အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ပုဂ္ဂလိက စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပထမဆုံးအကြိမ်အဖြစ် ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်း ADB မှ ဒါရိုက်တာ Mr Christopher Thieme က မေလ ၁၅ ရက်နေ့ ရန်ကုန်မြို့ ဆူးလေရှန်ဂီလာ ဟိုတယ်တွင် ပြုလုပ်သည့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အားကောင်းစေရန် ပံ့ပိုးမည့် သဘောတူညီ ချက်လက်မှတ်ရေးထိုးပွဲတွင် ပြောဆိုသည်။
ADB သည် ၂၀၁၂ ခုနှစ်မှ စတင်၍ အစိုးရ စီမံကိန်းများအတွက်သာ ချေးငွေ ထုတ်ပေးခဲ့ရာမှ ယခုအခါ ပထမဆုံးအကြိမ် အဖြစ် စီမံကိန်းကြီးများ လုပ်ကိုင်နေသည့် ပုဂလိကလုပ်ငန်းများ သို့ တိုက်ရိုက် ချေးငွေထုတ်ပေး မည်ဖြစ် ကြောင်း၊ မြန်မာ နိုင်ငံရှိ ပုဂ္ဂလိက ကုမဏီများနှင် စီးပွားရေး စီမံကိန်းများသည့် ချေးငွေ ၊ရှယ်ယာ ရင်းနှီး မြုပ်နှံမှုများ ၊အာမခံချက် များ အတွက် ADB ထံမှ ငွေချေးငှားနိုင်သည့်အပြင် ADB က တိုက်ရိုက်စီမံခန့်ခွဲသော အခြားဘဏ္ဍာရေး အဖွဲ့ အစည်းများနှင့် ကုန်သွယ်မှုကဏ္ဍ ငွေကြေးဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများထံမှလည်း တိုက်ရိုက် ငွေချေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ADBသည် မြန်မာနိုင်ငံရှိ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ချိတ်ဆက်ရေး၊ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ၊ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကဏ္ဍများတွင်ရှိနေသော ရင်းနှီး မြုပ်နှံမှု စီမံကိန်းများအတွက် ၂၀၁၆ ခုနှစ်မကုန်မီ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ထုတ်ချေးမည်ဖြစ်သည်။
Mr Christopher Thieme က “ မြန်မာနိုင်ငံက ရင်းနှီးမြုပ်နှံမှုအတွက် အထောက်ကူဖြစ်ဖို့ ချေးငွေ ထုတ်ချေးပေးပေမယ့် အတိုးနှုန်းကတော့ သူတို့ရဲ့ စီးပွားရေးဈေးကွက်အခြေအနေပေါ်မှာ ကြည့်ပြီးတော့ သတ် မှတ် သွားမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက “အခုမှ ADB အနေနဲ့ ပုဂ္ဂလိကကို ကူညီခွင့် ပထမ ဆုံး တိုက်ရိုက်ရတာ၊ အရင်က မရခဲ့ဘူး ၊ အရင်က ဆိုရင် ပံ့ပိုးပေးဖို့ အစိုးရဆီက အာမခံယူရတယ်၊ အခု စီမံကိန်း အကြီး တွေမှာလုပ်နေတဲ့ ပုဂ္ဂလိကကို အကူအညီပေးမှာ၊ ဒီလို သဘောတူညီမှုရဖို့အတွက် ဆွေးနွေးခဲ့တာ အချိန် ၂ နှစ် ယူခဲ့ရ တယ်” ဟု ပြောသည်။
ADB သည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာမည့် စတော့ရှယ်ယာအိတ်ချိန်းဈေးကွက်အတွက် ဥပဒေများထွက်ပေါ်လာပါက ပြည်တွင်း ကုမ္ပဏီများတွင် စတော့ရှယ်ယာဝယ်ယူပြီး အကူအညီ ပေးသွားရန်ရှိသည်ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက် လက် ပြောဆိုသည်။
အာရှဖွံ့ွှဖြိုရေးဘဏ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးတွင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ ရေရှည် တည်တံ့စေမည့် ဖွံ့ဖြိုးရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေးတို့ကို ဆောင်ရွက်ကာ အာရှနှင့် ပစိဖိတ်ဒေသအတွင်း ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ဦးတည်ချက်ထားလုပ်ငန်းများ အကောင်ထည်လျှက်ရှိကြောင်း သိရသည်။
ADB ၏ ခန့်မှန်းချက်အရ မြင့်မားသည့် စီပွားရေးတိုးတက်မှုနှုန်းကို ရရှိရန်နှင့် ၂၀၃၀ ခုနှစ်မတိုင်မီ ဝင်ငွေ အလယ် အလတ် နိုင်ငံအဆင့်် ရရှိစေရန် မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုများ ရရှိရန်လိုအပ်ကြောင်း သိရှိရသည်။