ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေ ေဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ငှားရမ်း ခများလည်း မြင့်တက် နေ သော်လည်း လာမည့် ၂၀၁၅ ခုနှစ်တွင်မူ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှိခြင်း၊ နိုင်ငံရေး အခြေအနေ ပေါ် မူ တည် ၍ ကဏ္ဍပေါင်းစုံတွင် အပြောင်းအလဲများ ဖြစ်နိုင်ခြင်းတို့ကြောင့် အိမ်ခြံမြေဈေးနှုန်းနှင့်အရောင်းအဝယ်များ အေး စက် နှေးကွေးသွားမည်ဟု မျှော်လင့်ရကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက ပြောကြသည်။
ယခင်စစ်အစိုးရလက်ထက် ၂၀၀၇ခုနှစ်တွင် အိမ်ခြံမြေအခွန် ၁၅ ရာခိုင်နှုန်းအထိ လျှော့ချ လိုက်သည့် အချိန်မှစ၍ ရန်ကုန် မှ မြေတန်ဖိုးများ အလွန်အမင်းမြင့်တက်သွားခဲ့ပြီး အရပ်သား အမည်ခံအစိုးရ တက်လာသည့် ၂၀၁၁ ခုနှစ် နောက် ပိုင်း တွင် လည်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် အိမ်ခြံမြေ တန်ဖိုးများ ပိုမိုအား ကောင်း လာ ခဲ့သည်။
ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် တည်ရှိသော အိမ်ခြံမြေများ၏ ဈေးကွက်ပေါက်ဈေးများမှာလည်း မကြုံဖူးလောက် အောင် မြင့်တက်လာခဲ့ပြီး ၁ စတုရန်းပေလျှင် ကျပ် ၇သိန်း မှ ၁၀ သိန်းအထိဖြစ်လာခဲ့သည်။ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရား လမ်းတို့သည် ရန်ကုန်တွင် ဈေးနှုန်းအမြင့်ဆုံးနေရာများ ဖြစ်သည်။
“၂၀၁၃ ခုနှစ် အတွင်း ရန်ကုန်မှာ အမြင့်ဆုံးမြေဈေးက တပေပတ်လည်ကို ၁၀သိန်း အထိဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လာ မယ့် နှစ်အတွင်းမှာ ဒီထက်ပိုပြီး တိုးလာဖို့ မရှိနိုင်တော့ဘူး လို့ ကျနော်မျှော်လင့်ပါတယ်။ ဈေးကျသွားမှာ မဟုတ် ပေ မယ့် ဈေးကွက် အေးသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မြေပိုင်ရှင်တွေက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးတဲ့ အထိ စောင့်ကြည့်နေကြမှာ ဖြစ်လို့ပါပဲ” ဟု Unity အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းမှ အကြီးတန်း မန်နေဂျာ တဦး က ပြော သည်။
၂၀၁၃ ခုနှစ်တွင် အိမ်ခြံမြေ ရောင်းဝယ်မှု အခွန်ကို ၃၇ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့သော်လည်း အလွန် အမင်း မြင့်တက် နေသည့် ဈေးနှုန်းများကို လျှော့ချရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ ရောင်းသူ၊ ဝယ်သူများက မြေတန်ဖိုးများကို လျှော့ချ ဖော်ပြ ခြင်းဖြင့် အခွန်ရှောင်လွှဲခဲ့ကြသည်။
အခွန်ရှောင်မှုကို တားဆီးသည့်အနေဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ ရန်ကုန်တိုင်း အစိုးရက အိမ်ခြံ မြေရောင်းဝယ်မှု အခွန်စည်းကြပ် ကောက်ခံ ရန်အတွက် မြေတန်ဖိုးများကို ပုံသေသတ်မှတ်လိုက်ပြီး နှစ်အလိုက် တန်ဖိုး ပြန်လည် သတ်မှတ်ခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အိမ်ခြံမြေ ငှားရမ်းမှုအပိုင်းတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့် စီးပွားရေး လုပ် ကိုင်ရန်သင့်တော်သည့် နေရာ ရှားပါးလာခြင်း တို့ကလည်း စီးပွားရေးအတွက် နေရာငှားရမ်းခဈေးနှုန်းများကို မြင့်တက် စေခဲ့သည်။ အထူးသဖြင့် ရန်ကုန်မြို့မှ စမ်းချောင်း၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်များတွင် ဖြစ်သည်။
John W Hancock & Associates ၏ ရန်ကုန်ရုံးမှ မန်နေဂျာ ဒေါ်သဲစုမွန်က ငှားရမ်းခများမြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် နိုင်ငံခြားသားများအတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာပြီးနောက်ဆုံးတွင် မြန်မာနိုင်ငံသို့ ရောက်လာရန်ရှိသည့် နိုင်ငံခြားသားများ ပြန်ထွက်သွားနိုင်သည်ဟု ပြောသည်။
“အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံခြားသားတွေက နေအိမ်ငှားရမ်းခကြောင့် အသုံးအစွဲကို လျှော့ချနေကြတယ်။ သူတို့ မပေးနိုင်တဲ့နေ့ ဒါမှမဟုတ် သူတို့အတွက် လုံလောက်တဲ့ နေရာမရှိတော့တဲ့ အချိန်မှာ အိမ်ခြံမြေပူဖောင်းက ကွဲမှာပဲ” ဟု သူက ဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြံပေးပုဂ္ဂိုလ်နှင့် စီးပွားရေး ပညာရှင်တဦး ဖြစ်သော ဒေါက်တာ မောင်အောင်က ပိုမိုကျယ်ပြန့်သည့် စီးပွားရေးဖြစ်လာစေရေးအတွက် နှောင့်နှေးမှု တခုဖြစ်မလာသေးမီ မြေပြဿနာကို အစိုးရက အလျှင်အမြန်ဖြေရှင်းရန် အရေးကြီးသည်ဟု ပြောသည်။
“မြန်မာနိုင်ငံက မြေဈေးနှုန်းက အာရှရဲ့ အမြင့်ဆုံးတွေထဲမှာပါတယ်။ ဒါက အစိုးရလုပ်ရမယ့် အဓိက ကိစ္စတခုဖြစ်ပါတယ်။ အစိုးရက အခုအချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ စပြီးမလုပ်ဘူး ဆိုရင် တိုင်းပြည်တွင်းကို နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ဝင်ရောက်လာတာနဲ့ အမျှ အခက်အခဲတွေဖြစ်လာပါလိမ့်မယ်” ဟု သူကပြောပါသည်။