• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မြန်မာနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၂၀ နီးပါးရှိနေ

by သစ်နေမိုး
23 October 2015
in စီးပွားရေး
A A
တရုတ်, ကုန်သွယ်မှု, ရင်းနှီးမြှုပ်နှံမှု

ရှမ်းပြည်နယ် ကျောက်မဲမြို့အနီး ဖြတ်သန်းသွားသော တရုတ် ဂက်စ်ပိုက်လိုင်း (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အတွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသော တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးရှိနေပြီး လုပ်ကိုင်ပြီးစီးနေသည့် ပမာဏတန်ဖိုးသည် ဒေါ်လာ ၁၂.၂ ဘီလီယံ ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ Park Royal ဟိုတယ်၌ အောက်တိုဘာ ၂၂ ရက်က ကျင်းပသော တရုတ် – မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် တရုတ်-အာဆီယံ စင်တာ(ACC) ၏ ကိုယ်စားလှယ် မစ္စ ရန်ရှို့ဖိန်က ထုတ်ဖော် ပြောဆိုခြင်း ဖြစ် သည်။

RelatedPosts

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

19 May 2025
1.3k
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.2k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
2.3k

“မြန်မာနိုင်ငံမှာ တာဝန်ယူဆောင်ရွက်နေတဲ့ ပရော့ဂျက် စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၈.၅ ဘီလီယံ ဖြစ်ပါတယ်။ လုပ်ငန်း လုပ်ကိုင်ပြီးစီးတဲ့ စုစုပေါင်းက အမေရိကန်ဒေါ်လာ  ၁၂.၂ ဘီလီယံပါ။ စီမံကိန်း ပူးပေါင်းမှုတွေကတော့ ရေအားလျှပ်စစ်စခန်း၊ လေဆိပ်၊ လမ်းတံတား နဲ့ ဆက်သွယ်ရေး စတာတွေ ဖြစ်ပါတယ်”ဟု မစ္စ ရန်ရှို့ဖိန်က ပြောသည်။

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ ဒေါ်လာ ၃.၉ ဘီလီယံနီးပါး ရှိပြီး လျှပ်စစ် ဓာတ်အား လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် မြှုပ်နှံထားကြောင်းလည်း ၎င်းက ဆိုသည်။

တရုတ် – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ၂၀၁၄ ခုနှစ်၌ ဒေါ်လာ ၂၅ ဘီလီယံရှိပြီး နှစ်နိုင်ငံကုန်သွယ်မှု ပမာဏသည် ဆက်လက် တိုးလာနေသည်ဟု တရုတ်-အာဆီယံ စင်တာကလည်း ထုတ်ပြန်ထားသည်။

ယခင်နှစ်များနှင့်ယှဉ်လျှင် ၁၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကုန်သွယ်မှု စစ်တမ်း အချက်အလက်များအရ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် နိုင်ငံတကာ ကုန်သွယ်မှုပမာဏ စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်း ရှိကြောင်း တွေ့ရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှတ်တမ်း အချက်အလက်များအရ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ စက်ပစ္စည်းများ၊ သံနှင့် စတီးလ်၊ ဆိုင်ကယ်နှင့် ဆိုင်ကယ် အပိုပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဖုန်းနှင့် ဖုန်း အပိုပစ္စည်းများ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသည့် ကုန်ပစ္စည်းများသည် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သတ္တု၊ ဆန်နှင့် စိုက်ပျိုးရေး ထွက်ကုန်၊ ရာဘာ စသည့် သယံဇာတ ထုတ်ကုန်များနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း စွမ်းအင် ကဏ္ဍတွင်ဖြစ်ပြီး လာမည့်နှစ်များတွင် ရင်းနှီးမြှုပ်နှံမှုပုံစံ ပြောင်းလဲလာနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က ပြောဆိုသည်။

“နောက်ပိုင်းတော့ ကျနော်တို့ နိုင်ငံမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ SME တွေ များတာကိုး။ ရှေ့အလားအလာမှာ သူတို့အနေနဲ့က အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကို နည်းနည်းပိုတိုးပြီး ပြောင်းပြီး မဟာဗျူဟာ အပြောင်းအလဲ လုပ်မယ်လို့ ကျနော်တို့ ယူဆ တယ်”ဟု ၎င်းက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှတ်တမ်းအချက်အလက်များအရ တရုတ် – မြန်မာ ကုန်သွယ်မှု ပမာဏ၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှု အားလုံး၏ ၂၁.၄၄ ရာခိုင်နှုန်း၊၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၈.၁၇ ရာခိုင်နှုန်းနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၃.၇ ရာခိုင်နှုန်းဖြင့် နှစ်အလိုက် တိုးလာနေသည်ကို သိရှိရသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွင် အများဆုံး အဖြစ်ရပ်တည်နေဆဲဖြစ်သည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
စိတ်ကြွဆေးပြား, ရဲတပ်ဖွဲ့, မူးယစ်ဆေး

စံချိန်တင် စိတ်ကြွဆေးပြားအမှု သံသယ တရားခံ ၁၃ ဦးကို တရားစွဲရန် ပြင်ဆင်

တပတ်အတွင်း သတင်းဓာတ်ပုံ

တပတ်အတွင်း သတင်းဓာတ်ပုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate