မြန်မာ ကျပ်ငွေနှင့် နိုင်ငံခြားငွေ ဒေါ်လာလဲလှယ်နှုန်း ဈေးကွက်သည် ယခုလများအတွင်း အမြင့်ဆုံးနှုန်းထားသို့ စံချိန်တင် ရောက်ရှိ ခဲ့ခြင်းကြောင့် သွင်းကုန်ပစ္စည်များ ဈေးမြင့်တက်လာကာ ရွှေဈေးနှုန်းသည်လည်း ဒေါ်လာလဲလှယ်နှုန်းအလိုက် ဈေးမြင့် တက်လာ သည်။ ထိုအခြေအနေကြောင့် အစိုးရကပါ အရေးပေါ် ငွေကြေးလဲလှယ်နှုန်းဈေးကွက် ပြန်လည် တည် ငြိမ် အောင် စီးပွားရေး လုပ်ငန်း ရှင်များနှင့် ပညာရှင်များအား ခေါ်ယူဆွေးနွေးခြင်း ဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်ခဲ့ ရသည်။ ဒေါ်လာလဲလှယ်နှုန်း ဈေးကွက် မတည် ငြိမ်မှု၊ ဗဟိုဘဏ်၏ လုပ်ဆောင်ချက်နှင့် ငွေကြေး စီးဆင်း လည်ပတ်မှု အခြေ အနေများနှင့် ပတ်သက်ပြီး စီးပွားရေး ပညာရှင် ဒေါက်တာမောင်မောင်စိုးကို ဧရာဝတီ သတင်းထောက် မေစိုးစံက တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း စံချိန်တင် မြင့်တက်လာပြီး စီးပွားရေး လောက ဂယက် ရိုက်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ် အပေါ် သုံးသပ်ပေးပါရှင့်။
ဖြေ။ ။ ဒေါ်လာနဲ့ ပတ်သက်လာရင် အပြင်နဲ့ ဆက် နွယ်နေတဲ့ ကုန်သွယ်မှုကိုပဲ သွားရမှာပေါ့၊ အဲဒီမှာမှ ကုန်သွယ်မှု လားရာတွေ သွင်းကုန်/ထုတ်ကုန် ဈေးနှုန်း၊ ပမာဏတွေကိုပါ ကြည့်ရမယ်။ ဒါမှ ငွေလဲနှုန်းရဲ့ နောက်ကွယ်မှာ ဒါတွေကို ဘယ်လို ထိခိုက်နိုင်လဲ။ နောက်ဆက်တွဲ ပါလာတတ်တာတော့ ငွေကြေးဖောင်းပွမှု ဆိုတာပါ ဖြစ်လာတတ်တယ်။ ငွေကြေး ဖောင်းပွတဲ့ အတွက်လည်း ငွေလဲနှုန်း ကျဆင်းတာ ရှိတယ်၊ ဆရာ့အမြင်က စီးပွားရေး တခုကို ထောင့်တခုတည်းနဲ့ မကြည့် ဘဲ ငွေလဲနှုန်း တွေနဲ့ ဆက်နွှယ်နေနဲ့ အကြောင်းတွေပါ ကြည့်နိုင်မှ ရမယ်။
အခုက တော့ တပိုင်းစီကို လိုက်ရှင်းနေသလို ဖြစ်နေတယ်၊ သူနဲ့ ဆက်နွှယ်နေတာတွေကိုပါ လိုက် မရှင်းနိုင်ရင် ကင်ဆာ လိုပဲ အမြစ်တခုဖြတ် နောက် အမြစ်ကတွယ်နဲ့ ဖြစ်သင့်တာက ပင်မအမြစ်ကို ဖြတ်နိုင်ရမယ်၊ မရှင်းနိုင်ရင် အမြစ်က ပွား နေဦးမှာ ပဲ။ အခု ပြဿနာက ငွေလဲနှုန်းကိုပဲ တာစူနေတယ်။ နောက်ကွယ်က ဟာတွေကိုလည်း ထည့်စဉ်းစားရ မယ်။ နိုင်ငံရေး ကို စဉ်းစားရင်လည်း နိုင်ငံရေးလို့ပဲ မြင်နေလို့မရဘူး။ နိုင်ငံရေး အခြေအနေတွေ ပြောင်းနေရင် စီးပွားရေးတွေပါ ဘယ်လို ပြောင်းလဲ သွားဖို့ ရှိမလဲ။ နိုင်ငံခြားငွေနဲ့ ဆက်စပ်နေတဲ့ ဒေါ်လာဈေးတွေ ဘယ်လို ပြောင်းမလဲ။ တခုဖြစ် တခုလုပ် လို့ မရဘူး။ ဒါက လက်ရှိ အခြေအနေ ဖြစ်နေတာလေ။
မေး။ ။ နောက်တခုက မြန်မာ့ငွေကြေး အရည်အသွေးနဲ့ ပတ်သက်ပြီး ပြန်လေ့လာစရာ လိုလာပြီလို့ပြော နေကြ တာရှိပါတယ်။ ဘယ်လို ဆက်စပ်နေလဲဆို တာ သိပါရစေ။
ဖြေ။ ။ အခုက မြန်မာကျပ်နဲ့ ဒေါ်လာမှာ ဒေါ်လာကိုပဲ ဂရုစိုက်မှု ရှိနေတယ်၊ မြန်မာငွေကိုလည်း ပြန်ကြည့် သင့်တယ်။ ဒီလောက်ကြီး ကျသွားရအောင် ကိုယ် ငွေက ချာသွားတာလား Quality of Money လို့ ခေါ်တဲ့ ငွေကြေး အရည်အချင်းကို ပြန်စစ်ဖို့ လို တယ်၊ ငွေကြေးက တသောင်းတန်အထိ ငွေစက္ကူ အနေနဲ့ ထွက်လာတဲ့အတွက် သယ်ရ လွယ်လာ ပေမယ့် အမျိုးအစားတွေ ခွဲခြားကြည့်လိုက်ရင် ၅၀ ကျပ်တန်တောင် သုံးတာ အရမ်း နည်းလာပြီ။ စာရွက်ပေါ်တွေမှာ တော့ ပြားတွေ သုံးနေသေး တယ်။
ဒီတော့ ပြားကနေ တသောင်းတန်အထိ ထုတ် နေတဲ့ ငွေကြေးတွေမှာ တရားဝင် ထုတ်ထားပြီးတဲ့ ငွေတွေက ဘယ်ပျောက် ကုန်ပြီလဲ။ ၅၀ ကျပ်တန် အောက် ငွေကြေးတွေကို မတွေ့ရတော့ဘူး။ အိမ်နီး ချင်း နိုင်ငံတွေမှာတောင် အကြွေ ရှိနေသေး တယ်။ ကိုယ်နိုင်ငံမှာတော့ အြွေက အားလုံး ပျောက်နေပြီ။ ဒါတွေကို ပြန်စစ်ဆေးဖို့ လိုလာပြီ။ Function of Money ငွေရဲ့ လုပ်ဆောင်ချက် ကောင်းမကောင်း ဒါတွေရော ပြန်စစ်ကြပြီးပြီလား။
နောက် Money of Supply ငွေကြေး လည် ပတ်မှုနဲ့ Money of Demand ငွေကြေး လိုအပ်မ ပေါ့၊ မြန်မာမှာ ငွေကြေး လိုအပ်မှုကို ကြည့်ရင် ကိုင် ဆောင်ထားတဲ့ ရည်ရွယ်ချက်က သုံးရပ် ရှိတယ်။ အရေးပေါ်သုံးဖို့၊ နိစ္စဓူဝ စားသောက်ဖို့နဲ့ ဈေး ကစားချင်လို့ ငွေကိုင်တာ ရှိနေတဲ့ အထဲမှာ လူတစု က ဈေးကစားချင်နေတဲ့အတွက် ဖြစ်နေတာ။ ဒီလို ငွေကို ကိုင်ထား နိုင်တဲ့သူကလည်း မြန်မာနိုင်ငံရဲ့ လူဦးရေက ၅၁ သန်းကျော်ရှိရင် ၁၀ ရာခိုင်နှုန်း လောက်ပဲ ရှိတာ။ ဒီတော့ ငွေကြေး လိုအပ်မှုကို ပြန်စစ်ဆေးရတော့မယ်။ ဘယ်လို လူမျိုးတွေက ကိုင်ထားတာလဲ မမျှတဘူးဆိုရင် ငွေတန်ဖိုးက ပရမ်းပတာ ဖြစ်နေမယ်။
နောက် ငွေကြေးလည်ပတ်မှု Supply of Money မှာ တရားဝင် ရှိနေတာက တပြားကနေ တသောင်း ဆိုပေမယ့် တကယ် တမ်း ငွေစက္ကူနဲ့ အကြွေမှာ အကြွေကိုလည်း မတွေ့ရတော့ဘူး။ အဲဒီလောက် အထိ ထုတ်ထားတဲ့ ပိုက်ဆံတွေဟာ အကုန် ပျောက် နေတယ်။ မရှိတော့ဘူး။ အခုက ငွေဖြစ်လွယ်တဲ့ အိမ်ခြံမြေ၊ ဒေါ်လာမှာ ငွေကစားသူ တွေ အုံနေကြတယ်။ အဲဒီမှာ မှ ဒေါ်လာကို ကျပ်ငွေ အဖြစ် ပြောင်းလဲမှုတွေ လုပ်လာ၊ များလာတော့ ဒေါ်လာ ဝယ်လိုအားတွေ တက်လာတယ်။ သူတက် ရင် မြန်မာငွေ ကျတာနဲ့ အတူတူပဲ။ ဒါကို ရှင်းဖို့က ပတ်ချာလည် ဖြစ်နေပြီ။ ပညာရှင်တွေဆုံပြီး ဒါတွေ ကို ရှင်း သင့် နေပြီ။
မေး။ ။ အစိုးရရဲ့ ဘက်ဂျက် လိုငွေပြနေမှု ၊ အကြွေး ကိစ္စတွေ ဖြစ်ပေါ်နေတာက ဘယ်လို အကြောင်း ကြောင့် ဖြစ်နေ တာပါလဲ။
ဖြေ။ ။ နိုင်ငံစုဆောင်းငွေလို့ ခေါ်တဲ့ National Saving အပိုင်းမှာ နှစ်ပိုင်းရှိတယ်။ Public Saving နဲ့ Private Saving ရှိတယ်။ ပုဂ္ဂလိက စုဆောင်းငွေ ဆိုတာ အသုံးစရိတ်ရယ်၊ အခွန်ကိုနုတ်ရင် စုဆောင်း ငွေရတယ်။ အဲဒီလို စုဆောင်း နိုင်တဲ့ငွေက ဘယ် လောက်ထိ ရှိမလဲဆိုတာ မသိနိုင်ဘူး။ အောက်ခြေ မှာ များများတော့ မရှိဘူး။ အစိုးရ စုဆောင်းငွေလို့ ခေါ်တဲ့ Public Saving က အစိုးရ အသုံးစရိတ် ကနေ အခွန်နုတ်ရင် သူရဲ့ စုဆောင်းငွေကို ရတာ ပေါ့။ အဲဒီ စုဆောင်းငွေ ၂ မျိုးကို ပေါင်းမှ နိုင်ငံ စုဆောင်းငွေ ရတယ်။
အခုက နိုင်ငံမှာ နိုင်ငံစုဆောင်းငွေက မရှိတဲ့ အတွက် နိုင်ငံအြွေကးတွေ တက်လာတယ်။ အစိုးရ ရဲ့ စုဆောင်းငွေကို မတွေ့ ဘူး။ နှစ်တိုင်း အနုတ် လက္ခဏာ ပြနေတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဘက်ဂျက်သည် နှစ်တိုင်းကို လိုငွေလည်း ပြနေ တယ်။ ဒါကိုကြည့်ရင် အစိုးရရဲ့ စုဆောင်းငွေ အနုတ်လက္ခဏာပေါ့။ စုဆောင်းငွေ မရှိရင် နိုင်ငံမှာ အြွေကးတွေ တက်နေဦးမှာပါပဲ။
မေး။ ။ ငွေလဲနှုန်းတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်က ထိန်းပေးတာတွေရှိပေမယ့် ကောင်းကောင်း မထိန်း ချုပ်နိုင် သေးတာကို တွေ့ရပါတယ်။ ဗဟိုဘဏ် အနေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းလို့ ပြောနေသော် လည်း အနောက်မှာ ချုပ်ကိုင ်ခံနေရတယ်လို့ ပြောဆို နေကြတဲ့ အပေါ်မှာရော ဆရာ။
ဖြေ။ ။ ဘယ်လို ပြန်ဖြေရမလဲတောင် မသိတော့ဘူး။ ဗဟိုဘဏ်က လူကြီးတွေကရော လွတ်လွတ်လပ်လပ် လုပ်ရဲလားလို့၊ သိသိကြီး မြင်မြင်ကြီး ဆရာက ဘာလို့ လက်ဝင်လျှိုခံမလဲ။ ဗဟိုဘဏ်မှာ လုပ် ဆောင်ချက် နှစ်ခုပဲ ရှိတယ်။ ငွေကြေး ရိုက်ထုတ် တာနဲ့ အတိုးနှုန်း ထိန်းချုပ်တာ၊ ဒီနှစ်ခု ထိန်းတာ ကောင်းရင် ငွေကြေး တည်ငြိမ်မယ်။ ထိန်းတာ မကောင်းရင် မတည်ငြိမ်ဘူး။ ဒီတော့ ဗဟိုဘဏ် လုပ်နေတာတွေ ကောင်းလား၊ မကောင်းလားကို ပြောခွင့် မရှိပါဘူး။ ငွေကြေး တည်ငြိမ်လား၊ မတည် ငြိမ်လား ကြည့်ရင် သိနိုင်ပါတယ်။
မေး။ ။ သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အစ မှာ ငွေလဲနှုန်းက တဒေါ်လာမှာ ကျပ်ထောင်ဂဏန်းပဲ ရှိခဲ့ပြီးတော့ အခု အစိုးရ သက်တမ်း ကုန်ခါနီးမှာ ငွေကြေးလဲနှုန်းတွေ တက်လာတာက နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရပါလား။
ဖြေ။ ။ ၂၀၁၃ ခုနှစ် ဝန်းကျင် ဒေါ်လာဟာ ကျပ် ၁၄၅၀ အထိတက်သွား ခဲ့ဖူးတယ်။ တကယ်တော့ နိုင်ငံရေး တည်ငြိမ် နေဖို့ပဲ။ စီးပွားရေး ဘယ်လောက် ကောင်း ကောင်းနိုင်ငံရေး ကတောက်ကဆဖြစ်နေရင် စီးပွား ရေး လည်း ပျက်မှာပဲ။ နိုင်ငံရေး မတည်ငြိမ်ဘူး ဆိုရာ မှာလည်း ဘာမှမလုပ်လဲ မတည်ငြိမ် ဖြစ်တာပဲ။ ထုတ်လုပ်မှု မရှိတာ၊ တိုးတက်မှု မရှိတာ ဒါတွေက စီးပွားရေး မကောင်းတော့တာပဲ။ သူလက္ခဏာထဲမှာ ငွေ လဲလှယ်နှုန်းလည်း ပါတယ်။ အဲဒီတော့ ဒီလို ကိစ္စ တွေကို ပညာရှင်တွေ၊ လက်တွေ့လုပ်ကိုင်နေတဲ့ သူတွေ ပေါင်းပြီး အဖြေရှာရမယ်။ အဖြေရတဲ့ အခါမှာလည်း ကန့်သတ် တဲ့ ပုံစံလိုမျိုး ဘယ်သူပါ ဘယ်သူတော့ မပါနဲ့ လုပ်လို့ မရဘူး။ အကုန်လုံး ပါဝင်နိုင်တဲ့ ပုံစံနဲ့ လုပ်ရပါမယ်။