(ကြော်ငြာ ဆောင်းပါး) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ ဆူခွန်ဗစ် (Sukhumvit) ရှိ အချက်အချာကျသည့် နေရာတခု ဖြစ်သော Asoke တွင် Lofts Asoke ကွန်ဒိုမီနီယမ် အသစ်တခု တည်ဆောက်ရန် အစီအစဉ်တခုကို ထိုင်းနိုင်ငံမှ ထိပ်တန်း အိမ်ခြံမြေဖွံ့ဖြိုးရေး လုပ်ငန်းတခု ဖြစ်သည့် Raimon Land က မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည်။ လေဆိပ် နှင့် ဆက်သွယ်ထားသည့်လမ်း MRT တို့ နှင့်လည်း မီတာ ၁၅၀ မျှသာ ကွာဝေးသည့် နေရာဖြစ်သည်။
နယူးယောက်ရှိ Tribeca နှင့် SOHO ၊ လန်ဒန် မှ Docklands အစရှိသည့်နေရာများမှ လက်ရာမြောက် အဆောက်အဦး များ၏ ပုံစံအတိုင်း ဖြစ်မည့် Lofts Asoke တွင် အိပ်ခန်း ၃ ခန်းပါ တိုက်ခန်း ၂၂၁ ခန်းပါဝင်မည်ဟု Raimon Land က ဆိုသည်။
အဆောက်အဦးတွင် အားကစားခန်းတခု၊ အမိုးပေါ်မှ ဥယျာဉ်တခု နှင့် ဘန်ကောက်မြို့ကို အပေါ်စီးမှ မြင်နိုင်သည့် ရေကူးကန် တခုအပြင် ဧည့်ခန်းမ တခုလည်း ပါဝင်မည်ဟု သိရသည်။
“Lofts Asoke က ဘန်ကောက်မြို့ရဲ့ ရှုပ်ထွေးနေတဲ့ မြို့လယ် အနီးမှာ သက်တောင့်သက်သာ နေနိုင်စေပါလိမ့်မယ်။ ဒီမှာ နေထိုင်တဲ့ သူတွေအတွက် သီးသန့်ဖြစ်တဲ့ ဒုတိယထပ်က ဧည့်ခန်းမက နည်းပညာ၊ မွမ်းမံ တန်ဆာဆင်မှုတွေက အသိုင်းအဝိုင်းတခုလို ခံစားမှုရအောင် တည်ဆောက်ထားပါတယ်။ တွေ့ဆုံမှုတွေကနေတဆင့် စိတ်ကူးတွေ ဖလှယ်ဖို့၊ ရုပ်ရှင်ပြတာတွေ၊ အခန်းအနားတွေ၊ စာဖတ်ဖို့ သို့မဟုတ် အပန်းဖြေအနားယူဖို့ စတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်” ဟု Raimon Land ၏ ဖွံ့ဖြိုးရေး ဌာန အကြီးအကဲ Gerard Healy က ပြောသည်။
The Lofts Ekkamai အရောင်းပြခန်းတွင် နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကြိုတင်ရောင်းချမှု ပြုလုပ်ခဲ့ပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Raimon Land Unveils New Condominium Development ကို ဘာသာပြန်ဆိုသည်။