ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု ပမာဏကို လာမည့် ၂၀၁၅ ခုနှစ်တွင် ၁.၅ ထရီလီယံဘတ်(ကျပ် သန်းပေါင်း ၄ သိန်း ၆ သောင်း ကျော်)အထိ မြှင့်တင်နိုင်ရေး ထိုင်နိုင်ငံက မဟာဗျူဟာချမှတ် လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။
လာမည့် ဇန်နဝါရီလ ထိုင်းနိုင်ငံတွင်ကျင်းပမည့် ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် မူဘောင်ချမှတ်မည်ဖြစ်သည့်အပြင် နယ်စပ်ကုန်သွယ်မှုဆိုင်ရာ အဟန့်အ တား အခက်အခက်များကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ယနေ့ ရေးထားသည်။
ထိုအစည်းအဝေးတွင် ထိုင်းကုန်သွယ်ရေး ဝန်ကြီး ချပ်ချိုင်း စရီကုလ်ယာနှင့် မြန်မာအစိုးရ တာဝန်ရှိသူများက ဦးဆောင်ဆွေး နွေးမည်ဟု သိရသည်။
၂၀၁၃ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ ဘတ်ငွေ ၉၂၄ ဘီလီယံ ရှိခဲ့ရာ ယခုနှစ်တွင် ၁.၁ ထရီလီယံ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။
ယခုနှစ် ပထမ ၁၀ လအတွင်း နယ်စပ်ကုန်သွယ်ရေး ပမာဏသည် ဘတ်ငွေ ၈၁၂ ဘီလီယံ အထိ ရှိနေပြီး အဆိုပါ ပမာဏ သည် ၆.၄၉ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်သည်။
မြန်မာ နှင့် ထိုင်း နယ်စပ်ကုန်သွယ်မှု ပမာဏသည် ပထမ ၁၀ လတွင် ထိုင်းပို့ကုန်လုပ်ငန်းသည် ဘတ်ငွေ ၇၇.၇ ဘီလီယံ တန်ဖိုး ရှိပြီး မြန်မာဘက်မှ သွင်းကုန်သည် ဘတ်ငွေ ၉၆ ဘီလီယံ တန်ဖိုး ရှိကြောင်း ဘန်ကောက်ပို့စ်က ဆိုသည်။
လာမည့်လ ဆွေးနွေးပွဲတွင် ထိုင်းတာဝန်ရှိသူများက နှောင့်နှေးကြံ့ကြာနေသော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း နှင့် ပတ်သက်၍ မူဘောင်များ တိုးတက်မှုရှိစေရေးကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်ဟု သိရသည်။
အလားတူ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် ထိုင်း-မြန်မာ ၂ နိုင်ငံ စီးပွားရေး ကောင်စီကလည်း နယ်စပ် အမွှာမြို့များနှင့် အခြား ဒေသများတွင်ပါ စီးပွားရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် စီစဉ် နေ ကြောင်း သိရသည်။