595&page=1&start=0&ndsp=9
စီးပွားရေး
IFC က မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၁ ထောင် ထပ်မံ ရင်းနှီးမြှုပ်နှံရန်ရှိ
ဘုန်းမြတ်၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၄