ပြီးခဲ့သည့်နှစ်က ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor တို့ ပထမဆုံးသော နိုင်ငံခြား တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်အချိန်တွင် ပြည်သူများက ၎င်းတို့၏ ဈေးနှုန်းချိုသာသော ဝန်ဆောင်မှုများကို တန်းစီပြီး အလုအယက် ဝယ်ယူခဲ့သည့်အတွက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် ဆင်းမ်ကတ်များ ကုန်သွားကာ ကုမ္ပဏီ အမှုဆောင်များအတွက် ဝမ်းမြောက်ကျေနပ်ဖွယ်ရာ ဖြစ်ခဲ့သည်။
နောက်ထပ် ၆ လကြာသည့်အခါ မြန်မာနိုင်ငံ၏ တယ်လီဖုန်း ဆက်သွယ်ရေးကို ခေတ်မမီတော့သော ဝန်ဆောင်မှုများဖြင့် ဆယ်စုနှစ်များစွာ လက်ဝါးကြီး အုပ်ထားခဲ့သည့် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က သူ၏ ပြိုင်ဘက်နှစ်ခု ပေါင်း ထက် ပိုမိုသည့် သုံးစွဲသူအသစ်များ ရယူနိုင်ခဲ့သည်။
ထိုအဖြစ်က မြန်မာနိုင်ငံတွင် အစိုးရပိုင်ကုမ္ပဏီ များ၏ လွှမ်းမိုးမှုနှင့် နိုင်ငံခြားကုမ္ပဏီများ ရင်ဆိုင်နေရသည့် အခြေအနေကို ဖော်ပြနေသည်။ မြန်မာ နိုင်ငံ၏ ကာလရှည်ကြာစွာ တံခါးပိတ်ထားခဲ့သော စီးပွားရေးကို ခေတ်မီအောင် ကြိုးစားနေချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်နေခြင်း ကိုလည်း ဖော်ပြနေသည်။ မြန်မာနိုင်ငံက စွမ်းအင်၊ အိမ်ခြံမြေ၊ ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်ရေး အပါအဝင် တခြားသောကဏ္ဍများကို တံခါးဖွင့်လှစ်ရန် ပြင်ဆင်နေ သည့်အချိန်တွင် တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍက စောင့်ကြည့်နေရဆဲ စမ်းသပ်ကိစ္စ တခုဖြစ်သည်။
“အခု ပထမအချီမှာတော့ MPT က ရှင်းရှင်း လင်းလင်း အားသာချက်ရယူနိုင်ခဲ့ပြီးတော့ အနိုင်ရသူ ဖြစ်ခဲ့ပါ တယ်။ ဒါပေမယ့် ကစားပွဲက အစောပိုင်း အခြေအနေမှာပဲ ရှိပါသေးတယ်” ဟု အမေရိကန် အခြေစိုက် Deloitte အကြံပေးလုပ်ငန်းမှ မြန်မာ့ရေးရာ ဒါရိုက်တာ ခရစ္စတိုဖာ ချစ်ထွန်း (Christopher Chit Tun) က ပြောသည်။
အမေရိကန် စီးပွားရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံ၏ အနေအထားက ရှုပ်ထွေးသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နာမည်ပျက် စာရင်းသွင်းထားသည့် စစ်တပ်အပါအဝင် မြန်မာ နိုင်ငံမှ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ဝ ကျော်နှင့် စီးပွားရေးလုပ်ကိုင်ခြင်းမပြုရန် ၎င်းတို့ကို တားမြစ် ထားသည်။
လူဦးရေ ၅၁ ဒသမ ၄ သန်းရှိသော မြန်မာနိုင်ငံတွင် တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အလားအလာများစွာ ရှိနေသေးသည်။ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသာ ရှိသည်ဟု Deloitte က ခန့်မှန်း ထားပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အပါအဝင် နိုင်ငံအများစုတွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှု ၁၀ဝ ရာခိုင်နှုန်းကျော် ရှိနေသည်နှင့် နှိုင်းယှဉ်၍လည်း ပြခဲ့သည်။
Ooredoo နှင့် Telenor တို့က ဗျူရိုကရေစီ စနစ်၊ မြေပိုင်ဆိုင်မှု မခိုင်မာခြင်းများ၊ မြေနေရာ၊ ဝန်ထမ်းငှားရမ်း ခန့်ထားနိုင်ရေးများအပြင် ဘာသာရေး တင်းမာမှုများနှင့်ပင်လျှင် ရင်ဆိုင်နေရသည့် အချိန်တွင် MPT က ဈေးကွက်ကို လွှမ်းမိုးနိုင်ရေးအတွက် လျင်လျင်မြန်မြန် ရဲရဲတင်းတင်း ဆောင်ရွက်ခဲ့သည်။
ဂျပန်ကုမ္ပဏီကြီးများဖြစ်သည့် KDDI ကော်ပို ရေးရှင်းနှင့် Sumitomo ကော်ပိုရေးရှင်းတို့ထံမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ၂ ဘီလီယံနှင့် နည်းဗျူဟာ အကူအညီများကြောင့် MPT က ဈေးကွက်မြှင့်တင်ရေး နည်းလမ်းအသစ်များ အသုံး ပြုလာပြီး အမှတ်တံဆိပ်ကိုလည်း အသစ်ပြောင်းလဲ လိုက်သည်။ ဝန်ဆောင်ခ များကိုလည်း ၄၀ ရာခိုင်နှုန်း နီးပါး လျှော့ချပေးလိုက်သည်။ ထိုသို့ ပြင်ဆင်ပြောင်း လဲမှုများကြောင့် ကွန်ရက်ရှိ ပြီးသား MPT ကို ပိုမို အရှိန်ရစေခဲ့ပြီး သုံးစွဲသူအသစ်များ ထပ်မံရှိစေရေး အတွက် အထောက်အကူ ဖြစ်ခဲ့သည် ဟု လေ့လာ သုံးသပ်သူများက ပြောသည်။
ပြီးခဲ့သည့် ၆ လတာကာလအတွင်း MPT က သူ၏ဝန်ဆောင်မှု သုံးစွဲသူ အရေအတွက်ကို ၁၁ သန်းနီးပါးအထိ ၂ ဆ မြှင့်တင်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကုန်အထိ သုံးစွဲသူ ၃ ဒသမ ၄ သန်းရှိသည်ဟု ထုတ်ပြန်ခဲ့သော Telenor ထက် ၃ ဆကျော် များခဲ့သည်။
“အရင်တုန်းက ကျနော်တို့ဆီမှာ ဈေးကွက်ဌာန ဆိုတာ မရှိခဲ့ဘူး။ ဈေးကွက်မြှင့်တင်ရေး နည်းလမ်းတွေကို လည်း မသိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဈေးကွက်ထဲမှာ ကျနော်တို့ MPT တခုပဲရှိတယ်လေ” ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးကျော်စိုးက ပြောသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ သုံးစွဲသူ ၂ ဒသမ ၂ သန်း ရရှိခဲ့သည်ဟု Ooredoo ကုမ္ပဏီက ဆိုသည်။ မတ်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Ooredoo ၏ အစီရင်ခံစာတစောင်တွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံမှ လုပ်ငန်းများက အမြတ်အစွန်း မရရှိသော်လည်း ရလဒ်များက မျှော်လင့်ထားသည်များနှင့် ကိုက်ညီမှုရှိခဲ့ကြောင်း ဖော်ပြထား သည်။ ပြီးခဲ့သည့် နှစ်အတွင်း မြန်မာနိုင်ငံရှိလုပ်ငန်းမှ ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၁၈၉ သန်း ပြန်လည်ရရှိခဲ့ သည်ဟု Ooredoo က ပြောသည်။
မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ရန် လိုင်စင် ရရှိခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ Telenor နှင့် Ooredoo တို့၏ ဈေးကွက်မြှင့်တင်ရေး လှုပ်ရှားမှု များကိုလည်း မြန်မာနိုင်ငံတလွှားတွင် မြင်တွေ့ခဲ့ရ သည်။
လတ်တလောတွင် ရှမ်းပြည်နယ်နှင့် ကရင် ပြည်နယ် ကျေးလက်ဒေသများမှ နေအိမ်များနှင့် လက်ဖက်ရည်ဆိုင် များတွင် အနီရောင် Ooredoo နှင့် အပြာရောင် Telenor ဆိုင်းဘုတ်များ၊ ဆိုင်နဖူး စည်းကြော်ငြာများ အမြောက်အမြား ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ စီးပွားရေးမြို့တော်ရန်ကုန်တွင် လမ်းဘေးမှ ယာဉ်ထိန်းရဲ ရုံများတွင် Telenor ၏ အပြာရောင်အမှတ်တံဆိပ်များနှင့် လမ်းဘေးဆိုင်များ တွင် အပူဒဏ်ကို ကာကွယ်ရန် အတွက် Ooredoo ၏ အနီရောင်ထီးများကို အသုံးပြုနေကြသည်။
သူတို့၏ ကွန်ရက်များ တည်ဆောက်ရေးက နောက်ထပ်ဇာတ်လမ်းတခု ဖြစ်သည်။
အခြေခံအရ မြန်မာနိုင်ငံတွင် မြေအားလုံးကို နိုင်ငံတော်က ပိုင်ဆိုင်ပြီး တခါတရံတွင် မြေပိုင်ဆိုင်မှု အခွင့်အရေး ကလည်း ရှင်းလင်းမှု မရှိသည့်အတွက် မိုဘိုင်းဖုန်းတာဝါတိုင်များ စိုက်ထူရေးက ရှုပ်ထွေးမှု များရှိနေသည်ဟု ကုမ္ပဏီများမှ အမှုဆောင်များနှင့် တာဝါတည်ဆောက်ရေး ကန်ထရိုက်များက ပြောကြ သည်။
“မြေကိစ္စက မြန်မာနိုင်ငံမှာ ဥပဒေရေးရာအရ ကြီးမားတဲ့ စိတ်ခေါ်မှုရှိနေတဲ့ နေရာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မြန်မာနိုင်ငံမှာ တိုးတက် ကောင်းမွန်တဲ့ ဥပဒေမူဘောင်မရှိလို့ပါ”ဟု စင်ကာပူ အခြေစိုက် ဥပဒေ အကျိုးဆောင် ကုမ္ပဏီတခုဖြစ်သည့် Olswang LLP မှ တယ်လီဖုန်း ဆက်သွယ် ရေးကဏ္ဍ အထူးပြုလုပ်ကိုင် နေသူ အင်ဒရူးစတောက် (Andrew Stott) ကပြောသည်။ ကုမ္ပဏီများအနေဖြင့် မြေပိုင်ဆိုင်မှု ရှင်းလင်း သေချာနိုင်စေရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟုလည်း သူက ဆိုသည်။
Telenor ၏ မြန်မာရုံးမှ အမှုဆောင်အရာရှိချုပ် ပီတာ ဖားဘာ့ဂ် (Petter Furberg) က တနိုင်ငံလုံး အတိုင်း အတာဖြင့် မိုဘိုင်းဖုန်းကွန်ရက်များ ဆက် လက်ဖြန့်ကြက်နိုင်ရေးအတွက် အရေးပါသော မြေနှင့် အဆောက် အအုံ ပါမစ်များနှင့် သက်ဆိုင်သော လုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရေး အတွက် ဒေသဆိုင်ရာ အစိုးရများက အလျင်အမြန် လေ့လာသင်ယူနေကြရသည်ဟု ပြောသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆက်သွယ်မေးမြန်း သော်လည်း အစိုးရဘက်မှ တာဝန်ရှိသူများက တုံ့ပြန်ခဲ့ခြင်း မရှိပါ။
ကုမ္ပဏီအားလုံးအတွက် သွားရမည့်ခရီးက ဝေးသေးပုံရသည်။ ယခုအချိန်အထိ တာဝါ ၁၅၀ဝ တည်ဆောက်ခဲ့ သည်ဟု Telenor က ပြောသည်။ တလလျှင် တိုင် ၂၀ဝ မှ ၃၀ဝ အထိ ထပ်မံတိုးချဲ့နေ သည်ဟုလည်း သိရ သည်။ သူတို့၏ လိုင်စင်များတွင် ဖော်ပြထားသည့်အတိုင်း နောက်နှစ်တွင် တနိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းကို လွှမ်းခြုံပေးနိုင်ရေးအတွက် လိုအပ် မည်ဟု ခန့်မှန်းထားသည့် တာဝါတိုင် ၈၀ဝ၀ ခန့်စီ တည်ဆောက်နိုင်ရေးက Telenor နှင် gh့ Ooredoo အတွက် ဝေးကွာနေဆဲ ဖြစ်ပါသည်။
ဗျူရိုကရေစီနှင့် မြေပိုင်ဆိုင်ခွင့်များကို စိန်ခေါ် မှုများအဖြစ် အသိအမှတ် ပြုသော်လည်း ကုမ္ပဏီက အဆိုပါ စွန့်စားရမှုများကို မျှော်လင့်ထားပြီးဖြစ်သည် ဟု Telenor မှ ပီတာ ဖားဘာ့ဂ်က ဆိုသည်။ ၎င်း ကြိုတင် မျှော်မှန်းထားသည်ထက် သုံးစွဲသူ အရေ အတွက် ပိုများခဲ့သည်ဟုလည်း သူကထပ်ပြောသည်။
၎င်းတို့၏ ဝန်ဆောင်မှုကို စတင်မိတ်ဆက်ရာ တွင် ရည်မှန်းချက်ကြီးသော ခြေလှမ်းတရပ် ချနိုင်ခဲ့ သည်ဟု Ooredoo က ဆိုသည်။ Ooredoo ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရော့စ် ကောမက်ခ် (Ross Cormack) က မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်း ၇ ခုတွင် ကွဲပြားခြားနားသည့် နည်းဥပဒေများကြောင့် အခက်အခဲများ ရင်ဆိုင်နေ ရဆဲဖြစ်သည်ဟု ပြောသည်။ “ဒီ ပြဿနာတွေ ကြုံ လာတဲ့အခါမှာ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရ တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေ ရှင်းဖို့ လုပ်နေပါတယ်” ဟု သူက ဆိုသည်။
Ooredoo က ၂၀၁၄ ခုနှစ်ကုန်အထိ တာဝါ တိုင် ၂၀ဝ၀ တည်ဆောက်နိုင်ခဲ့သည်ဟု Deloitte Consulting က ခန့်မှန်းခဲ့သော်လည်း အဆိုပါအချက် အလက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ရော့စ် ကောမက်ခ်က ငြင်းဆန် ခဲ့သည်။
ထိုအချိန်တွင် ကွန်ရက်တခု ရှိနေပြီးဖြစ်သော MPT က မြေပိုင်ဆိုင်မှု ကိစ္စများကို အစိုးရ၏ အဆက်အသွယ်ဖြင့် ပိုမိုလွယ်ကူစွာ ဆောင်ရွက်နေ နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြ သည်။ MPT တွင် တာဝါတိုင် ၂၀ဝ၀ ရှိနေပြီး ၂၀၁၆ ခုနှစ်အကုန်တွင် ၂ ဆတိုးရန် အစီအစဉ် ချမှတ်ထားသည်။ ထို့အပြင် KDDI နှင့် Sumitomo တို့၏ အကူအညီဖြင့် လက်ရှိတာဝါများမှ ပိုမို ကောင်းမွန်လျင်မြန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နေသည်။ အဆိုပါ အားထုတ်မှုများက အောင်မြင်မှုရနိုင်မည့် အသွင် လည်းရှိနေ သည်။ ရန်ကုန်မြို့တွင် MPT ၏ မိုဘိုင်း အင်တာနက်ကွန်ရက်က သူ၏ ပြိုင်ဘက်များထက် ပိုမိုလျင်မြန်သည်။
“MPT မှာက KDDI နဲ့ Sumitomo လိုမျိုး အတွေ့အကြုံများတဲ့ စီးပွားဖက်တွေရှိနေတယ်” ဟု Olswang LLP မှ အင်ဒရူးစတောက်က ပြောသည်။
နိုင်ငံခြား အော်ပရေတာများအတွက် ဒေသခံ ကျွမ်းကျင်လုပ်သားများ ခန့်ထားနိုင်ရေးအတွက်လည်း အခက်အခဲ ဖြစ်နေရသည်။ ဆယ်စုနှစ် ၆ ခုမျှ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးကြောင့် ပညာရေးစနစ် ထိခိုက်ခဲ့ရပြီး တိုင်းပြည်၏ လုပ်သားအင်အားထုမှာ ကျွမ်းကျင်မှု အားနည်းချက်များ ရှိနေသည်။ MPT တွင်မူ အတွေ့အကြုံရင့်ဝန်ထမ်း ၈၀ဝ၀ ခန့် ရှိနေ ပြီး ဖြစ်သည်။
Ooredoo အတွက် နောက်ထပ် စိန်ခေါ်မှု တခုမှာ မြန်မာနိုင်ငံတွင် အမျိုးသားရေး အစွန်း ရောက်ဝါဒ အရှိန်မြင့် တက် လာခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း မွတ်စလင်ဆန့်ကျင်ရေး ပဋိပက္ခ အမြောက်အမြား ဖြစ်ပွားခဲ့ ရသည်။ အမျိုးသား ရေးဝါဒီ ဘုန်းတော်ကြီးများက ကာတာအခြေစိုက် Ooredoo ကုမ္ပဏီကို ဆန့်ကျင် သပိတ်မှောက်ရန် တောင်းဆိုခဲ့ကြသည်။ ထိုသို့ အဆိုးမြင်မှုများကို တိုက်ဖျက်နိုင်ရန်အတွက် Ooredoo က ကြော်ငြာ စရိတ် များပြားစွာသုံးစွဲ အကုန်အကျခံခဲ့သည်ဟု လေ့လာဆန်းစစ်သူတို့က ပြောကြသည်။ ၎င်းကိစ္စကို Ooredoo က အသိအမှတ်ပြုသော်လည်း လုပ်ငန်း ဆောင်ရွက်မှုများကို ထိခိုက်မှုမရှိဟု ပြောပါသည်။
(Wall Street Journal သတင်းစာ ပါ Shibani Mahtani နှင့် Newley Purnell တို့၏ Myanmar Tests Foreign Telecom Entrants ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)