• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

သယံဇာတ လုပ်ငန်းကြီးများ၏ စုဆောင်းငွေများ မေးခွန်းထုတ်စရာဖြစ်ဟု NRGI အစီရင်ခံစာဆို

by သစ်နေမိုး
29 January 2016
in စီးပွားရေး
A A
NRGI, ရေနံ , သဘာဝဓာတ်ငွေ့ , ကျောက်မျက်ရတနာ, MOGE

ရှမ်းပြည်ကို ဖြတ်သန်းသွားသော တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

4.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ နိုင်ငံပိုင် သယံဇာတ လုပ်ငန်းကြီးများ၏ ဒေါ်လာ ဘီလီယံ ချီရှိသော နှစ်အလိုက် စုဆောင်း သိမ်းဆည်းထားသည့် ဝင်ငွေနှင့် ပတ်သက်ပြီး အမေရိကန် အခြေစိုက် သဘာဝ သယံဇာတများ ထုတ်လုပ် သုံးစွဲမှု ဆိုင်ရာ စောင့်ကြည့် လေ့လာသော အဖွဲ့(NRGI)က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်သည်။

အစီရင်ခံစာ၌ မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း(MOGE)၊ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းနှင့် သတ္တုတွင်း လုပ်ငန်း များ၏ နှစ် အလိုက် သိမ်းဆည်းထားခွင့်ရသော ဝင်ငွေများသည် ဒေါ်လာ ဘီလီယံချီ ရှိနေသဖြင့် မည်သည့်နေရာတွင် မည်သို့ အသုံးပြုရန် ဆိုသည့် မေးခွန်းထုတ် ထောက်ပြစရာ ဖြစ်နေကြောင်း ပါရှိသည်။

RelatedPosts

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
587
အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

8 July 2025
1.3k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.7k

NGRI ၏ အစီရင်ခံစာအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍနှစ်တွင် MOGE တခုတည်းပင် သီးသန့် စုဆောင်းငွေ အမေရိကန် ဒေါ်လာ ၁.၃ ဘီလီယံ ကျော် ရှိကြောင်း၊ ကျောက်မျက် နှင့် သတ္တုတွင်း လုပ်ငန်း ၂ ခုပေါင်း ၏ သီးသန့် စုဆောင်းငွေသည် ဒေါ်လာ ၁.၆ ဘီလီယံ ကျော် ရှိကြောင်း သိရသည်။

အဆိုပါ ဘဏ္ဍာရေး နှစ်အတွင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းမှ သိမ်းဆည်းနိုင်သည့် ပမာဏသည် ဒေါ်လာ ၂၀၄ သန်း၊ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းမှ ဒေါ်လာ ၃ သန်း၊ အမှတ်၂ သတ္တုတွင်း လုပ်ငန်းမှ ဒေါ်လာ ၂၂ သန်းနှင့် အမှတ် ၃ သတ္တုတွင်း လုပ်ငန်းမှ ဒေါ်လာ ၄ သန်းတို့ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Natural Resource Governance Institute(NRGI) သည် နိုင်ငံတကာရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ပစ္စည်းများ၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာ အကြံပေး တိုက်တွန်းခြင်းများ လုပ်ဆောင်နေသော အကျိုးအမြတ် အဓိကမထားဘဲ ရပ်တည်နေသည့် အမေရိကန်အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။

NRGI အနေဖြင့် ရေနံ၊ တွင်းထွက် လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံပေါင်း ၂၀ ကျော်ကို သုံးသပ်မှုများ ပြုလုပ်အပြီး မြန်မာနိုင်ငံ အတွက် ယခု အစီရင်ခံစာကို စတင် ထုတ်ပြန်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပြုလုပ်ရာတွင် ယခုကဲ့သို့ နိုင်ငံပိုင်လုပ်ငန်းများမှ သီးသန့် စုဆောင်းငွေအဖြစ် သိမ်းဆည်း ထားရှိခြင်းမျိုးသည် ၎င်းတို့အတွေ့အကြုံအရ ပုံမှန်မဟုတ်သည့် လုပ်ရပ်ဖြစ်ကြောင်း NRGI က ပြောဆိုသည်။

NRGI ၏ စီးပွားရေးစီမံကိန်းများဆိုင်ရာ ဒါရိုက်တာ Mr Patrick Heller က “မြန်မာနိုင်ငံက ပုံမှန်မဟုတ်တဲ့ နည်းလမ်းပေါ့။ ဒီပိုက်ဆံ တွေကို သိမ်းရာမှာပေါ့။ လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်နဲ့ ကုန်ကျမယ့် ပိုက်ဆံပမာဏကနည်းပြီး သိမ်းဆည်းထားတဲ့ ပမာဏက များနေ တယ်ဆိုတဲ့ အခါ အခြားနိုင်ငံတွေမှာ မရှိတဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေပါ”ဟု ပြောသည်။

ယင်းသို့ သုသေသန အစီရင်ခံစာပါ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ သီးသန့်စုဆောင်းငွေနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ ပြော ရေးဆိုခွင့်ရှိသူ တဦးက အမြတ်ခွန် ပေးသွင်းမှုနှင့် နိုင်ငံတော် ထည့်ဝင်ငွေ စာရင်း ပြရကြောင်း ပြောကြားသည်။

၎င်းက“ဝင်ငွေရှိတယ် သုံးငွေရှိတယ်၊ အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို အခွန်ပေးသွင်းတယ်။၂၀ ရာခိုင်နှုန်းကို နိုင်ငံတော် ထည့်ဝင်ငွေဆိုပြီး စာရင်း ပြရတယ်။ အဲ့ဒါပြီးမှ ဘယ်စာရင်းထဲ ထည့်ရလဲဆိုတော့ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ စာရင်း(သီးသန့်စာရင်း)ဆိုပြီး စာရင်းသဘောအရ တင်ထားလိုက်တာ။ ကျနော်တို့ဆီမှာလည်း မရှိဘူး”ဟု ပြောသည်။

အဆိုပါ အခွန်နှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေအပြီး နိုင်ငံပိုင်လုပ်ငန်းများ၏ ကျန်ရှိသည့် အမြတ်၏ ၅၅ ရာခိုင်နှုန်းကို သီးသန့်စာရင်း ဆိုပြီး ဖွင့်ပေးထားသည်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖြစ်ပြီး အဆိုပါစာရင်းအားလုံး ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်တွင်သာ ရှိကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆက်လက် ရှင်းပြသည်။

ယခုကဲ့သို့ နိုင်ငံပိုင် လုပ်ငန်းများ၏ သီးသန့်စုဆောင်းငွေများ ထားရှိခြင်းမူကို အစိုးရက ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ကြောင်း သိရပြီး ယင်းသို့ ထားရှိငွေများတွင် MOGE က ပိုမိုများပြားကြောင်း၊ နိုင်ငံပိုင် ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းများနှင့်ပတ်သက်၍ မလေးရှားနိုင်ငံ၏ နိုင်ငံပိုင် ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းဖြစ်သော Petronas ကုမ္ပဏီနှင့် ယှဉ်လျှင် လုပ်ရိုးလုပ်စဉ်များစွာ ကွာဟကြောင်း Patrick Heller ကပြောသည်။

၎င်းက“Petronas ကုမ္ပဏီကလည်း မလေးနိုင်ငံပိုင် ကုမ္ပဏီပါ။ သူက သုံးစွဲတာနဲ့ ထိန်းသိမ်းစုဆောင်းတာ မျှတယ်။ နောက်တော့ Petronas က သူတို့ရဲ့ စာရင်း အသုံးတွေကို ပြင်ပစာရင်းစစ်တွေနဲ့ စစ်ထားတဲ့ အစီရင်ခံစာတွေ နှစ်စဉ်ထုတ်ပြန်ပေးတယ်။ MOGE မှာ ဒါမျိုးလည်း မရှိဘူး”ဟု ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်)စာရင်းအရ ယခုသုံးသပ်မှုများ လုပ်ထားသည့် နိုင်ငံပိုင် လုပ်ငန်းများဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် တွင်းထွက် သတ္တုလုပ်ငန်းများ၏ ဝင်ငွေနှင့် အသုံးစရိတ်သည် ကွာဟမှု မရှိသလောက် ဖြစ်လာကြောင်းလည်း Patrick Heller က ထောက်ပြထားသည်။

အဆိုပါ နိုင်ငံပိုင် လုပ်ငန်းများ၏ ဝင်ငွေသည် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဖြစ်ပြီး အသုံးစရိတ်သည် ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း အစိုးရ ၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရသုံးမှန်းခြေ ငွေစာရင်း(ဘတ်ဂျက်)ကို ကိုးကား၍ ဖော်ပြထားသည်။

နိုင်ငံပိုင်လုပ်ငန်းများ အနေဖြင့် ယင်းသို့ သီးသန့်စုဆောင်းငွေများနှင့် ပတ်သက်၍ အကျိုးရှိစွာ မည်သို့ ပြန်လည်အသုံးချမည်လဲ ဆို သည့် အချက်အပြင် ထိုငွေများနှင့် ပတ်သက်သည့် ဘဏ်စာရင်းမျိုးလည်း စုံစမ်းမေးမြန်း၍ လက်ရှိ အချိန်အထိ တိတိကျကျ သိရှိရမှုမရှိကြောင်း၊ ပွင့်လင်းမြင်သာမှု ပိုမိုလိုအပ်ကြောင်း သိရသည်။

ထို့ပြင် NRGI ၏ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်းများကို ဆန်းစစ်ခဲ့သည့် သယံဇာတ စီမံမှု အညွှန်းဇယား အရ သတင်းထုတ်ပြန်မှု အနည်းဆုံးအဆင့် သတ်မှတ်ရာတွင်လည်း မြန်မာနိုင်ငံမှ MOGE သည် နောက်ဆုံးအဆင့်တွင်ရှိပြီး နောက်တွင် တာ့ခ်မင်စတန် နိုင်ငံ၏ လုပ်ငန်းတခုသာ ကျန်ရှိကြောင်း ဖော်ပြထားသည်။

MOGE သည် ယင်းသို့ ပွင့်လင်းမြင်သာမှု နောက်ဆုံးကျသည်ထက်ပင် မြန်မာနိုင်ငံ၏ အခြားတွင်းထွက်တူးဖော်ရေး ကဏ္ဍ နိုင်ငံပိုင် လုပ်ငန်းများက ပို၍ MOGE ထက် နောက်ကျသည်ဟုလည်း ဆိုထားသည်။

ထို့အပြင် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပတ်သက်၍ တွင်းထွက် တူးဖော်ရေးလုပ်ကွက်များ ချထားပေးမှု ဆုံးဖြတ် ချက်များတွင် စစ်တပ်ဆက်နွယ်သည့် ကုမ္ပဏီ အဖွဲ့အစည်းများကလည်း ရောယှက်ပါဝင်သည့်သဘာများ ရှိနေကြောင်း ဖော်ပြထား သည်။

အဓိက ဖော်ပြထားသည်မှာ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်(UMEHL) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း(MEC) တို့ဖြစ်ပြီး ၎င်းတို့က တွင်းထွက်တူးဖော်ရေး လုပ်ကွက်ချထားမှု ဆုံးဖြတ်ခြင်း၊ အမြတ်ခွဲဝေခြင်း အစရှိသည်တို့ ဆုံးဖြတ်သည့်အခါများတွင် အစိုးရ သဖွယ် ပါဝင်လေ့ရှိသည်ဟုလည်း NRGI အစီရင်ခံစာက ဆိုထားသည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
371

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
သူရဦးရွှေမန်း, NLD, ဒေါ်အောင်ဆန်းစုကြည်, အစိုးရသစ်

ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်တွင် တာဝန်ပေးလျှင် ပါဝင်မည်ဟု သူရဦးရွှေမန်း ပြော

movie review, အီဖေကိုယ်တို့ရွေးကောက်ပွဲ, ဧဒင်ရဲ့နတ်သမီး

ဒီတပတ်အတွက် ကြည့်ချင်စရာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
4.3k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate