မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ် ၃ ခုကို ကန့် သတ်ချက်များဖြင့် ဘဏ်လုပ်ငန်းတချို့ စတင်လုပ်ကိုင်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းတရပ်အရ သိရှိရသည်။
ဂျပန်နိုင်ငံမှ BTMU (Tokyo Mitsubishi UFJ Ltd) ဘဏ်၊ SMBC (Sumitomo Mitsui Banking Corporation) ဘဏ် နှင့် စင်ကာပူနိုင်ငံမှ OCBC (Oversea Chinese Banking Corporation) ဘဏ်တို့သည် ဧပြီလ ၂၃ ရက်နေ့ တွင် ပထမဆုံး အကြိမ်အဖြစ် ဘဏ်လုပ်ငန်းများ ကန့်သတ်ချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိကြောင်း Reuters သတင်းတွင် ဖော်ပြ ထားသည်။
စစ်အစိုးရများ အုပ်ချုပ်ခဲ့သည့် ကာလအတွင်းတွင် စီမံခန့်ခွဲမှု မှားယွင်းခြင်းများနှင့် အနောက်နိုင်ငံများ၏ ဒဏ် ခတ် အရေး ယူမှု အပါအဝင် ကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းများကြောင့် ပြည်တွင်း ဘဏ် လုပ် ငန်း ကဏ္ဍသည် မြန်မာ နိုင်ငံသားများကို ဝန်ဆောင်မှုပေးရာတွင် အားနည်းနေဆဲဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီ ကြီးများနှင့်လည်း သီးခြား ဖြစ်နေ သည်။
၂၀၁၁ ခုနှစ်တွင် အရပ်သားတပိုင်း အစိုးရ တက်လာပြီးနောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ် ခဲ့ ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းတွင် အစိုးရက နိုင်ငံခြားဘဏ် ၉ ခုကို မြန်မာနိုင်ငံတွင် ဘဏ်ရုံးခွဲ ဖွင့်လှစ်ခွင့် လိုင်စင် များ ချထားပေးခဲ့ကြောင်း၊ ဖွံ့ဖြိုးလာနေသည့် စီးပွားရေးအတွက် အထူးလိုအပ်နေသော နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှုများ အများ အပြား ရောက်ရှိလာရေးအတွက် ရည်ရွယ်ချက်နှင့် ခွင့်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားဘဏ်ခွဲများသည် နိုင်ငံခြားကုမ္ပဏီ များကိုသာ နိုင်ငံခြားငွေကြေးဖြင့် ငွေထုတ်ချေးရန် ကန့်သတ် ထား ပြီး ပြည်တွင်း ဘဏ်များသို့ ငွေထုတ် ချေးပေးနိုင်ရန်လည်း လိုင်စင်ရရှိထားသူများက မျှော်လင့် ထား ကြောင်း၊ Sumitomo (SMBC) က ပြည်တွင်းမှ ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း၊ BTMU ဘဏ် သည် Mitsubishi Financial Group Inc ၏ လုပ်ငန်းခွဲတခု ဖြစ်ပြီး SMBC ဘဏ်သည် Sumitomo Mitsui Financial Group Inc ၏ လုပ်ငန်းခွဲတခု ဖြစ်ကြောင်း သိရှိရသည်။
ကျန်ရှိနေသည့် နိုင်ငံခြားဘဏ် ၆ ခုသည် လုပ်ငန်းလိုင်စင် နောက်ဆုံးအဆင့်အတွက် လျှောက်လွှာများကို မကြာမီ ကာလ အတွင်း မြန်မာအစိုးရထံသို့ တင်ပြမည်ဟု မျှော်လင့်ရပြီး နိုင်ငံခြားဘဏ် ၆ ခုမှာ Australia and New Zealand Banking Group Ltd ၊ Bangkok Bank ၊ Industrial and Commercial Bank of China (ICBC) ၊ Malayan Banking Berhad, ဂျပန်နိုင်ငံမှ Mizuho Bank နှင့် စင်ကာပူနိုင်ငံမှ United Overseas Bank တို့ဖြစ်ကြောင်း၊ Mizuho Bank သည် Mizuho Financial Group Inc ၏ လုပ်ငန်းတခုဖြစ်ကြောင်း သိရှိရ သည်။