စီးပွားရေး

Nokia နဲ့ အူရီဒူး ပူးပေါင်းပြီး သဘောတူ စာချုပ်ချုပ်ဆို

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နာမည်ကြီး နည်းပညာကုမ္ပဏီ Nokia နဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာ (Ooredoo Myanmar) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ မြန်နှုန်းမြှင့် 4G အင်တာနက် ၀န်ဆောင်မှု ကို စတင်မိတ်ဆက်လိုက်ပြီး အဆိုပါ သဘောတူညီချက်စာချုပ် တိုးချဲ့ချုပ်ဆိုလိုက်ကြောင်း သတင်း ရရှိပါတယ်။

Nokia က ၄င်းရဲ့ Single RAN နဲ့ Packet Core ပလက်ဖောင်းများကို အသုံးပြုပြီး အူရီဒူးမြန်မာရဲ့ လက်ရှိ 3G ကွန်ရက်ကို 4G အဆင့်သို့ ၃ လအတွင်း အဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ယင်းကဲ့သိို့ အဆင့်မြှင့် တင်ပေးမှုကြောင့် အူရီဒူးအနေနဲ့ 4G ၀န်ဆောင်မှုကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ပုဂံတို့မှာ စတင် မိတ်ဆက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာ Digital ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးဆိုင်ရာ စျေးကွက် ဖွံ့ဖြိုးလာမှု လမ်းတလျောက်လုံးမှာ ကျနော်တို့ ပါဝင်ခဲ့ ပါတယ်။ Nokia ရဲ့ 4G နည်းပညာနဲ့ ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲခြင်းကိုသုံးပြီး အဆင့်အမြင့်ဆုံး၊ မြန်နှုန်းမြင့် ဒေတာပမာဏများများကို သုံးစွဲသူတွေဆီ ပေးပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း 4G ဝန်ဆောင်မှုကို ပထမဆုံး စတင်မိတ်ဆက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ၀န်ဆောင်မှု မပေးနိုင်သေးတဲ့ နေရာတွေမှာ နောက်ထပ် ကွန်ရက်တွေ ထပ်မံ တိုးချဲ့သွားမှာဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ CEO ဖြစ်သူ Mr.Rene Meza က ပြောပါတယ်။

Nokia အနေနဲ့ အူရီဒူးရဲ့ 3G ကွန်ရက်အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ၀န်ဆောင်မှုကို အိန္ဒိယနိုင်ငံ၊ ချန္နိုင်းမြို့မှာရှိတဲ့ နိုကီရာရဲ့ ကမ္ဘာလုံးဆိုင်ရာ Delivery စင်တာ (ထုတ်လွှတ်မှုဗဟို) နဲ့ မြန်မာနိုင်ငံအတွင်းမှ  ၀န်ဆောင်မှုများ ထောက်ပံ့ ပံ့ပိုးခဲ့ပြီး 4G ကွန်ရက်အတွက် ယခုလို လုပ်ငန်းပိုင်း စီမံခန့်ခွဲမှုဆိုင်ရာ ၀န်ဆောင်မှု ကို တိုးချဲ့လိုက်တာပါ။ ဒါဟာ အူရီဒူးအော်ပရေတာ သုံးစွဲသူ ရ သန်းအတွက် ပိုမိုချောမွေ့တဲ့ ၀န်ဆောင်မှု ဖြစ်စေပြီး ဆက်သွယ်ရေးကွန်ရက် Reporting Structure ကို ပံ့ပိုးပေးနိုင်မယ်လို့ သိရပါတယ်။

“4G ကွန်ရက်ကို စတင်နိုင်ဖို့ အချိန်သတ်မှတ်ချက်က စိန်ခေါ်မှုဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနည်းပညာမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ Nokia ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်ဆောင်ချက်ကြောင့် ၃ လ အတွင်းမှာ LTE ကွန်ရက်ကို ကျနော်တို့ စတင်မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ 4G ဝန်ဆောင်မှုကို ပေးဖို့ လက်ရှိ 2100 MHz ကြိမ်နှုန်းလှိုင်းကို သုံးထားပေမယ့် ကျနော်တို့ရဲ့ LTE ဆိုင်ရာ ဝန်ဆောင်မှု ကျော်ကြားလာတာနဲ့အမျှ 1800 MHz နဲ့ 2600 MHz ကြိမ်နှုန်းလှိုင်းတွေကို လာမယ့် လေလံပွဲတွေမှာ ထပ်မံရင်းနှီးမြှုပ်နှံနိုင်ဖို့ အခွင့်အလမ်းတွေရလာမှာ ဖြစ်ပါတယ်” လို့ အူရီဒူးမြန်မာရဲ့ နည်းပညာနဲ့ အချက်အလက်ဆိုင်ရာ အရာရှိချုပ် Mr.John Farhat က ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading