စီးပွားရေး

ရန်ကုန်ကားဈေးကွက် အေးစက်ပေမယ့် မန္တလေးဈေးကွက်မှာ အလဲအထပ်များ

This article has been converted from Zawgyi One to Unicode

ရန်ကုန်ကားဈေးကွက်မှာ  မတ်လဆန်းပိုင်းကစပြီး  အရောင်းအဝယ် အေးနေပြီး မန္တလေး ကားဈေးကွက်မှာတော့ အဓိကအားဖြင့် အလဲအထပ်လုပ်ကြတာမျိုးလောက်ပဲရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ကားဈေးကွက်မှာတော့  ၁၀ တန်းစာမေးပွဲဖြေဆိုနေချိန် ဖြစ်နေတာကြောင့် တကြောင်း၊ အမည်ပြောင်း လေ ျှာက်ထားမှုတွေ အများအပြားလုပ်ဆောင်နေတာကြောင့် တကြောင်း ကားဈေးကွက်မှာ ရောင်းသူရော ဝယ်သူပါ နည်းနေတယ်လို့ သီရိမင်္ဂလာဈေး ကားပွဲစားတန်းမှ  ကိုအောင်မျိုးက ပြောပါတယ်။

“ပုံမှန် ဆိုရင်လည်း ဆယ်တန်းစာမေးပွဲရက်ဆိုရင် အရောင်းအဝယ် နည်းနည်းပါးသွားတတ်ပါတယ်၊ ဒါပေမယ့် လက်ရှိမှာက အမည်ပေါက်ပြောင်းတဲ့ ကိစ္စ ရုတ်တရက်ပေါ်လာတော့ အမည်ပြောင်းနေကြတဲ့ သူတွေရော၊ စောင့်ကြည့်နေတဲ့ သူတွေပါ ရှိနေတာကြောင့် ရန်ကုန် ဝယ်လက် စစ်စစ်မရှိသလောက် နည်းတယ်” လို့ ကိုအောင်မျိုး ပြောပါတယ်။

လှိုင်ကားပွဲစားတန်းမှာ ကားအရောင်းအဝယ်တချို့ရှိပြီး အိမ်စီး မော်ဒယ်တွေထက် လုပ်ငန်းသုံး ကုန်တင်နဲ့ ၁၂ယောက်စီး မော်ဒယ် ကားတွေကို  နယ်အဝယ်တချို့ ဆင်းပြီး လာဝယ်တာမျိုး ရှိတယ်လို့သိရပါတယ်။

ရန်ကုန်ကားဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းတွေက ၂၀၀၉ခုနှစ်မော်ဒယ် Proboxကို ၁၁၈သိန်း ဝန်းကျင်၊ ၂၀၀၉မော်ဒယ် Toyota Beltaကို ၁၁၂သိန်းဝန်းကျင်၊ ၂၀၀၇မော်ဒယ်  Daihatsu Hijetကို ၇၈သိန်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။

အထက်မြန်မာပြည် မန္တလေး ကားဈေးကွက်မှာ သင်္ကြန်ရက်နီးလာပြီမို့ Hijet, Samber, Carry, Porter, Bongo စတဲ့ ရေပက်ခံထွက်လို့ကောင်းတဲ့ ကားအမျိုးအစားတချို့ အရောင်းအဝယ်ရှိပေမယ့်လည်း အဓိက အားဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းကနေ စပြီး အလဲအထပ်ဈေးကွက်သစ် တစ်ခု ပေါ်ပေါက်လျက်ရှိကာ မော်ဒယ်နိမ့်၊ မြင့်၊ သက်တမ်းတို၊ ရှည်၊ မော်ဒယ်ကွဲတွေကို ဈေးဖြတ် အလိုက်ပေးလဲလှယ်မှုရှိတယ် လို့သိရ ပါတယ်။

Loading