• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အခွန်တိမ်းရှောင်မှုများအတွက် အရေးယူမှုများစမည်

by သစ်နေမိုး
15 July 2016
in စီးပွားရေး
A A
အခွန်တိမ်းရှောင်မှုများအတွက် အရေးယူမှုများစမည်

ရန်ကုန်မှ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)

5.1k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း လုပ်ငန်းများတွင် အခွန်တိမ်းရှောင်မှုများကို စိစစ်မှုများ ပြုလုပ်ကာ အရေးယူမှုများ စတင် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
၎င်းက “စစ်ဆေးတွေ့ရှိမှုတွေ အပေါ် မူတည်ပြီး လုပ်သွားမှာပါ။ အခုစစ်ဆေးမှုတွေ တောက်လျှောက် လုပ်နေပါတယ်။ အရေးယူမှုတွေလုပ်မယ့် ရက်တော့ အတိအကျ ပြောလို့မရသေးဘူး၊ ဒါပေမယ့် မကြာခင်မှာစမယ်” ဟု ပြောသည်။

အရေးယူမှုများ လုပ်ဆောင်ရန်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တရားလွှတ်တော်ချုပ်ရုံး စသည့် သက်ဆိုင်ရာ နယ်ပယ်အစုံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း သိရသည်။

RelatedPosts

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.1k
မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

မြေရှား သဘောတူညီမှုတွင် ထရမ့်ထက် ဇယ်လန်စကီး ပိုအသာရ

10 May 2025
2.3k
ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

ပြည်တွင်း ဆန်ဈေး စစ်ကောင်စီ သတိပေး

9 May 2025
790

အခွန်တိမ်းရှောင်မှုများနှင့် ပတ်သက်၍ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်ခွန် ဥပဒေများတွင် အရေးယူမှုများ လုပ်ဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားကာ ယင်းဥပဒေများ အတိုင်း အရေးယူသွားမည်ဟု ဦးမင်းထွဋ်က ပြောသည်။
၎င်းက “အရေးယူရင် ပြစ်ဒဏ်က သူ့ရဲ့ ဖောက်ဖျက်မှု အတိမ်အနက်ကို မူတည်ပြီး တချို့ဟာတွေက ၁၀ နှစ်အထိ ပြစ်ဒဏ် ချမှတ်လို့ ရပါတယ်။ ဒဏ်ကြေးကလည်း လိုက်နာမှုမှာ အားနည်းတဲ့အတွက် ဒဏ်ရိုက်လို့ရတာတွေ ရှိပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှုများ ရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ စိစစ် အရေးယူမှုမျိုး မလုပ်ဆောင် နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

လက်ရှိ အရေးယူမည်ဟု ဆိုသော အခြေအနေနှင့် ပတ်သက်၍ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက “အခွန်ရှောင်တာက အရင်ကလည်း လုပ်တယ်။ အရေးကြီးတာက တစိုက်မတ်မတ်ပေါ့ဗျာ။ အခုလုပ်လိုက်၊ ခဏလေးနေတော့ ပြန်ရပ်သွားလိုက်၊ ခဏနေ ပြန်ပြီး တချိန်ပြန်ပေါ်လာလိုက် မဟုတ်ဘူးပေါ့ဗျာ၊ တစိုက်မတ်မတ် လုပ်ရမယ်။ ပြည်သူတွေ ကိုယ်တိုင်ကလည်း အခွန်ပေးချင်လာအောင် ပညာပေးတွေ လုပ်ရမယ်” ဟု ပြောသည်။

အခွန်ကောက်ယူမှု၊ အခွန်သုံးစွဲမှုများတွင်လည်း ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပြီး ထိထိရောက်ရောက် ကောက်ယူနိုင်ခြင်း၊ ထိထိရောက်ရောက် သုံးစွဲခြင်းက အဓိက အရေးကြီးကြောင်းလည်း ၎င်းက ပြောသည်။

ဒေါက်တာအောင်ကိုကိုက “အခွန်သီအိုရီမှာ ရေးထားတယ်။ တိုင်းပြည် စီးပွားရေး အခင်းအကျင်းအပေါ်မှာ မူတည်ပြီးတော့ ဒီအခွန်ကို ကောက်ယူရတယ်ပေါ့ဗျာ။ နောက်ပြီး အခွန်ကို ဘယ်လိုသုံးလဲ၊ ဘယ်လို ရယူရလဲဆိုတဲ့ ပွင့်လင်းမြင်သာမှုလည်း လိုအပ်တယ်။ နောက်တခုက ထိထိရောက်ရောက် သုံးစွဲခြင်း ကောက်ယူူခြင်းဆိုတဲ့ အထဲမှာ ညီညီမျှမျှ သုံးစွဲဖို့လည်း လိုတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ နာမည်ကြီး ကုမ္ပဏီကြီးများ အကြားတွင်လည်း ဝင်ငွေခွန် ထမ်းဆောင်ကြသည့် ပမာဏတွင် ကွာဟမှုများ ရှိကြသည်။ ဝင်ငွေခွန် ထမ်းဆောင်မှုတွင် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်သည် နှစ်စဉ် အခွန်ဆောင်မှုတွင် အများဆုံး ဖြစ်လာသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်က ဝင်ငွေခွန် ကျပ်သန်း ၁၇၀၀၀ ကျော်ဖြင့် အများဆုံး ထမ်းဆောင်နိုင်ခဲ့သည့် အချိန်တွင် ဦးအိုက်ထွန်း၏ ရွှေတောင်ကုမ္ပဏီ၊ ဦးထွန်းမြင့်နိုင်၏ Asia World ကုမ္ပဏီနှင့် ဦးဇော်ဇော်၏ Max (Myanmar) ကုမ္ပဏီတို့က ကျပ်သန်း ၄ ထောင် အထက်သာ ဆောင်နိုင်ခဲ့ကြသည်။

မြန်မာ့ စစ်တပ်ပိုင် ဖွဲ့စည်းထားသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် Myawaddy Trading ကုမ္ပဏီတို့သည် ထိုနှစ်က ဝင်ငွေခွန် ကျပ်သန်း ၇၀၀ အောက်သာ ထမ်းဆောင်ခဲ့ပြီး ဦးတေဇ၏ ထူးကုမ္ပဏီနှင့် ဦးကျော်ဝင်း၏ ရွှေသံလွင်မီဒီယာ ကုမ္ပဏီတို့သည် ကျပ်သန်း ၈၀၀ အောက် အခွန်ဆောင် ခဲ့သည်ဟု သိရသည်။

Your Thoughts …
Tags: Business
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
နေမျိုးဝေ

ဦးနေမျိုးဝေကို ကန်ကြီးထောင့် တရားရုံးက တရားရှင်လွှတ်ပေး

အသက်မွေးဝမ်းကျောင်း ပညာ

အသက်မွေးဝမ်းကျောင်း ပညာကို တန်ဖိုးထားဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate