• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ် ၀ယ်လက်နည်း၍ မူဆယ် ဆန်စျေးကွက် ပျက်သည့် အခြေအနေရှိ

by သစ်နေမိုး
30 August 2016
in စီးပွားရေး
A A
မူဆယ်မြို့ရှိ ဆန်စပါး ကုန်စည်ဒိုင် / သစ်နေမိုး / ဧရာဝတီ

မူဆယ်မြို့ရှိ ဆန်စပါး ကုန်စည်ဒိုင် / သစ်နေမိုး / ဧရာဝတီ

803
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံဘက်မှ အဖမ်းအဆီးများလာခြင်းနှင့် တရုတ်ကုန်သည်များ အဝယ်နည်းလာခြင်းတို့ကြောင့် တရုတ် – မြန်မာ နယ်စပ် မူဆယ် ဆန်စျေးကွက် ပျက်သည့် အခြေအနေမျိုး ရောက်ရှိနေကြောင်း မူဆယ် အခြေစိုက် ဆန်ပွဲစားများက ပြော သည်။

မူဆယ် အခြေစိုက် ဆန်ပွဲစားကိုအောင်လေးက “ဆန်က တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတာ၊ လုပ်ငန်းရပ်သလို ဖြစ်နေ တာ တော်တော်ကြာပြီ။ ၂၀၁၆၊ ၁ လပိုင်းလောက်ကတည်းက တောက်လျှောက် ဆုတ်ယုတ်လာတာ။ အဓိက ကတော့ အဖမ်းအဆီးကြောင့်ပါ။ အခုဟာ လူထိပါဖမ်းတာ။ ပစ္စည်းဖမ်းတာထက် လူပါဖမ်းတော့ အကုန်လုံးက ရှိန်ကြောက် သွား တာပေါ့။ ရွှေလီဘက်မှာ မဖမ်းဘဲနဲ့ ပြည်မကြီးသွားတဲ့ လမ်းကြောပေါ်မှာဖမ်းတာ”ဟု ပြောပြသည်။

RelatedPosts

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
348
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
2.3k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
3.9k

မြန်မာ့ဆန်များ အဓိကတင်ပို့ရာ လမ်းကြောင်းဖြစ်သည့် မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် ယခု ဘဏ္ဍာ နှစ်အတွင်း သိသာစွာလျော့ကျလာသည်ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာန၏ စာရင်းမှတ်တမ်း များအရ သိရသည်။

စာရင်းမှတ်တမ်းများအရ ယခုဘဏ္ဍာနှစ် ၂၀၁၆ – ၂၀၁၇ ဇူလိုင်လကုန်အထိ ဆန်တင်ပို့ထားသည့့် ပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလ နှိုင်းယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာ သန်းပေါင်း ရ၅.၉၈၄ သန်း လျော့သွားကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၏ စာရင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်သို့ နယ်စပ်မှတဆင့် ဆန်တင်ပို့မှု လျော့ကျလာရခြင်းမှာ တရုတ်နိုင်ငံဘက်မှ အဖမ်းအဆီးများခြင်းသည် အဓိက အကြောင်းတရပ်ဖြစ်ပြီး အောက်ပြည်ခင်းနှင့် ဇူလိုင်လအတွင်းက တရုတ်နယ်စပ်ရှိ ရွှေလီမြစ်ရေကြီးခြင်းတို့နှင့် သက်ဆိုင် ကြောင်း မူဆယ်အခြေစိုက် ဆန်ကုန်သည်များက ပြောဆိုသည်။

မူဆယ် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးယုံစိန်က “တရုတ်ကုန်သည် လုံးဝမလာတဲ့ ရက်တွေတောင် ရှိတယ်။ ခါတိုင်း မနှစ်က တနှစ်ပါတ်လုံး လုံးဝမလာဘူးဆိုတဲ့ဟာ မရှိဘူး။ အခုဒီနှစ်ထဲမှာ ကြုံဖူးပြီ”ဟု ပြောသည်။

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုတွင် မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က တရားဝင် ခွင့်ပြု့ခြင်းမရှိရာ တရုတ်နိုင်ငံဘက်တွင် မကြာခဏ အဖမ်းအဆီးများ လုပ်လေ့ရှိကြောင်း သိရသည်။

“ခါတိုင်းကတော့ ကားလေးတွေကို နည်းနည်းပါးပါး ဖမ်းတာပေါ့။ အဲဒီလောက်ကတော့ ဒီဘက်က ဂရုကို မစိုက်ဘူး။ အဲဒီ လောက်ဆို ဖမ်းတယ်လို့ကို မမြင်ဘူး။ အဖမ်းနည်းနည်းကြမ်းရင် လေးငါးခြောက်စီးပေါ့။ အခုဟာ တန် ၄၀ ကားကြီးတွေကို ဖမ်းတဲ့အခါ အစီး ၆၀ လောက် တဘရိတ်တည်း ဖမ်းတာ”ဟု ဦးယုံစိန်က ပြောသည်။

တရုတ်ဘက်က ဗဟိုစီမံချက်ဖြင့်ဖမ်းသည့် ပုံစံမှာ နယ်စပ်တွင်မဟုတ်ဘဲ ပြည်မကြီးဘက်သွားသည့် အဝေးပြေး လမ်းမပေါ် တွင် ဖမ်းစီးကြောင်း မူဆယ်-နမ်းခမ်း နယ်စပ် ကုန်သည််ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းဦးကလည်း ပြောပြသည်။

“သူတို့ကတော့ ဗဟိုပြောတာပဲ။ ဘောက်ဆန်း၊ ရှန်ကွမ်းလောက်မှာပေါ့။ ကူမင်းနဲ့ ရွှေလီသွားတဲ့ လမ်းတဝက်လောက်မှာ ဌာနစုံကလာပြီး ဖမ်းဆီးသွားတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် ပြည်ပဆန်တင်ပို့မှုတွင် တရုတ်နိုင်ငံကို အားထားနေခဲ့ရသည်မှာ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်ကတည်းက ဖြစ်ပြီး ယင်းနှစ်တွင် စုစုပေါင်းတန်ချိန် ၁.၄ သန်းကျော်တင်ပို့ခဲ့ရာ တရုတ်နိုင်ငံက တန််ချိန် ၈ သိန်းကျော် ၀ယ်ယူခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁.၈ သန်းကျော်တင်ပို့ပြီး တရုတ်ကတန်ချိန် ၁.၃ သန်းကျော် ၀ယ်ယူခဲ့ကြောင်း မြန်မာနိုင်ငံ ဆန််စပါးအသင်းချုပ် အချက်အလက်များအရ သိရသည်။

Your Thoughts …
Tags: မူဆယ်
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

by ဧရာဝတီ
8 August 2024
17.6k

ရမခ တိုင်းမှူးသစ်ဖြစ်လာသူ ဗိုလ်မှူးချုပ်စိုးလှိုင်သည် မူဆယ်မှနေ၍ စစ်ဆင်ရေးကို ကွပ်ကဲနေခဲ့ပြီးနောက် ရက်ပိုင်းအတွင်း သြဂုတ်လ ၃ ရက်၌ လားရှိုး ရမခ ကို MNDAA ဦးဆောင်သည်သည့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မူဆယ်နဲ့ နမ့်ခမ်းကို TNLA က အရေးပေါ်အမိန့်ထုတ်

by မိုင်းခြိူဝ်းဇာရ်
16 November 2023
8.9k

မူဆယ်မြို့ဟာ တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးဂိတ်ရှိရာမြို့ဖြစ်ပြီး နမ့်ခမ်းမြို့ကတော့ TNLA က နိုဝင်ဘာ ၇ ရက်နေ့မှာ တိုက်ခိုက်ထိန်းချုပ်ထားပါတယ်။

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

မြန်မာနယ်စပ်အနီး တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုများ စတင်

by ဧရာဝတီ
25 November 2023
8.1k

အတိုချုံး ထုတ်ပြန်ချက်တွင် အချိန်နှင့် တပ်ဖွဲ့ဝင်အရေအတွက် အသေးစိတ်ကို ဖော်ပြထားခြင်းမရှိပေ။

တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

တရုတ်-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်

by ဧရာဝတီ
1 September 2023
8k

တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်များနှင့် ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်ကြောင်း

TNLA နဲ့ တိုက်ပွဲမှာ အာဏာသိမ်းတပ် အသေအပျောက်များ

TNLA နဲ့ တိုက်ပွဲမှာ အာဏာသိမ်းတပ် အသေအပျောက်များ

by နွေမြင့်
4 August 2023
7.8k

စစ်တပ်က တောင်ပေါ်ကနေ အများကြီး ပြေးထွက်လာတာ။ ၂ ယောက်က ဖိနပ်တောင်မပါဘူး။ သေနတ်ကိုယ်စီနဲ့ ပြေးလာကြတာ

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

မူဆယ်က စစ်ကောင်စီ အထိုင်တပ်ကို KIA တိုက်ခိုက်သိမ်းပိုက်

by မိုင်းခြိူဝ်းဇာရ်
20 October 2023
7.5k

KIA တပ်မဟာ ၆၊ တပ်ရင်း ၃၆ က အောက်တိုဘာ ၁၉ ရက်နေ့မနက် ၄ နာရီမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီခန့်မှာ သိမ်းပိုက်နိုင်လိုက်တာ ဖြစ်ပါတယ်။

Next Post
ဒေါက်တာစိုးထွန်း / ဧရာဝတီ

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းနှင့် တွေ့ဆုံခြင်း

နလပိန်းတုံး သမဂ္ဂ

နလပိန်းတုံး သမဂ္ဂ

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

3 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate