• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အမေရိကန်ဒေါ်လာ အသုံးပြုမှု ဗဟိုဘဏ် စိစစ်မည်

by တင်ထက်ပိုင်
26 August 2015
in စီးပွားရေး
A A
အမေရိကန်ဒေါ်လာ, ဗဟိုဘဏ်, ကျပ်ငွေ, The Pizza Company

မီနူးဈေးနှုန်းများကို ဒေါ်လာဖြင့် သတ်မှတ်လိုက်သည့် ရန်ကုန်မြို့ ဒဂုန်စင်တာတွင် ဖွင့်လှစ်ထားသော The Pizza Company နှင့် Swen sen’s ရေခဲမုန့်ဆိုင်(ဓာတ်ပုံ - http://www.tripadvisor.com)

10.3k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း ကျပ်ငွေဖြင့် အရောင်းအဝယ် ပြုလုပ်နိုင်သည့် စီးပွားရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းကို စိစစ်အရေးယူနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြောသည်။

နိုင်ငံအတွင်း အမေရိကန်ဒေါ်လာကို ကျယ်ပြန့်စွာ သုံးစွဲခြင်းသည် နိုင်ငံခြား ငွေကြေးဈေးနှုန်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး နိုင်ငံ တော်၏ စီးပွားရေးစနစ်ကိုပါ ထိခိုက်စေနိုင်သဖြင့် ယခုကဲ့သို့ တားမြစ်ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် နိုင်ငံခြားသုံး ငွေ စီမံ ခန့်ခွဲမှုဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဧရာဝတီကို ပြောပြသည်။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
2.2k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
2.6k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k

“ဒေါ်လာသုံးစွဲမှု ကျယ်ပြန့်လာပြီး ဒေါ်လာဈေး မတည်ငြိမ်မှုကိုလည်း ဖြစ်စေနိုင်တယ်။ တပြိုင်နက်တည်းမှာပဲ ဒေါ်လာဈေး မတည်ငြိမ် မှု ဆိုတာလည်း နိုင်ငံတော် စီးပွားရေးကို ထိခိုက်စေပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒေါ်လာကို ကျယ်ပြန့်စွာ သုံးတယ်ဆိုတဲ့ နေရာတိုင်းမှာ ဒေါ်လာနဲ့ပဲ သုံးတယ်။ ပြည်တွင်းမှာ ပြည်တွင်းငွေနဲ့ သုံးလို့ရတဲ့နေရာတွေလည်း ဒေါ်လာနဲ့ သုံးတယ်။ ဒါတွေကို ပြန်ပြီးတော့ ကြပ်မတ်ရမယ့် သဘောပါ”ဟု ဦးဝင်းသော်က ရှင်းပြသည်။

သြဂုတ်လ ၁၇ ရက်နေ့က Fast Food စားသောက်ကုန်တမျိုးဖြစ်သည့် The Pizza Company နှင့် Swen sen’s ရေခဲမုန့်ဆိုင်များရှိ စားစရာ မီနူးဈေးနှုန်းများကို ဒေါ်လာဖြင့် သတ်မှတ်လိုက်သဖြင့် စားသုံးသူ များကြား ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်သည့် စီးပွားရေးလုပ်ငန်း အများအပြားရှိနေပြီး ဟိုတယ်နှင့် ခရီးသွားလုပ် ငန်း များ၊ စားသောက်ဆိုင်များ၊ နိုင်ငံတကာ ကျောင်းများလည်း ပါဝင်နေသည့်အတွက် မဖြစ်မနေ ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်ပြီး ပေးချေရမည့် စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများ အတွက်ကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အသေးစိတ် ဆွေးနွေးနေကြောင်း ဗဟိုဘဏ်က ပြောသည်။

ဦးဝင်းသော်က“မဖြစ်မနေ ဒေါ်လာနဲ့ ချေရမယ့် ကိစ္စမျိုးတွေကိုတော့ ကျပ်နဲ့ မဖြစ်မနေ ချေပါဆိုတာမျိုး မဖြစ်အောင်၊ Complaint တက်မလာအောင် ဒီဘက်က စီစဉ်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးပြီးသွားပါက ဒေါ်လာနှင့် အရောင်းအဝယ် ပြုလုပ်နိုင်သည့် စီးပွားရေး လုပ်ငန်း၊ ပြည်တွင်း ကျပ်ငွေဖြင့်သာ အရောင်းအဝယ် ပြုလုပ်ရမည့် စီးပွားရေး လုပ်ငန်းများကို ဗဟိုဘဏ်က ညွန်ကြားပေးမည် ဖြစ်ပြီး မလိုက်နာ သည့် လုပ်ငန်းရှင်များအား မည်သို့ အရေးယူမည် ဆိုသည့်အချက်များကိုလည်း ဖော်ပြပေးမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ်တွင် နိုင်ငံခြားဝင်ငွေ ရှာသည့်အလုပ်ကို ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ပေးရန် မလိုအပ်တော့ဘဲ ပြည်တွင်း ငွေပေး ချေမှုနှင့် သုံးစွဲမှုများ၊ ဈေးနှုန်း သတ်မှတ်မှုများကို ကျပ်ငွေဖြင့်သာ ပြုလုပ်ကြရန် အစိုးရက ညွှန်ကြားခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၏ ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေး က ဗဟိုဘဏ် အနေနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးတွင် ဒေါ်လာသုံးစွဲမှု အရှိန်မြင့်လာခြင်းကို ကာကွယ်နိုင်ရန် ဖြေရှင်းပေးသင့်ကြောင်း၊ ပြည်တွင်းရှိ အရောင်းအဝယ် လုပ်ငန်းများကို ကျပ်ငွေဖြင့်သာ အသုံးပြုရန် ကြေညာထားပြီး ဖြစ်သည့်အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် လိုအပ်နေကြောင်း ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကလည်း “ခရီးသွား လုပ်ငန်းနယ်ပယ် ကတော့ ဒေါ်လာနဲ့ပဲ လက်ခံတယ်။ ဒေါ်လာနဲ့ပဲ ပေးချေတယ်။ ဆင့်ကဲ ဆင့်ကဲ Suppliers တွေဖြစ်တဲ့ ဟိုတယ်တွေ၊ Airlines တွေကလည်း နိုင်ငံခြားသားတွေအတွက် သုံးစွဲတာဆိုရင် ဒေါ်လာနဲ့ပဲ လက်ခံတယ်။ အဲဒီအခါကျတော့ ဒေါ်လာ သုံးစွဲမှု၊ လည်ပတ်မှုကတော့ ဒီမှာ ရှိနေမှာပဲ။ ဒါကို သွားပြီး ကန့်သတ်လိုက်ရင်တော့ အဲဒီနယ်တွေမှာပါ ကျပ်ငွေလဲနှုန်းတွေက ဂယက်ရိုက်သွားနိုင် တယ်”ဟု ပြောသည်။

ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းသည် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့အတွက် ဗဟိုဘဏ်၏ သတ်မှတ်နှုန်းအရ ၁ ဒေါ်လာလျှင် ၁၂၈၂ ကျပ် ဖြစ်ပြီး ပြီးခဲ့သည့် ရက်များက အပြင်ဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁၃၀၀ အထိ ရောက်ရှိသွားခဲ့သေးသည်

Your Thoughts …
Tags: Business
တင်ထက်ပိုင်

တင်ထက်ပိုင်

Freelancer

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
သရေခေတ္တရာ, ပျုမြို့ဟောင်း,

ကမ္ဘာ့အမွေအနှစ် သမိုင်းဝင် ပျူမြို့ဟောင်းများဆီသို့

ပ်ငွေ, ငွေလဲနှုန်း, ဗဟိုဘဏ်, IMF

မြန်မာကျပ်ငွေ အကျပ်အတည်း ကြုံနေရပြီ

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate