• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကော်ပီသီချင်း၊ ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် မြန်မာ့ပေါ့ပ်ဂီတ အနာဂတ်

by ဆမ်စတက်ဘဲလ်ဖီး
5 September 2016
in စီးပွားရေး
A A
ယခုနှစ် အစောပိုင်းတွင် ကျင်းပသော စင်တင်ဂီတပွဲတခု / ဧရာဝတီ

ယခုနှစ် အစောပိုင်းတွင် ကျင်းပသော စင်တင်ဂီတပွဲတခု / ဧရာဝတီ

1.6k
VIEWS
Share on FacebookShare on Twitter

အခြားသူဆိုပြီးသား လူကြိုက်များသည့် သီချင်းကို ပြန်လည်သီဆိုခြင်း (cover version ဟု နိုင်ငံတကာတွင်သိကြသည်) မှာ ကမ္ဘာအနှ့ံတွင် အတွေ့များသောကိစ္စဖြစ်သည်။ မြန်မာနိုင်ငံတွင် ကော်ပီသီချင်းဟု သိကြသော အခြားသူ ဆိုပြီးသားသီချင်းအား ပြန်လည်သီဆိုခြင်း အတတ်ပညာမှာ အဆင့်သစ်သို့ မြင့်တက်ခဲ့ပြီးဖြစ်သည်။ နည်းလမ်းတကျ ဖွင့်ဆိုချက်အရဆိုလျှင် မြန်မာနိုင်ငံ၏ ကော်ပီသီချင်းမှာ အခြားသူဆိုပြီးသား သီချင်းပြန်ဆိုခြင်း (cover version) သက်သက်မျှပင် မဟုတ်ဘဲ ၎င်းတို့၏ ပင်ကိုယ် ထူးခြားသော မြန်မာစာသားနှင့် အသံစီစဉ်မှုတို့ကြောင့် အနုပညာအရ ထူးခြားသော ဖန်တီးမှုများဖြစ်သည်။

မြန်မာနိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့်ပတ်သက်သော ဥပဒေမူဘောင်သစ်တခု ပေါ်ပေါက်လာခြင်းနှင့်အတူ ကော်ပီသီချင်း အစဉ်အလာ၏ အနာဂတ်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

RelatedPosts

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
399
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
745
အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
898

ကော်ပီသီချင်းအစဉ်အလာ

“မြန်မာနိုင်ငံ၏ ပေါ့ပ်ဂီတလောက- ဖန်တီးသူများ၊ ဖြန့်ချိသူများနှင့် ဆင်ဆာဖြတ်သူများ” အမည်ရှိ စာအုပ်ကို ရေးသားသူ (Heather MacLachlan) ဟီသာမက်လက်ချ်လန်က “အင်္ဂလိပ်ဘာသာမှ ကျော်ကြားသည့် သီချင်းတပုဒ်၏ တေးသွားများ၊ ဟာမိုနီများနှင့် တင်ဘာများကို တိကျမှု အလျှော့အတင်းနှင့် ကော်ပီကူး ထားသောသီချင်း၊ ကော်ပီသီချင်း၏ စာသားကို မြန်မာဘာသာဖြင့်သာသီဆိုပြီး ထိုစာသားများသည် မူရင်းအင်္ဂလိပ်သီချင်းကို ဘာသာပြန်ထားခြင်းမဟုတ်” ဟု ကော်ပီသီချင်းကို ဖွင့်ဆိုဖော်ပြသည်။

ကော်ပီသီချင်းများမှာ ဂီတနှင့်ဆိုင်သောအပိုင်းကိုသာ ပြန်လည်ကူးယူခြင်းဖြစ်သော်လည်း စာသားများမှာ အသစ်ရေးစပ်ခြင်းဖြစ်ပြီး မူရင်းသီချင်းစာသားနှင့် လုံးဝကွဲပြားသည်။

မြန်မာနိုင်ငံတွင် ကော်ပီသီချင်းဟူသောစကားမှာ ပေါ့ပ်ဝေါဟာရသက်သက်သာဖြစ်ပြီး မြန်မာဂန္တဝင်ဂီတနှင့် လုုံးဝကွဲပြားခြားနားသည်ဟု သတ်မှတ်ထားကြသည်။ များသောအားဖြင့် မြန်မာနိုင်ငံမှ လူများသည် Fusion ပေါင်းစပ်ထားသော အနုပညာ အမျိုးအစားများကို စိတ်မဝင်စားကြဟု ဟီသာမက်လက်ချ်လန်က ထပ်ပြောသည်။ ကော်ပီသီချင်းများတွင် ဖျော်ဖြေသူ၏ ရည်မှန်းချက်မှာ မူရင်းအသံကိုသာ အတိအကျ ပြန်လည်ထုတ်လုပ်ရန်ဖြစ်ပြီး ထို့ကြောင့်ပင် မည်သည့်ဒေသခံအသံမျှ မထည့်ကြပေ။

နိုင်ငံခြားမှ သီချင်းများကို မြန်မာ စာသားဖြင့် ဒေသဟန်ပြုလုပ်ပြီး ထူးခြားစေခြင်းမှာ ကော်ပီသီချင်းအစဉ်အလာ၏ အနှစ်သာရဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာဂီတလောကသည် အပြောင်းအလဲအမျိုးမျိုး ကြံုတွေ့ခဲ့ရပြီး ကော်ပီသီချင်း အစဉ်အလာမှာ ကျဆင်းလာသည်။ ဟီသာမက်လက်ချ်လန်၏အဆိုအရ  ကော်ပီသီချင်းများမှ လမ်းခွဲထွက်ခြင်းမှာ အကြောင်းမျိုးစုံကြောင့် ဖြစ်ကြောင်း သိရသည်။

ဤအပြောင်းအလဲကို အဓိကမောင်းနှင်သောအချက် ၃ ခုရှိသည်ဟု ဟီသာမက်လက်ချ်လန်က မီးမောင်း ထိုးပြသည်။ ၎င်းတို့ကိုယ်ပိုင်မူရင်းသီချင်း ထုတ်လုပ်လိုသော ဂီတမျိုးဆက်သစ်တခု၊  ကော်ပီသီချင်းကို မူအရ မနှစ်မြို့သော ပြည်ပတေးထုတ်လုပ်သူများ၏ သြဇာ၊ မြန်မာဂီတ သမားများသည် ကော်ပီသီချင်းပါသော တေးစီးရီးကို ရောင်းလျှင် သို့မဟုတ် ပွဲတွင်ဖျော်ဖြေလျှင် ဥပဒေအရ အရေးယူလာနိုင်သည်ဟူသောအသိနှင့် ဂီတမူပိုင်ခွင့်ကို ပိုမိုနားလည်လာကြခြင်းတို့ဖြစ်သည်။

ထွန်းသစ်စ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေမူဘောင်

၁၉၁၄ ခုနှစ် မူပိုင်ခွင့်အက်ဥပဒေသည် မြန်မာနိုင်ငံ၏ သီချင်းရေးစပ်ခြင်း အပါအဝင် အနုပညာဖန်တီးမှုများကို ထိန်းချုပ်သော ဥပဒေအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ မြန်မာအစိုးရသည် ဉာဏပစ္စည်း မူပိုင်ခွင့်၏ အခြေခံများ ပါဝင်သော နိုင်ငံတကာသဘောတူညီချက် အများအပြားတွင် အဖွဲ့ဝင်ဖြစ်ပြီး သဘောတရားအရ ပြည်တွင်းပြည်ပ ဉာဏပစ္စည်း မူပိုင်ခွင့်ရှိသူများကို အခြေခံ အဆင့်ဥပဒေ အကာအကွယ်ပေးရန် လိုသော်လည်း ဤဥပဒေတွင် နိုင်ငံခြားမူပိုင်ခွင့်အတွက် မည်သည့် အကာအကွယ်မျှ မပါဝင်ပေ။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ဝင်ရောက်ခဲ့ပြီး ဉာဏပစ္စည်း မူပိုင်ခွင့်များ၏ ကုန်သွယ်ရေး သွင်ပြင်လက္ခဏာများ သဘောတူစာချုပ် (TRIPS) ကို ၁၉၉၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၉၇ တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(Asean) သို့ ဝင်ရောက်ပြီး ၂၀၁၁ တွင်ကမ္ဘာ့ ဉာဏပစ္စည်းအဖွဲ့( WIPO) ၏အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။ ၎င်းတို့ အားလုံးတွင် ဉာဏပစ္စည်း မူပိုင်ခွင့်ကို ဥပဒေအရ အကာအကွယ်ပေးရေး စည်းကမ်းချက်များ ပါဝင်သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့်ပတ်သက်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းသစ်များရေးဆွဲရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက်ို တာဝန်ပေးခဲ့သည်။ လွန်ခဲ့သောနှစ် ဇူလိုင်လက ထိုဝန်ကြီးဌာနသည် ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေမူကြမ်းများကို ထုတ်ပြန်ခဲ့သော်လည်း ယခုတိုင်မူကြမ်း အဆင့်တွင်သာ ရပ်တန့်နေသည်။

“ဥပဒေမူကြမ်းကို လွှတ်တော်တင်ထားပြီးပါပြီ။ လွှတ်တော်တွင်း ဆွေးနွေးမှုအဆင့်ကို အပြင်က မမြင်နိုင်ပါဘူး” ဟု အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာနမှ ဉာဏပစ္စည်း မူပိုင်ခွင့်ကိစ္စများ ဆိုင်ရာ ညွှန်ကြားရေးမှူး Shimpei Yamamoto ရှမ်ပေ ယာမာမိုတိုက လွန်ခဲ့သောနှစ်နှောင်းပိုင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ “ဒီကိစ္စ တိုးတက်မှုနဲ့ပတ်သက်ပြီး ကျနော် အကောင်းမြင်ပါတယ်။ ဂျပန်နိုင်ငံ မူပိုင်ခွင့်မှတ်ပုံတင်ရုံးက ဉာဏပစ္စည်း မူပိုင်ခွင့် ကျွမ်းကျင်သူတဦးက သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနမှာ ရုံးထိုင်ပြီး အဲဒီ မူပိုင်ခွင့်ဥပဒေ အတည်ပြုနိုင်ဖို့၊ မြန်မာနိုင်ငံမှာ ဉာဏပစ္စည်း မူပိုင်ခွင့်ရုံးဖွင့်ဖို့ ကူညီနေပါတယ်” ဟုလည်း ပြောသည်။

အာဆီယံ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဌာနခွဲမှ Jakub Ramocki ယာကွတ် ရမ်မော့ကီးက ခိုင်မာသော ဉာဏပစ္စည်း မူပိုင်ခွင့်အကာအကွယ်များသည် မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံရန် လေ့လာနေသော စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော စဉ်းစားသုံးသပ်မှု ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ဉာဏပစ္စည်း တန်ဖိုးရဲ့ အရေးပါမှုမှာ အခြေခံ တိုးတက်လာတာ တွေ့ရပါတယ်။ ကုမ္ပဏီတွေက များသောအားဖြင့် ဆော့ဖ်ဝဲလ်တို့၊ (in-house databases) ကုမ္ပဏီတွင်း ဒေတာဘေ့တွေ၊ ကုန်အမှတ်တံဆိပ်တွေ၊ ဂုဏ်သတင်းကောင်းတွေ၊ စိတ်စေတနာကောင်းတွေ၊ ပစ္စည်းပေးသွင်းသူ စာရင်း၊ ဖောက်သည်စာရင်း၊ ထုတ်လုပ်နည်း ဖော်မြူလာတွေနဲ့ ထုတ်လုပ်မှု လျှို့ဝှက်ချက်တွေလို ဉာဏပစ္စည်းတွေရဲ့အလားအလာကို သိပ်သဘောမပေါက်ကြဘူး” ဟု သူပြောသည်။

“ဒါတွေအားလုံးဟာ တန်ဖိုးရှိတဲ့ ဉာဏပစ္စည်းတွေဖြစ်ပြီး သူတို့တွေဟာ ကုမ္ပဏီရဲ့ ရုပ်ပုံလွှာကို ဖွဲ့စည်းပြီး ယှဉ်ပြိင်မှုအသာစီးနဲ့ လုပ်ငန်းတခုရဲ့ တန်ဖိုးကို ပေးတာမို့ စနစ်တကျ စီမံခန့်ခွဲသင့်တယ်၊ ခန့်ခွဲနိုင်ရမယ်” ဟု ယာကွတ် ရမ်မော့ကီးက ဆိုသည်။

ရှင်းလင်းပြတ်သားသော ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေများ မရှိသောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားကုမ္ပဏီအချို့ စိတ်မပါကြခြင်းကိုလည်း Herzfeld Rubin Meyer & Rose ဥပဒေအတိုင်ပင်ခံလုပ်ငန်း၏ ရန်ကုန်ရုံးမှ ဦးဆောင်ဒါရိုက်တာ Eric Rose အဲရစ် ရို့စ်က ပြောသည်။

“အစိုးရဌာနအမျိုးမျိုးက နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ပြင်ဆင်ထားတဲ့ မူပိုင်ခွင့်ဥပဒေပြင်ဆင်ခြင်း အပါအဝင် WIPO နဲ့ ညှိုုနှိုင်းထားတဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေကြမ်းတွေကို မြန်မာနိုင်ငံက မပြဌာန်းဘဲနဲ့ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတွေ ဒါမှမဟုတ် သူတို့ရဲ့ ရှေ့နေတွေက မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ကာကွယ်ရေးကို ဥပဒေကြောင်း အရ နိုင်ငံအဝန်း အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေမူကြမ်းကို အတည်ပြုရန် နှောင့်နှေးရခြင်း အကြောင်းများမှာလည်း လုံးဝရှင်းရှင်း လင်းလင်းရှိသည်တော့ မဟုတ်ပေ။ သို့သော် မြန်မာ့စီးပွားရေးအပေါ် ဤဥပဒေကြမ်းက ရိုက်ခတ်လာမည့် ကျယ်ပြန့်သော သက်ရောက်မှုကို ကြည့်၍ ဂရုတစိုက်သုံးသပ်မှုကို ပြုလုပ်သင့်သည်။

မူပိုင်ခွင့်ကို ထောက်ခံသူများ

ခိုင်မာသော ဉာဏပစ္စည်း မူပိုင်ခွင့်ကုိ ထောက်ခံသူများက ဤဥပဒေများသည် ဂီတသမားများနှင့် ဂီတ စီးပွားရေး လုပ်ငန်းမှ အခြားသူများကိုလည်း အကျိုးပြုမည်ဟု ပြောကြသည်။

ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ အရှေ့တောင်အာရှဆိုင်ရာ ဉာဏပစ္စည်း သံမှူး Peter Fowler ပီတာဖောင်လာက “မူပိုင်ခွင့် ဥပဒေသစ်ပြဌာန်းခြင်းဟာ ပန်းချီဆရာတွေ၊ သီချင်းရေးဆရာတွေ၊ ဖျော်ဖြေရေးသမားတွေနဲ့ ဥပဒေနဲ့ ကိုက်ညီတဲ့ စီးပွားရေးပုံစံ ထူထောင်လိုတဲ့ ဂီတစီးပွားရေးလုပ်ငန်းတွေ အားလုံးကို ချက်ချင်း သက်ရောက်မှု ရှိလိမ့်မယ်” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေသစ်သည် ဂီတခိုးကူးခွေ ရောင်းချသူများကို အရေးယူရာတွင် တရားဝင် မူပိုင်ခွင့်ပိုင်ရှင်များနှင့် တရားဥပဒေသမားများ နှစ်ဘက်လုံးအတွက် ပိုမိုခိုင်မာသော ကိရိယာ တခုဖြစ်လာမည်ဟု သူက ကောက်ချက်ချသည်။

MN Associates ဥပဒေအတိုင်ပင်ခံ လုပ်ငန်းမှ ဉာဏပစ္စည်း မူပိုင်ခွင့် ကျွမ်းကျင်သူ ဦးမင်းတေဇာညွန့်တင်က လတ်တလော ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေမူဘောင် အားနည်းနေခြင်းက ဂီတသမားများ၏ အနုပညာဖန်တီးမှုကို ကာကွယ်ရန် အခွင့်အလမ်းမရှိသောကြောင့် ဂီတသမားများအတွက် မကောင်းဟု သဘောတူသည်။

” မြန်မာပြည်တွင်းက အောင်မြင်တဲ့ ဂီတသမား အများအပြားက တကယ့် ကိုယ်ပိုင်မူရင်း သီချင်းတွေ ဖန်တီးတယ်လို့ ကျနော်ကြားရတယ်” ဟု ရှမ်ပေယာမာမိုတိုက ပြောပြီး နိုင်ငံတကာစံနှုန်းမီ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေသည် မြန်မာဂီတသမားတို့အတွက် ဈေးကွက်ကို မြန်မာနို်င်ငံ ပြင်ပသို့ ချဲ့ထွင်ရန် အခွင့်အလမ်းကောင်း တခု ဖြစ်မည်ဟုဆိုသည်။

အမေရိကန် တေးသံသွင်း လုပ်ငန်းအသင်းမှ Neil Turkewitz နီးလ်တာကီဝတ်က ပိုမိုကျယ်ပြန့်သော စီးပွားရေး ဖွံ့ဖြိုးမှုကို စတင်ရန် ယဉ်ကျေးမှုလုပ်ငန်းများတွင် ခိုင်မာသော ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေ မူဘောင်တခု အတွက် အလားအလာရှိသည်ဟု မှတ်ချက်ချပြီး “ထိရောက်တဲ့ မူပိုင်ခွင့်အကာအကွယ်ဟာ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးတယ်၊ အလုပ်အကိုင် ဖန်တီးပေးတယ်၊ ယဉ်ကျေးမှုဆိုင်ရာ ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဏာရေး စေ့ဆော်မှု ဖန်တီးပြီး ယဉ်ကျေးမှုစုံလင်မှုကို အားပေးတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေ မူဘောင်သည် တဖြည်းဖြည်း ပေါ်ပေါက်လာနေသောကြောင့် ဂီတသမားများနှင့် ဂီတလုပ်ငန်းသည် အဓိက စိန်ခေါ်မှုနှစ်ခုနှင့် ရင်ဆိုင်ရမည်ဟု ဖောင်လာက ပြောသည်။ ထိုစိန်ခေါ်မှုနှစ်ခုမှာ ၎င်းတို့၏ ဖန်တီးမှုဉာဏပစ္စည်းအတွက် ဘဏ္ဏာရေးအရ ဆုလဒ်ခံစားနိုင်စေရန် ဝင်ငွေရရှိခြင်းနှင့် ခိုင်မာသော မူပိုင်ခွင့်အကာအကွယ်နှင့် အကောင်အထည်ဖော်မှုသည် မြန်မာနိုင်ငံအတွက်ယဉ်ကျေးမှုအရ၊ စီးပွားရေးအရ မည်သို့ကောင်းမွန်သည်ကို စားသုံးသူများ(သီချင်းနားထောင်ရန်အတွက် ငွေကြေးသိပ်၍ အကုန်အကျ မခံလိုသောသူ) နှင့် အများပြည်သူကို ပညာပေးခြင်းတို့ဖြစ်သည်။

“လူထုအသိအမြင် နိုးကြားရေးနဲ့ ပညာပေးရေးအတွက် အကောင်းဆုံးနည်းလမ်းကတော့ သာမန် စားသုံးသူတွေ၊ ဂီတအသုံးပြုသူတွေဆီအထိရောက်တဲ့ ကျယ်ပြန့်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ဖို့ပါပဲ။ လိုအပ်ရင် ဒီဥပဒေသစ်ကို တမင်မလိုက်နာတဲ့ စီးပွားဖြစ် အကြီးအကျယ် မူပိုင်ခွင့်ချိုးဖောက်တဲ့သူတွေကို တရားဥပဒေချိုးဖောက်မှုနဲ ့ အရေးယူဖို့ပဲ” ဟု ဖောင်လာက ဆက်ပြောသည်။

“သမာသမတ်ကျကျ အသုံးပြုမှု”

အခြားတဘက်တွင်မူ ကျယ်ပြန့်သော ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေများ ဖွ့ံဖြိုးမှုနှင့်အတူ ဖန်တီးဖော်ထုတ်ခြင်း အပေါ် ဖြစ်နိုင်ဖွယ်ရှိသော ဆိုးကျိုးများကို ထောက်ပြပြီး သတိထားဆောင်ရွက်ရန် တိုက်တွန်းသူများလည်း ရှိသည်။

အမေရိကန်တက္ကသိုလ် ဝါရှင်တန်ဥပဒေကောလိပ်မှ ဥပဒေ ပါမောက္ခ ပီတာဂျက်စ်ဇီက ဂီတသမားများနှင် ့တေးရေးဆရာများသည် အလွန်အကျွံ ဖြစ်သော ဉာဏပစ္စည်း မူပိုင်ခွင့်ကြောင့် ထိခိုက်နိုင်ကြောင်း၊ မည်သည့်အသစ်မဆို ရှေ့မှရှိခဲ့သည့်အခြေခံများကို ထည့်သွင်းသောကြောင့် အလွန်အကျွံ မူပိုင်ခွင့်သည် ဖန်တီးမှုသစ်ကို ဝန်ပိစေ၊ အတားအဆီးဖြစ်စေ၊ သရုပ်ပျက်စေကြောင်း ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် မူပိုင်ခွင့်သည် ကျယ်ပြန့်သောစီးပွားရေးအတွင်းသာ အလုပ်လုပ်ပြီး မကြာ ခဏဆိုသလို လူမှုစီးပွားနယ်ပယ်မှ တည်ဆောက်ပုံဆိုင်ရာ အာဏာချိန်ခွင်လျာ ညီမျှမှုများနှင့် မညီမျမှု များကို ထင်ဟပ်လေ့ရှိသည်။ တခါတရံ ဂီတသမားများ၏ အခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်သော ဥပဒေများသည် ဂီတကို ထုတ်လုပ်ဖြန့်ချိသော ဓာတ်ပြားကုမ္ပဏီများကို အနည်းနှင့်အများဆ်ိုသလို ပိုမို အကျိုးရှိစေတတ်သည်။

“လက်တွေ့မှာ ဂီတသမားတွေရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ရဲ့ တကယ့်အကျိုးကျေးဇူးတွေကို ကမ္ဘာ့နေရာ အများစုမှာ ခွဲဝေကြတယ်။ ပြောချင်တာကတော့ အများစုဖြစ်တဲ့ ြခင်္သေ့ဝေစုကိုတော့ ဂီတထုတ်လုပ်ဖန်တီးရာမှာပါတဲ့ အခြားသူတွေနဲ့ စာချုပ်ချုပ်ထားတဲ့ ထုတ်ဝေသူဆီကို ရောက်တာထုံးစံပဲ” ဟု ဂျက်စ်ဇီက ပြောသည်။

“သီချင်းရေးသူတွေ အတွက် တရားမျှတမှုဟာ တကယ့်ရည်မှန်းချက်ဖြစ်ရင် အဲဒီလိုစာချုပ်တွေရဲ့ ပြဌာန်းချက်တွေကို ကန့်သတ်ဖို့ ဒါမှမဟုတ် ထိန်းကွပ်တဲ့ စကားရပ်အချို့ကို ဥပဒေမှာ ထည့်သွင်းတာ ကောင်းတယ်” ဟုသူက ပြောသည်။

TRIP သဘောတူညီချက်တွင် လုံးဝရေငုံနှုတ်ပိတ်နေသော အကြောင်းအရာဖြစ်သည့် အမေရိကန် ပြည်ထောင်စုမှ “သမာသမတ် ကျကျ” အသုံးပြုခြင်း အယူအဆကဲ့သို့ ပိုမိုထိရောက်သည့် အကန့်အသတ်များနှင့် မျှော်မှန်းချက်များပေးသည့် နောက်ဆက်တွဲအကာအကွယ်များကို ခိုင်မာသော မူပိုင်ခွင့်ဥပဒေသစ်များ ရေးဆွဲနေသော နိုင်ငံများအနေဖြင့် ချိန်ညှိုရန် ဖြစ်သည်။ သို့သော် ၎င်းကို ဥပဒေ စဉ်းစားသုံးသပ်ရာတွင် ထည့်သွင်း မစဉ်းစားသင့်ဟု မဆိုလိုကြောင်း ဂျက်စ်ဇီက ပြောသည်။

ခေါင်းနှင့်ပန်း

ကော်ပီသီချင်းလွှမ်းမိုးမှုနှင့် ယှဉ်ကြည့်လျင် မြန်မာနိုင်ငံသည် မူပိုင်ဂီတများကို အသားတင် တင်သွင်းသူ အဖြစ် ယူဆနိုင်သော်လည်း ဒေသတန်ဖိုးလည်း ပေါင်းထည့်ထားကြသည်။ ခိုင်မာသော ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေသစ်များသည် အနုပညာဖော်ထုတ်မှု၏ ဤသို့ထူးခြားသော ပုံစံတခုနှင့် အဆုံးသတ်နိုင်ကြောင်း အဓိပ္ပာယ်သက်ရောက်ဖွယ်ရှိသည်။

ဂီတထုတ်လုပ်မှုအတွက် အခကြေးငွေရရှိရေးဆိုင်ရာ အနုပညာရှင်များ၏ စွမ်းရည်ကို ကာကွယ်ပေးခြင်းနှင့် မူပိုင်ရှင် ခွင့်ပြုချက်မလိုသော အနုပညာ အသုံးပြုခွင့်မှတဆင့် ဖန်တီးမှုနှင့် တီထွင်မှုကို အားပေးခြင်း တို့အကြား မှန်ကန်သော ချိန်ခွင်လျှာကို ရှာဖွေခြင်းမှာ အရေးပါသည်။

“အလုပ်ကောင်းကောင်းဖြစ်တဲ့ မူပိုင်ခွင့်စနစ်တခုဟာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းဖြစ်တဲ့ ထုတ်လုပ်မှုနဲ့ ရယူသုံးစွဲနိုင်မှုကိုပါ အားပေးတယ်။ ဒီစနစ်ဟာ စီးပွားရေးအရ လွတ်မြောက်ရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးကို မောင်းနှင်တဲ့အားတခုပါ” ဟု အမေရိကန် တေးသံသွင်း လုပ်ငန်းအသင်းမှ နီးလ်တာကီဝတ်က ပြောသည်။

“ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေ ပြဌာန်းပြီးတဲ့အခါ ဂီတသမားတွေအတွက်သာမက မြန်မာပြည်သူ အားလုံးအတွက် အကြီးမားဆုံးစိန်ခေါ်မှုက ဉာဏပစ္စည်းမူပိုင်ခွင့်နဲ့ ပတ်သတ်ပြီး အသိနိုးကြားမှု ရှိဖို့ပါပဲ” ဟု အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာနမှ ဉာဏပစ္စည်း မူပိုင်ခွင့်ကိစ္စများဆိုင်ရာ ညွှန်ကြားရေးမှူး ရှမ်ပေ ယာမာမိုတိုက ပြောသည်။

“ဉာဏပစ္စည်းမူပိုင်ခွင့် ဘာလဲဆိုတာ မလေ့လာရင် အဲဒါကို အသုံးမချနိုင်ဘူး။ အဆိုးဆုံး ရင်ဆိုင်ရမှာက ဉာဏပစ္စည်း မူပိုင်ခွင့်ကို မသိဘဲ ချိုးဖောက်မိပြီး ဥပဒေအရ ပြဿနာတွေထဲ ပါသွားနိုင်ပါတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံမှ ဂီတသမားများသည် အဝေးရောက်မြန်မာပရိသတ်များကို ဖျော်ဖြေရန်  ပြည်ပသို့ သွားရောက်သောအခါ ကော်ပီသီချင်းများ၏ အကန့်အသတ်များကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ကြသည် ဟု ဂီတသမား အများအပြားနှင့် တွေ့ဆုံမေးမြန်းခြင်းများတွင် ဟီသာ မက်လက်ချ်လန်က မှတ်တမ်းတင်ထားသည်။

“သူတို့ အမေရိကန်နိုင်ငံကို ရောက်တဲ့အခါ သူတို့ရဲ့ ဘယ်ကော်ပီသီချင်းကိုမှ မဆိုရအောင် ကြိုးစားတယ်။ ဘာလိ့ုလဲဆိုတော့ အမေရိကန်တွေ သူတို့သီချင်းဆိုတာကြားရင် သူတို့ဥပဒေတွေနဲ့ ဒုက္ခရောက်မှာ စိုးတယ်။ ခုထိတော့ ပြဿနာမရှိဘူး၊ ဒါပေမယ့် သူတို့စိတ်ပူကြတယ်” ဟု သူမက ပြောသည်။

မကြာမီ ဤကိစ္စအတွက် ပြည်တွင်း၌လည်း စိုးရိမ်ဖွယ် ရှိနေပါသည်။

(ဆမ်စတက်ဘဲလ်ဖီးသည် အရှေ့တောင်အာရှတွင် နေထိုင်သည်မှာ ဆယ်စုနှစ်တခုနီးပါးရှိပြီဖြစ်ပြီး မြန်မာ နိုင်ငံရေးဘောဂဗေဒနှင် ့ယဉ်ကျေးမှုကို အထူးလေ့လာသူတဦး ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြခဲ့သော Sam Stubblefield ၏  A Song By Any Other Name ကို ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: ကော်ပီသီချင်း
ဆမ်စတက်ဘဲလ်ဖီး

ဆမ်စတက်ဘဲလ်ဖီး

Contributor

Similar Picks:

မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ် / ဧရာဝတီ

ကော်ပီသီချင်းသက် နှစ် ၉ဝ နှင့် ကော်ပီသီချင်းအစ ‘ရွှေနှင်းဆီ’ က

by ကိုရွှေအောင်
11 July 2022
9.9k

မြန်မာကော်ပီသီချင်းအစ ဘယ်တုန်းကပါလိမ့်လို့ လေ့လာကြည့်တော့ စစ်ကြိုခေတ် ၁၉၃၂-၃၃ လောက်ကတည်းက ဖြစ်နေတာတွေ့ရတယ်။

Next Post
ငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် ပုဂံရှေးဟောင်းဒေသမှ စေတီပုထိုးများကို ယူနက်စကိုမှ ပညာရှင်များကလေ့လာကြည့်ရှုနေပုံ / ဂျေပိုင် / ဧရာဝတီ

ပုဂံဒေသ ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းရေး ဆောင်ရွက်ရန် ကျပ်သိန်း ၈၀၀ ပေးအပ်မည်ဟု MTF ပြောဆို

ဧရာဝတီတိုင်းအတွင်း ရေကြီးမှုမြင်ကွင်း / ပြေကျော် / ဧရာဝတီ

ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းရှိ လယ်ဧက ၂ သိန်းကျော်ပျက်စီးခဲ့

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

7 hours ago
4.6k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate