စီးပွားရေး

ပရီမီယာ ကော်ဖီ စက်ရုံကို ပုဒ်မ ၂ ခုဖြင့် အစိုးရ တရားစွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပရီမီယာ ကော်ဖီမစ်စက်ရုံ အလုပ်သမာများ နစ်နာမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင်နှင့် HR မန်နေဂျာတို့ကို အစိုးရက ပုဒ်မ ၂ ခုဖြင့် လှိုင်သာယာမြို့နယ် တရားရုံးတွင် အမှုဖွင့်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံရှိ အလုပ်သမားများက ၎င်းတို့၏ နစ်နာမှုများကို အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနသို့ ယခုလ ၁၇ ရက်နေ့က တိုင်ကြားခဲ့ကြောင်း၊ စစ်ဆေးမှုများ လုပ်ခဲ့ရာ နစ်နာမှုများ တွေ့ရှိရသဖြင့် ပြီးခဲ့သည့် ၂၈ ရက်နေ့က စတင် တရားစွဲဆိုလိုက်ရခြင်း ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးညွန့်ဝင်းက ပြောသည်။

တရားစွဲဆိုထားသော ဥပဒ ၂ ခုနှင့် ပတ်သက်၍ ၎င်းက “နေ့စား နေ့ရှင်း အလုပ်သမားတွေကို ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေအရ တပတ်မှာ တရက် နားခွင့်ပေးရမယ်။ အဲဒီနားတဲ့ ရက်ကိုလည်း ဥပဒအရ လုပ်ခအပြည့် ပေးရမယ်။ အဲ့ဒါကို ပေးဖို့ ကုမ္ပဏီက ပျက်ကွက်တယ်။ နောက်တခုက အချိန်ပိုပေါ့။ အချိန်ပို လုပ်ကိုင်တဲ့ အခါမှာ ၁၉၅၁ အလုပ်ရုံများ ဥပဒေအရဆိုရင် သက်ဆိုင်ရာ ဦးစီးဌာနကို ခွင့်ပြုချက် တောင်းခံပြီးတော့မှ အလုပ်သမားတွေရဲ့ သဘောတူညီချက်ပါ ပူးတွဲပါရမယ်ပေါ့။ အခုဟာ သက်ဆိုင်ရာ ဦးစီးဌာန ခွင့်ပြုချက် တောင်းခံရမယ်ဆိုတဲ့ အချက်ကို မလိုက်နာဘူးပေါ့။ အဲဒီ အတွက်ကိုလည်း တရားစွဲတယ်” ဟု ပြောသည်။

ယခုတရားစွဲဆိုသည့် ဥပဒေများနှင့် ပတ်သက်သည့် အချက်များတွင် ဒဏ်ငွေနှင့် ထောင်ဒဏ်များ ပါရှိကြောင်း၊ ဒဏ်ငွေ အနေဖြင့် ကျပ်သိန်း ၂၀ နှင့် ထောင်ဒဏ်အနေဖြင့် ၃ လ အထိ ရှိကြောင်းလည်း ဦးညွန့်ဝင်းက ပြောသည်။

တရားစွဲဆိုမှုကို မည်သို့ ပြေလည်ရန် ဖြေရှင်းသွားမည်၊ ဆုံဖြတ်သွားမည်မှာ လက်ရှိတွင် မသိရသေးဘဲ အမှုဖွင့်ထားသည့် လှိုင်သာယာမြို့နယ် တရားရုံးတွင် တရားသူကြီးများ၏ အဆုံးအဖြတ်အပေါ် မူတည်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးညွန့်ဝင်းက “ဘယ်လို အရေးယူလို့ ရလဲဆိုရင် သူတို့ အပြန်အလှန် စစ်ဦးမှာပေါ့ဗျာ။ စစ်ရင် နစ်နာတဲ့ ငွေတွေလည်း ပြန်ပေးရမှာပေါ့။ လိုအပ်လို့ရင်လည်း တချို့ဟာတွေက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ပေါ့။ ဒါကိုကျူးလွန်တဲ့ အတွက် ချလို့ရတာပေါ့။ ဒါပေမယ့် ဒါကတော့ သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ပေါ့။ ဘယ်လို ဆုံးဖြတ်ချက် ချမလဲဆိုတာ သက်ဆိုင်ရာ တရားသူကြီးတွေရဲ့ လုပ်ပိုင်ခွင့် ဖြစ်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အနေဖြင့်လည်း ယခုဖြစ်စဉ်တွင် မည်သို့ အဆုံးအဖြတ်များ ဖြစ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပြီး အလုပ်သမားများဘက်မှ ကျေနပ်မှုများ ရှိစေရန် အကြံဉာဏ်များ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းဇော်က “တရားလိုသည် အစိုးရဖြစ်ပြီး တရာခံသည် အလုပ်ရှင် ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်က ဘာလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကြည့်ပြီး တကယ့် ဥပဒကြောင်းအရ လိုအပ်ချက်တွေ ရှိနေတယ်ဆိုရင် ကျနော်တို့ အကြံဉာဏ်တွေ ပေးရမှာပါ” ဟု ပြောသည်။

ယနေ့ခေတ်တွင် အလုပ်ရှင်များအပေါ် အစိုးရဘက်မှ တရားစွဲဆိုသည့် ဖြစ်စဉ်များ ပိုမိုရှိလာပြီး ယခုနှစ်အတွင်း ၈ ခု ဝန်းကျင် ရှိကြောင်း၊ အလုပ်ရှင် အလုပ်သမား ပြသနာများမှာလည်း ယခင်နှင့် ယှဉ်လျှင် နည်းပါးလာသည်ဟု ပြော၍ရကြောင်း၊ အလုပ်သမား နစ်နာမှုများ ယခင်ထက် လျော့ကျလာကြောင်းနှင့် အလုပ်ရှင် အလုပ်သမား ပူးပေါင်းဆောင်ရွက်မှု၊ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုလာကြောင်း ၎င်းက ပြောသည်။ သို့သော် ပွင့်လင်းမြင်သာမှု အပြည့်အ၀ မရရှိသေးဘဲ အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

အလုပ်ရှင် အလုပ်သမား ပြဿနာနှင့် ယခုကဲ့သို့ အစိုးရဘက်မှ တရားစွဲဆိုရမှုများသည် CMP အထည်ချုပ် လုပ်ငန်းများတွင် အများဆုံး ဖြစ်လေ့ရှိကြောင်းနှင့် ကော်ဖီစက်ရုံသည် ယခုအကြိမ် ပထမဆုံးအကြိမ် ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading