• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မိုဘိုင်းလ်ဖုန်းငွေဖြည့်ကတ် အခွန်ကောက်မည့်အပေါ် ပြည်သူများ ဝေဖန်

by မေစိုးစံ
19 May 2015
in စီးပွားရေး
A A
အော်ရီဒူး , တယ်လီနော , မြန်မာ့ဆက်သွယ်ရေး , ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန , ငွေဖြည့်ကတ် , ကုန်သွယ်လုပ်ငန်းခွန်

ဇွန်လ ၁ ရက်နေ့မှစ၍ မိုဘိုင်းလ်ဖုန်းငွေဖြည့်ကတ်များကို အခွန် ၅ ရာခိုင်နှုန်းကောက်မည်ဖြစ်သည် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

8.7k
VIEWS
Share on FacebookShare on Twitter

အစိုးရက လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ မိုဘိုင်းလ်ငွေဖြည့်ကတ်များမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက် ခံမည်ဟု မေလ ၁၈ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်ရာ ယင်းသို့ ဖုန်းငွေဖြည့်ကတ်များကို အခွန် ကောက် မည့် အပေါ် ပြည်သူအများစုက သဘောကျ နှစ်ခြိုက်ခြင်းမရှိဘဲ ဝေဖန်ပြောဆိုမှုများ မြင့်တက် လျက်ရှိသည်။

၂၀၁၅ ခုနှစ်၊ ဧပြီ ၁ ရက်နေ့စွဲဖြင့် ပြင်ဆင်ပြဋ္ဌာန်းထားလိုက်သည့် ပြည်ထောင်စု အခွန်ဥပဒေအသစ်အရ ပြည်တွင်း ဆက် သွယ်ရေး အော်ပရေတာ ၃ ခုထံမှ ငွေဖြည့်ကတ်ဝယ်ယူ၍ မိုဘိုင်းလ် ဖုန်းငွေဖြည့်ခြင်း၊ ဆင်းမ်ကတ်ဝယ်ယူခြင်းအပေါ် သုံးစွဲသူ များထံမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကောက်ခံရရှိသည့် အခွန်များကို ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် အသုံးပြုသွားမည် ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
456
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.2k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.6k

မိုဘိုင်းလ်ငွေဖြည့်ကတ်မှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ရာ ငွေကျပ် ၁၀၀၀ တန်ငွေဖြည့်ကတ် ဝယ်ယူ ငွေဖြည့်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သောကြောင့် ၉၅၂ ကျပ်သာလျှင် ဖုန်းထဲသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ ငွေကျပ် ၃၀၀၀ တန် ငွေဖြည့်ကတ်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန် ၁၄၃ ကျပ် ကျသင့်မည်ဖြစ်ပြီး သုံးစွဲသူအနေဖြင့် ၂၈၅၇ ကျပ်သာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ငွေကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ်အသုံးပြုလျှင် အခွန် ၂၃၈ ဖြတ်တောက်မည်ဖြစ်ပြီး ၄၇၆၂ ကျပ်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ငွေကျပ် ၁၀၀၀၀ တန်ငွေဖြည့်ကတ်အသုံးပြုလျှင် အခွန် ၄၇၆ ကျပ် ဖြတ်တောက်မည်ဖြစ်ပြီး ငွေကျပ် ၂၀၀၀၀ တန်ငွေဖြည့်ကတ်ဆိုလျှင် အခွန် ၉၅၂ ကျပ်ဖြတ်တောက်မည် ဖြစ်သည်။

စာတိုက်နှင့်ဆက်သွယ်ရေးဌာနမှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က “၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်မှာကတည်းက ပေးရမယ့် အချိန် မှာ အော်ပရေတာ ၂ ဦးကိုထပ်ခေါ်ခဲ့တယ်။ အစိုးရပိုင် အော်ပရေတာကလည်း ကြိုးစားနေချိန်ဖြစ်တော့ ကုန်သွယ် ခွန် ကောက်ဖို့ တနှစ်နောက်ဆုတ်ပေးခဲ့ပါတယ်။ အခု ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှ စကောက်တာပါ၊ ကောက်တဲ့အခါမှာ လည်း အော်ပရေတာ ၃ ခုလုံး တူဖို့လိုပါတယ်”ဟု ပြောသည်။

အစိုးရက ဖုန်းငွေဖြည့်ကတ်များအားလုံးကို အခွန်ကောက်ခံမည်ဖြစ်ရာ ယင်းကောက်ခံမည့်အစီအစဉ်သည် သုံးစွဲသူ အား လုံး ကို သက်ရောက်မည်ဖြစ်ရာ ပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး စီးပွားရေးပညာရှင်တချို့က ပြည်သူ ကို ပိုမိုဝန်ပိစေသော လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုလိုက်သည်။

စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးက “ကုမ္ပဏီအပေါ်မှာ ကောက်ခံရမယ့် အခွန်ကို ပြည်သူအပေါ် ထပ်တင်တာ၊ အစိုးရက လုပ်ငန်းတွေအပေါ် ကောက်သင့်တဲ့အခွန်။ အဲဒီတော့ ပြည်သူတွေက ခံနိုင်ရင်ပေးပေါ့။ မသုံးရင်တော့ ပေးစရာ မလိုဘူး။ ဒါကို ရှောင်ချင်ရင်မသုံးနဲ့။ သပိတ်မှောက်လိုက် ပြည်သူကလည်း ညီညွှတ်ဖို့ လိုတာပေါ့။ အခုက
အော်ပရေ တာ ၃ ခုညှိပြီးလုပ်တာ။ လုပ်ငန်းရှင်တွေက စားသုံးသူကို အားစမ်းပြီး စော်ကားတာ၊ သပိတ်သာမှောက်လိုက်။ ဒါမျိုး နိုင်ငံတကာမှာ မရှိဘူး”ဟု ပြောသည်။

အစိုးရ၏ အခွန်ကောက်ခံမှုစနစ်များသည် ရှုပ်ထွေးလှပြီး နားလည်ရန် ခက်ခဲသည့်အတွက် ပြည်သူအများစု၏ သဘောကျ ကျေနပ် မှု မရရှိခြင်းဖြစ်သည်ဆိုသော ဝေဖန်ချက်များလည်း ပေါ်ထွက်လျက်ရှိသည်။

မြန်မာနိုင်ငံစားသုံးသူ အခွင့်အရေး ကာကွယ်ရေး သမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်က “ မလေးရှားမှာဆိုရင် ဖုန်းငွေဖြည့် ကတ် တွေ ရောင်း ကတည်းက အခွန်ပါတယ်။ အကယ်၍ အခွန်ကောက်မယ်ဆိုရင်တော့ ဥပမာ-ကုမ္ပဏီက ပြန်ရောင်းမယ့်သူကို ဖုန်းငွေဖြည့်ကတ်ကို ၉၅ကျပ် နဲ့ပေး၊ ပြန်ရောင်းတဲ့သူက ၁၀၀ကျပ်နဲ့ ပြန်ရောင်းလိုက်တော့ စားသုံးသူက မသိသာ လိုက် ဘူး ပေါ့၊ အခု အခွန်တွေက ရှုပ်ထွေးနေတယ်။ ထိရောက်တဲ့ကိစ္စလို့ မထင်ဘူး၊ သေချာဆွေးနွေးပြီးလုပ်သင့်တယ်”ဟု ပြောသည်။

ဖုန်းငွေဖြည့်ကတ်များကို အခွန်ကောက်ခံခြင်းအပေါ် အပြုသဘောမြင်သူတချို့ရှိသော်လည်း အစိုးရအနေဖြင့် အခွန်နှင့် ပတ်သက်၍ ပြည်သူများ သိရှိနားလည်လက်ခံစေရန် အသိပညာပေးမှုများ ဆောင်ရွက်သင့်သည်ဟု အကြံပြု ပြောဆို ကြ သည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အတွင်းရေးမှူး ဦးဇော်မင်းဦးက “ စားသောက်ဆိုင်တွေမှာ ပေးရတဲ့အခွန်မျိုးပါပဲ။ အများစု ကတော့ ကုန်သွယ်ခွန်နဲ့ ပတ်သက်ပြီး အသိပညာနည်းသေးတယ်၊ တခြာမှာလည်းကောက်တယ် ဒါက နိုင်ငံတော် ရတာ၊ နိုင်ငံတကာမှာက အနိမ့်ဆုံး ၅ ရာခိုင်နှုန်းပဲ၊ ဖွံ့ဖြိုး ပြီး နိုင်ငံတွေမှာကတော့ ၇ ရာခိုင်နှုန်းထိကောက်တာရှိတယ်”ဟု
ပြောသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူဦးရေ ၁၈ ဒသမ ၁သန်း ရှိကြောင်း မေလ ၁၆ ၇က်က အစိုးရ၏ ထုတ်ပြန်ကြေညာ ချက် အရ သိရှိရသည်။

Your Thoughts …
Tags: Business
မေစိုးစံ

မေစိုးစံ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
370

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
၅ ရာခိုင်နှုန်းထဲပါ

၅ ရာခိုင်နှုန်းထဲပါ

ငြိမ်းချမ်းရေး, KNU

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ၌ မဟာမိတ် ၃ ဖွဲ့အရေး ဆွေးနွေးမည်

Please login to join discussion
No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate