• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကော်ဖီမြို့တော်

by ငြိမ်းငြိမ်း
13 June 2015
in စီးပွားရေး
A A
ကော်ဖီ, ပြင်ဦးလွင်, Myanmar Coffee Association

ပြင်ဦးလွင်က ဦးရဲမြင့်ရဲ့ ကော်ဖီခြံ (ဓာတ်ပုံ - ငြိမ်းငြိမ်း / ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမြောက်ဘက် ပြင်ဦးလွင်မြို့ပြင်သို့ ကားဖြင့် တနာရီမျှသွားရမည့်နေရာရှိ သူ့ခြံဝင်းထဲက တောင်ကုန်းလေးများကို ကြည့်ရင်း ပိုမိုစိမ်းစိုကြွယ်ဝသော အနာဂတ်ကို ဦးရဲမြင့် စိတ်ကူးပုံဖော်နေသည်။

“ဒီဒေသက မြန်မာနိုင်ငံရဲ့ ကော်ဖီမြို့တော် ဖြစ်လာနိုင်တယ်” ဟု အသက် ၅၀ နားအရွယ် ဦးရဲမြင့်က ဆိုတယ်။ သူက မြောက်ပိုင်းဒေသရှိ အခြား ကော်ဖီစိုက် တောင်သူများနှင့်အတူ မြန်မာနိုင်ငံ၏ ကော်ဖီထုတ်လုပ်မှုနှင့် အရည်အသွေးကို တဆင့်မြှင့်တင်နိုင်အောင် ကြိုးစားနေတယ်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.6k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

ဗြိတိသျှတို့က ရှမ်းပြည်နယ်တွင်းမှာ Arabica မျိုးနွယ် ကော်ဖီပင်တွေ စတင်စိုက်ပျိုးခဲ့တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံမှာ ကော်ဖီစိုက်ပျိုးရေး စတင်ခဲ့တယ်။ ယနေ့ကာလမှာ မြောက်ပိုင်း ကချင်ပြည်နယ်ကနေ တောင်ပိုင်းရှိ မွန်ပြည်နယ်အထိ နိုင်ငံတလွှား ကော်ဖီစိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တနိုင်တပိုင် စိုက်ပျိုးနိုင်ကြတာသာဖြစ်ပြီး စီးပွားရေးအဆင့်မီလည်း မဟုတ်သေးပါဘူး။

“တကယ် ဝမ်းနည်းဖို့ကောင်းတာက ကျနော်တို့မှာ ကုန်ကြမ်းပစ္စည်းကောင်းတွေ ရှိတယ်။ ဒါပေမယ့် အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ များများမထုတ်လုပ်နိုင်သေးဘူး”ဟု ဦးရဲမြင့်က ဆိုတယ်။

မြန်မာနိုင်ငံရဲ့ ကော်ဖီထုတ်လုပ်မှုအများစုက အသင့်သောက်သုံးနိုင်အောင် ထုတ်ထားတဲ့ ကော်ဖီမစ်တွေမှာ အရည်အသွေးနိမ့် Robusta ကော်ဖီစေ့ အများဆုံးသုံးပြီး နိုင်ငံခြားကိုလည်း တင်ပို့တာပါ။

ရှမ်းပြည်နယ်နဲ့ အခြားဒေသတွေမှာ စိုက်ပျိုးတဲ့ အရည်အသွေးပိုကောင်းတဲ့ Arabica ကော်ဖီစေ့တွေဟာ မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သည်တွေဆီမှာ အဓိကရောင်းပြီး အခြားနေရာများသို့လည်း ဈေးနှုန်းချိုချိုနဲ့ ရောင်းနေကြတာပါ။

ကော်ဖီခေတ်သစ် တခုစဖို့ ဦးရဲမြင့်နှင့် ပြင်ဦးလွင်က တခြားကော်ဖီစိုက် တောင်သူတွေအပြင် မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းပြည်နယ် နောင်ချိုနှင့် ရွာငံမြို့တို့က တောင်သူတွေပူးပေါင်းပြီး Myanmar Coffee Association (MCA) ကို မနှစ်က တည်ထောင်ခဲ့တယ်။

MCA အဖွဲ့ဝင်တွေ ကော်ဖီစေ့ တနိုင်တပိုင် ကြိတ်ခွဲထုတ်လုပ်မှုတွေကတဆင့် စံနှုန်းမီ ကော်ဖီထုပ်ပိုး ထုတ်လုပ်မှု တိုးမြှင့်နိုင်ရေး ကြိုးပမ်းနေကြတယ်။

ကရင်၊ ကချင်နဲ့ ကယားပြည်နယ်စတဲ့ နိုင်ငံအနှံ့အပြား ကော်ဖီအဖွဲ့အစည်းတွေ ထပ်မံ ပေါ်ပေါက်လာရေးလည်း မျှော်လင့်နေကြပါတယ်။ ဒီဒေသတွေပါဝင်လာတဲ့အခါ ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းပိုမိုကျယ်ပြန့်လာပြီး အသက်မွေးမှု လုပ်ငန်းတွေ မြှင့်တင်ပေးနိုင်ဖို့နဲ့ ယှဉ်ပြိုင်မှု တွေရှိလာစေဖို့ ရည်ရွယ်ချက်လည်း ရှိကြတယ်။

ဒါပေမယ့် ဒီနှစ်အတွင်း ကော်ဖီဈေးနှုန်း တည်ငြိမ်စေဖို့ မြန်မာကော်ဖီအသင်း အဖွဲ့ဝင်တွေက ကြိုးပမ်းဆောင်ရွက်နေတယ်။ ၂၀၁၄ ခုနှစ်မှာ ကော်ဖီသီး (ဒေသအခေါ် ချယ်ရီသီး) တပိဿာ ကို ၃၀ဝ ကျပ်အထိ ထိုးကျသွားလို့ တချို့တောင်သူတွေ စိုက်ပျိုးစရိတ် ပြန်မရခဲ့သလို တချို့လည်း စိုက်ထား သမျှမခူးတော့ပဲ ဒီအတိုင်း ပစ်ထားလိုက်တာတွေ ရှိခဲ့တယ်။ အဲဒီအတွက်ကြောင့် ၂၀၁၅ ခုနှစ် ကော်ဖီရာသီ ရောက်တဲ့အခါ ကော်ဖီသီး တပိဿာကို ကျပ်ငါးရာကနေ ခုနစ်ရာအတွင်း ဝယ်ယူတာ ရောင်းချတာလုပ်ဖို့ သတ်မှတ်ထားကြတယ်။

တိုးတက်စပြုနေတဲ့ ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းမှာ စမ်းသပ်လုပ်ဆောင်ရတာတွေ၊ အမှားကြုံရတာတွေလည်း အများအပြား ရှိပါတယ်။

MCA အဖွဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဦးရဲမြင့်ကတော့ ပြင်ဦးလွင်မြို့နားမှာ သဘာဝနည်းနဲ့ ကော်ဖီစိုက်ပျိုးဖို့ မြေဧက ၂၀ဝ ကျော်ကို လွန်ခဲ့တဲ့ ၁၆ နှစ်လောက်ကတည်းက ပိုင်ဆိုင်ထားတယ်။ သူက သဘာဝနည်းအတိုင်းပဲ စိုက်ပျိုးတဲ့အတွက် ဆုံးရှုံးမှုတွေ မကြာခဏကြုံရတဲ့ သက်တမ်းနု ကော်ဖီစိုက်ပျိုးသူ တဦးဖြစ်နေပါတယ်။ စိုက်သမျှ စိုက်ခင်များ တောမီးကြောင့် ဆုံးရှုံးရတာ၊ စိုက်ပုံ စိုက်နည်းမမှန်လို့ အပင်သေဆုံးတာတွေ အများဆုံး ကြုံခဲ့ရဖူးတယ်။ အစိုးရ စိုက်ပျိုးရေးဌာနက အကူအညီတွေနဲ့လည်း စိုက်ပျိုးခဲ့ဖူးသလို သူကိုယ်တိုင် စိုက်ပျိုးနည်းစနစ်မျိုးစုံနဲ့ ကြိုးစားနေသူ ဖြစ်တယ်။

မြေစမ်းခရမ်းပျိုး စိုက်ပျိုးမှုတွေကြောင့် မကြာခဏ အရှုံးပေါ်ခဲ့ပေမယ့် ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းအပေါ် သူ့ရဲ့ စိတ်ဝင်စားမှု၊ စိတ်ထက်သန်မှုတွေ မလျော့ကျသွားတာ တွေ့ရတယ်။ သူ့ခြံဝင်း လိုက်ပြနေရင်းကပင် ကော်ဖီအသင်းအဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာခြင်းမှာ ကော်ဖီစိုက်ပျိုးရေး အလွန်အမင်း အောင်မြင်နေခြင်းကြောင့် မဟုတ်ဘဲ၊ ကော်ဖီပင်ငယ်တွေ မကြာခဏ ပြန်စိုက်ပျိုးရပြီး စိုက်ပျိုးနည်းမျိုးစုံ စမ်းသပ်စိုက်ပျိုးမှုကြောင့် ကော်ဖီ အကြောင်း ပိုသိလာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ အရွှန်းဖောက်လိုက်ပါသေးတယ်။

“ကျနော် ဒီလုပ်ငန်းကို ဆက်ပြီးလုပ်ဖို့ ကြိုးစားတယ်” ဟု ဦးရဲမြင့်က ကော်ဖီပင်ငယ်များသာရှိသေးတဲ့ သူ့စိုက်ခင်းတွေနား လမ်းလျှောက်ရင်း ဆိုပါတယ်။ ကော်ဖီခြံလုပ်သားတွေအတွက် စရိတ်ကတော့ သူတို့ အရည်အချင်းပေါ်မှုတည်ပြီး တနေ့လုပ်အားခ ၂၅၀ဝ ကျပ် မှ ၅၀ဝ၀ ကျပ် အထိပေးရတယ်လို့လည်း သိရတယ်။

MCA ၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းလှိုင်က ပြင်ဦးလွင်တဝိုက်တွင် ကော်ဖီစိုက်ခင်းဧရိယာ ဧက ၅၀ဝ၀ ခန့် ရှိမယ်လို့ ခန့်မှန်းပါတယ်။ သူကတော့ ကော်ဖီစိုက်ခင်း ဧက ၄၀ ပိုင်ဆိုင်ပါတယ်။ ဧကအနည်းငယ်ထဲမှာ ပြင်ဦးလွင် ဒေသခံတွေရဲ့ တနိုင်တပိုင် စိုက်ပျိုးတဲ့ ခြံငယ်လေးတွေပါ။ ဒေသခံတွေက အများအားဖြင့် ၅ ဧက လောက်ကျယ်တဲ့ ခြံဝန်းမှာ ကော်ဖီအပြင် ရာသီစာ စတော်ဘယ်ရီနှင့် ပန်းများပါ ရောနှောစိုက်ပျိုးကြတာပါ။

ဒီစိုက်ပျိုးဧရိယာဟာ ယခင်စစ်အစိုးရ လက်ထက် ၂၀ဝ၂ ခုနှစ်က ချမှတ်ခဲ့တဲ့ နိုင်ငံတဝန်း၊ အဓိက တောင်ပေါ်ဒေသတွေမှာ ကော်ဖီစိုက်ပျိုးဧက နှစ် သိန်းစိုက်ပျိုးဖို့ ညွှန်ကြားချက်နဲ့ နှိုင်းယှဉ်ရန် အင်မတန်မှ နည်းပါးနေပါတယ်။ ဒီစီမံကိန်းအတွင်း မြေယာအမြောက်အမြားသိမ်းယူပြီး ဒေသခံတွေကို ပြောင်းရွှေ့နေရာချထားတာတွေ လုပ်ခဲ့ပေမယ့် မြေဧက အများစုကိုတော့ ယခုအချိန်ထိ အသုံးချခြင်း မပြုသေးတာပါ။

မနှစ်က မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးတင်မောင်က တနိုင်ငံ လုံးကော်ဖီ စိုက်ခင်းစုစုပေါင်း ဧက ၁၈၀ဝ၀ ခန့် ရှိတယ်လို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။ ကော်ဖီစိုက်ပျိုးရန် လျာထားတဲ့ ပြင်ဦးလွင်မြို့အနီးက မြေနေရာ အတော်များများဟာ အငြိမ်းစားစစ်တပ် အရာရှိကြီးတွေ ပိုင်ဆိုင်ကြတယ်လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပြပါတယ်။

တောင်ပေါ်ဒေသဖြစ်တဲ့အပြင် အေးတဲ့ရာသီ ဥတုကြောင့် နာမည်ကျော်တဲ့ ပြင်ဦးလွင်ဟာ ယခင်ကနဲ့ မတူဘဲ ရာသီဥတု ပူနွေးမှုကို ခံစားနေရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ ဒေသတွင်း ထုံးကျောက်ထုတ်ယူမှု အပါအဝင် သစ်တောပြုန်းတီးမှုများကြောင့် ရာသီဥတုက ပိုမို ပူပြင်းခြောက်သွေ့လာတာပါ။

ကော်ဖီစိုက်ပျိုးသူတွေက ကော်ဖီစိုက်ပျိုးရေးမှာ ကော်ဖီပင်ငယ်လေးများကို အရိပ်ရစေဖို့ သစ်ပင်ကြီးမျိုးတွေ ထဲ့သွင်းစိုက်ပျိုးပေးရတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်ကိုလည်း အထောက်အကူ ပြုနေတယ်လို့ ပြောကြပါတယ်။

အခုအချိန်က ကော်ဖီစိုက်ပျိုးသူများအတွက် ထုတ်ကုန်တိုးတက်ရေးနဲ့ ဈေးကွက်သစ်ရှာဖွေရေးက အဓိကစိန်ခေါ်မှုတွေပါ။ အဲဒီအတွက် ကော်ဖီကုန်ချောထုတ်လုပ်နိုင်ရေး အဆောက်အအုံတခုကို ပြီးမြောက်အောင် စုပေါင်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဦးရဲမြင့် မိတ်ဆွေတဦးဖြစ်တဲ့ MCA အသင်းဝင် ကိုစိုးလှိုင်က မြန်မာကော်ဖီစိုက်ပျိုးရေး (Myanmar Coffee Plantation) ကုမ္ပဏီရဲ့ စိုက်ပျိုးဧက ၁၀ဝ ပေါ်က ကော်ဖီစိုက်ခင်းကို ကြီးကြပ်နေသူ ဖြစ်ပါတယ်။ မြန်မာကော်ဖီ စိုက်ပျိုးရေးကုမ္ပဏီက ၂၀၁၀ ခုနှစ်ကစပြီး ကိုယ်ပိုင် ကော်ဖီကြိတ်ခွဲ ထုတ်လုပ်ရေး စလုပ်ခဲ့ပါတယ်။

၎င်းတို့ထုတ်တဲ့ ကော်ဖီက တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပခဲ့သော စားသောက်ကုန်ပြပွဲမှာ လူအများ စိတ်ဝင်စားမှု ရခဲ့ပြီးနောက် တနှစ်ထုတ်ကုန် တန်ချိန် ၁၃ တန်ကနေ ၅၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့ပါတယ်။

“ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့ ကိုရီးယားက ကော်ဖီအဝယ်တော် ဒီအထိဆင်းပြီး ကျနော်တို့ ကော်ဖီကို လာဝယ်ကြတယ်။ သူတို့ ကြိုက်လည်း ကြိုက်ကြတယ်။ အဲဒါကြောင့် ဒီနှစ်တော့ တန် ၂၀ ထိထုတ်မယ်လို့ ရည်ရွယ်ထားပါတယ်” ဟု ကိုစိုးလှိုင်က ရှင်းပြတယ်။

(၂၀၁၅ ခုနှစ်ဇွန်လထုတ် The Irrawaddy မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ငြိမ်းငြိမ်း၏ “Coffee Contry” ကို ဆုမွန်ဖြိုး ဘာသာပြန်သည်။)

Your Thoughts …
Tags: Business
ငြိမ်းငြိမ်း

ငြိမ်းငြိမ်း

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

မြန်မာ့သယံဇာတ လုယက်ခံရခြင်း

လိင်ဆက်ဆံခြင်း , လိင်ပညာပေး , ကျန်းမာရေး

လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်သော ကူးစက်ရောဂါများ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate