• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်စီးပွားရေး ကျဆင်းချိန် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများ သတိထားရန် ADB သတိပေး

by မေစိုးစံ
31 March 2016
in စီးပွားရေး
A A
ကုန်သွယ်ရေး, တရုတ်, ဂျီဒီပီ

ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်သည့် “အာရှ၏ အလားအလာ အစီရင်ခံစာ ၂၀၁၆” သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - မေစိုးစံ/ဧရာဝတီ)

4.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပို့ကုန်အများစုကို လက်ခံနေသည့် ကုန်သွယ်ဘက် နိုင်ငံတခုဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေချိန်တွင် ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင် ပါဝင်နေသည့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုပြုရာတွင် သတိထားရမည့် အခြေအနေတရပ် ဖြစ်လာကြောင်း အာရှဖွံဖြိုးရေးဘဏ် (Asia Development Bank – ADB) က သတိပေး ပြောဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့က တရုတ်နိုင်ငံမှာ အများကြီး မှီခိုထားတယ်။ ကဏ္ဍတွေ အများကြီးလုပ်နေတော့ ဘယ်လောက်အထိ ဆိုတာ တိတိကျကျ ပြောလို့မရဘူး။ တခြားနိုင်ငံနဲ့ယှဉ်ရင် မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့အတွက် နည်းနည်း သတိထားမယ့် အခြေအနေမှာ ရှိလာတယ်” ဟု ADB ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ ဌာနေကိုယ်စားလှယ် ပီတာ ဘရင်းဘယ်လ်က ပြောသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.4k
မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

မြောက်ပိုင်းလမ်း ပြန်ပွင့်မှာလား

15 June 2025
1.4k
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
1.1k

ADB က ထုတ်ပြန်သည့် “အာရှ၏ အလားအလာ အစီရင်ခံစာ ၂၀၁၆” နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ်လ ၃၀ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်ရာ၌ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံသည် ပြည်ပပို့ကုန်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ရင်နှီးမြုပ်နှံမှု လုပ်ငန်းများ စသည့် ကဏ္ဍများတွင် စီးပွားရေး ကျဆင်းနေပြီး အဆိုပါကဏ္ဍများတွင် အစားထိုး လုပ်ကိုင်မည့် ဝန်ဆောင်မှု လုပ်ငန်းအတွက် အချိန်ယူ ပြင်ဆင်ရန် လိုအပ်နေချိန် ဖြစ်သည်ဟု ပီတာ ဘရင်းဘယ်လ်က ဆက်ပြောသည်။

တရုတ်နိုင်ငံ စီးပွားရေး ကျဆင်းနေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “လက်ရှိမှာ မြန်မာနိုင်ငံဘက်က ပို့နေတဲ့ ဆန်၊ ပြောင်း၊ သကြား ဖမ်းဆီးမှု များနေတယ်။ မူဆယ်မှာ စုပုံနေတယ်။ မြန်မာဘက်က ကုန်သည်တွေ ကျပ်တည်းနေတယ်။ တခြားနိုင်ငံကို တင်ဖို့ကလည်း မလွယ်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် တရုတ်သည် ကြီးမားသည့် ဈေးကွက်တခု ဖြစ်နေသည်။ တရုတ်စီးပွားရေး ကျဆင်းနေသော်လည်း မြန်မာဘက်မှ ကုန်သည်များအနေဖြင့် မိမိထုတ်ကုန်၏ အရည်အသွေးပိုင်းကို မြင့်တင်နိုင်မှု မရှိခြင်း၊ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဈေးကွက်ပြောင်းလဲ တင်ပို့ရန် ခက်ခဲနေဖြင်းများ ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့တင်ပို့ရာတွင် ကုန်ချောထုတ်လုပ် တင်ပို့နိုင်ခြင်း မရှိသေးဘဲ ကုန်ကြမ်းများကိုသာ တင်ပို့နေသည်ကို အများဆုံး တွေ့နေရသည်ဟု ပီတာ ဘရင်းဘယ်လ်က ဆိုသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကျောက်စိမ်းကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများတွင် အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ပိုမိုကုန်သွယ်မှုများပြီး လယ်ယာထွက်ကုန် ပစ္စည်းအများစုသည်လည်း တရုတ်ဈေးကွက်ကိုသာ မှီခိုမှုတင်ပို့နေရကြောင်း ပို့ကုန်တင်ပို့မှုများ မှတ်တမ်းအရ သိသည်။

မြန်မာ့စီးပွားရေး ကုန်သွယ်မှုကဏ္ဍတွင် အဓိကကျသည့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းနေသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ တိုင်းပြည်၏ ဂျီဒီပီ စီးပွားတိုးတက်မှုနှုန်းသည် ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိမည်ဟု ADB က ခန့်မှန်းထားသည်။

Your Thoughts …
Tags: Business
မေစိုးစံ

မေစိုးစံ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
369

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
သစ်တော, ပြုန်းတီးမှု, တရားဝင်, တရားမဝင်, အရည်အသွေး

သစ်ထုတ်လုပ်ခြင်း လုံးဝရပ်ဆိုင်းရန် အစိုးရသစ် ဆောင်ရွက်သင့်ဟုဆို

အဘလို့ မခေါ်နဲ့

အဘလို့ မခေါ်နဲ့

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate