စီးပွားရေး

ပြင်ဆင် မွမ်းမံမှုများလုပ်ရန် The Strand ဟိုတယ် ၆ လ ပိတ်မည်

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံ စာရင်းဝင် The Strand ဟိုတယ်ကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် ၆ လခန့် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

လာမည့် မေလ ၁ ရက်နေ့မှ စတင်ပိတ်သွားမည်ဖြစ်ပြီး နိုဝင်ဘာလဆန်းမှ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း The Strand ဟိုတယ်၏ ဒုဥက္ကဋ္ဌ Mr. Olivier Trinquand က ပြောသည်။

၎င်းက “ပြုပြင်တာမှာ အသစ်ပြန်ဆောက်တာမျိုးတွေ မလုပ်ပါဘူး။ ဒီဟိုတယ်ရဲ့ အသက်ဝိညဉ်ကို ထားတဲ့အနေနဲ့ အခန်းတွင်း ပြုပြင်မှုတွေကိုပဲ ပြုလုပ်မှာဖြစ်ပါတယ်။ မေလကနေ စပိတ်ပြီး နိုဝင်ဘာအစောပိုင်းမှာ ပြန်လည် ဖွင့်မှာ ဖြစ်ပါတယ်။ အသစ်တဖန် ပြန်လည် မွေးဖွားလာတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်အောင် ကျနော်တို့ ပြုလုပ်မှာဖြစ်ပါတယ်” ဟု ယမန်နေ့ ညနေက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

The Strand ဟိုတယ်ကို နောက်ဆုံးပြင်ဆင်မှုအဖြစ် ၁၉၉၃ ခုနှစ်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၂၀ ကျော်ကြာပြီးမှ ယခုတဖန် ပြန်လည် ပြင်ဆင်မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“မပြင်တာက ၂၃ နှစ် ရှိသွားပါပြီ၊ ကျနော်တို့ ပြင်ဆင်တဲ့အခါမှာ မြန်မာမှုတွေကိုပဲ အဓိကယူသွားမှာပါ” ဟု ဟိုတယ်၏ Operation Manager က ပြောသည်။

ယခုကဲ့သို့ ဟိုတယ် ပိတ်မည်အကြောင်းနှင့် ပတ်သက်၍ Customer များနှင့် လုပ်ငန်း ဆက်စပ်သူများသို့ ကြိုတင် အကြောင်းကြားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် The Strand ဟိုတယ်ကို ဧည့်ခန်းပါ Suites များ ၃၁ ခန်း၊ ဝန်ထမ်းပေါင်း ၁၄၁ ဦးဖြင့် ဝန်ဆောင်မှု ပေးလျှက်ရှိကြောင်း၊ ပြင်ဆင်မှုများ ပြုလုပ်ပြီးသည့် အချိန်တွင် အခန်းအရေအတွက်မှာ ယခုအတိုင်း ရှိမည် ဖြစ်ကြာင်း၊ အခန်းများ တိုးချဲ့သွားမည့် အစီအစဉ် မပါရှိကြောင်း သိရသည်။

The Strand Hotel သည် ၁၉၀၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့သော သက်တမ်းရှည်ကြားသည့် ရန်ကုန်မြို့၏ အထင်ကရ ရှေးဟောင်း အမွေအနှစ်လက်ရာ တခုလည်းဖြစ်သည်။ ထို့အပြင် အရှေ့တောင် အာရှတွင် အနည်းငယ်သာ ကျန်ရှိတော့သည့် ကိုလိုနီခေတ်လက်ရာ ဟိုတယ်များထဲမှ တခုလည်း ဖြစ်သည်။

Loading