စီးပွားရေး

ဗဟိုဘဏ် ငွေလဲနှုန်း မြှင့်တင်မှုကြောင့် ကားတင်သွင်းသူများ အခက်ကြုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြင်ပဈေးကွက်ပေါက်ဈေးနှင့်ကွာဟမှုမရှိစေရန် ဇူလိုင်လ ၁၃ ရက်နေ့မှစ၍ ရည်ညွှန်းငွေ လဲလှယ်နှုန်းထားကို အမေရိကန်တဒေါ်လာလျှင် ငွေကျပ် ၁၂၀၀ ထိ မြှင့်တင်လိုက်သဖြင့် ကားတင်သွင်းသူများ အများစု မှာ အစိုးရ၏ ဒေါ်လာငွေလဲနှုန်းအပေါ်မူတည် တွက်ချက်ကောက်ခံနေသော အခွန်နှုန်းထားကြီးမားမှု ကြီးမြင့်ကို ရင်ဆိုင် လာရပြီး အခက်အခဲများကြုံတွေ့နေရကြောင်း သိရှိရသည်။

မော်တော်ယာဉ်တင်သွင်းသူအများစုသည် တင်သွင်းလာသော မော်တော်ယာဉ်များအတွက် အကောက်ခွန်ဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)တွင် အခွန်ဆောင်ရပြီး အခွန်ဆောင်ရာတွင် တင်သွင်း မော်တော် ယာဉ်၏ တန်ဖိုးအပေါ် မူတည်၍ အခွန်ဆောင်ရကြောင်း၊ အခွန်နှုန်းထားကို အမေရိကန်ဒေါ်လာဖြင့် တွက်ချက်ပြီး အမေရိ ကန် ဒေါ်လာငွေလဲ လှယ်နှုန်းထားပေါ်မူတည်၍ မြန်မာငွေဖြင့် ပြန်လည်တွက်ချက်ကာ အခွန်ဆောင်ရကြောင်း၊ ဗဟိုဘဏ် က ဈေးပေါက် ဈေး အတိုင်း ငွေလဲနှုန်းသတ်မှတ်လိုက်လာခြင်းကြောင့် ယခင်ထက်ပို၍ အခွန်မြင့်မားလာပြီး ကားတင်သွင်း သူအားလုံး အခက် ကြုံကာ လုပ်ငန်းတချို့ ရပ်ဆိုင်းမှုရှိနေကြောင်း သိရှိရသည်။

“ဗဟိုဘဏ်က လုပ်ဆောင်တာတွေက မငြိမ်တဲ့အတွက် အရမ်းကို စိုးရိမ်ပါတယ်၊ အခု အရောင်းအဝယ်က ၇၀ ရာခိုင်နှုန်း လောက်ကို ရပ်နေတယ်။ ဗဟိုဘဏ်က သတ်မှတ် ငွေလဲနှုန်းမြှင့်လိုက်တဲ့အတွက် ကညနကို ပေးသွင်းရတဲ့အခွန် အကောက် ခွန် ကို ပေးသွင်းရတဲ့အခွန်က အများကြီး ပြောင်းလဲသွားတယ် နဂိုက တဒေါ်လာ ၁၀၀၀ ကျော်ပဲရှိတာ အခု ဒေါ်လာ ဈေး က ဒီရက်ပိုင်းတွင်းမှာ တဒါ်လာ ၁၂၀၀ ကျပ် ဆိုတော့ အခွန်ဆောင်ရတာ များသွားတာပေါ့”ဟု Myanmar Coach Centreကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ကျော်ကျော်အောင်က ပြောသည်။

မော်တော်ယာဉ်တင်သွင်းသူများအပါအဝင် သွင်းကုန် လုပ်ငန်းရှင်များသည် သွင်းကုန်အတွက် လိုအပ်သည့် ဒေါ်လာငွေကို ပြင်ပဈေးကွက်ရှာဖွေဝယ်ယူရပြီး ဈေးနှုန်းကြီးမြင့်စွာဖြင့် ဒေါ်လာဝယ်ယူရကြောင်း၊ ထို့ပြင် အခွန်ဆောင်ရာတွင်လည်း မြင့်မားနေသော ငွေလဲနှုန်းဖြင့် တွက်ချက် အခွန်ဆောင်ရခြင်းကြောင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လုပ်ငန်း လည်ပတ်ရန်ပင် အခက်အခဲများကြုံတွေ့လာစေကြောင်း ကားတင်သွင်းသူလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

“ အခုအနေအထားက တော်တော်ခက်တယ် ပြောမရတော့ဘူး၊ ဗဟိုဘဏ်က နှုန်းကို လိုက်တက်တော့ ပေးရတဲ့ အခွန် နှုန်း တက်သွားတယ် ရုတ်တရက်မှာ ဈေးကွက်က ကမောက်ကမဖြစ်သွားတယ်၊ နဂို လက်ဝယ်ရှိတဲ့သူက ဈေးသက်သာနဲ့ ရထားတယ်၊ အခု တင်သွင်းမယ်ဆိုရင်တော့ ဈေးများပြီပေါ့”ဟု ရောင်နီဦး ကားအရောင်းစင်တာမှ ဒါရိုက်တာ တဦး ဖြစ် သည့် ဦးဝင်းထွဋ်က ပြောသည်။

လက်ရှိအနေအထားအရ ကားအရောင်းအဝယ် ဈေးကွက် အေးစက်နေသည့်အတွက် ကားအရောင်းစင်တာများတွင် မူလတင်သွင်းထားသည့် ကားများ ရောင်းမထွက်ဖြစ်နေပြီး နောက်ထပ် ကားတင်သွင်းရန်လည်း စရိတ်ကြီးမြင့်၍ မတင် သွင်းနိုင်တော့ကြောင်း၊ ဈေးကွက်တွင်လည်း ကားဈေးနှုန်းများ တအိအိ ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

ဒေါက်တာ ကျော်ကျော်အောင်က “ ပစ္စည်းကို တင်သွင်း ပြီးရင် ပြန်ရောင်း၊ နောက်ပိုင်း ကိုယ်က ပစ္စည်းပြန်သွင်းရင် ဒီဈေးနှုန်းက မရတော့ပါဘူး၊ သွင်းကုန်တွေမှာ ထိခိုက်မှုတွေ အများကြီး ရှိပါတယ်၊ ဒီပေါ်မှာ ဈေးတင်ရင်လည်း ရောင်းသူနဲ့ ဝယ်သူကြား အဆင်မပြေနိုင်ဘူး”ဟု ပြောသည်။

လတ်တလော ဈေးကွက်တွင် ဒေါ်လာဈေးမြင့်တက်မှုအရှိန်ကြောင့် ကားဈေးနှုန်း ၅ သိန်းနှင့် ၁၀ သိန်းအကြား မြင့်တက် လာပြီး ကားတင်သွင်းမှု လျော့ကျမည့် အလားအလာရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading